အမြှီးရှိတဲလကကိုငကွငးကားပေါ်က လကကိုငကွငးတစခုမှာ အမြှီးထွကနေတယသူကို ခရီးသညတွေက မတတပရပစီးရငး ကိုငဖို့အတွက အသုးမချကြဘူး ကိုငလို့မရလို့ကျနလကကိုငကွငးအားလုးက ကားသွားရင ခေါငးရမးတယ သူက အမြှီးရမးတယ ခေါငးမရမးဘူး ဒါပေမယ အမြှီးရမးတယကြိုကတဲနေရာကနေကြည အမြှီးဆိုတာ ပေါ်လွငတယသူက လကကိုငတနးမှာ အမြဲတမးကျကစားတဲ အရာမဟုတဘူးဘာကိုမှကိုယစားမပြုတဲ ဟောငးလောငးပေါကတစခုနဲ့သူရဲ့အမြှီးကြောင တစခါတလေစိတအနှောကအယှကဖြစပေမယကားပေါ်က လေတိုးနေတဲနေရာတွေထဲမှာ လဲလျောငးနေတယ သူနေတဲနေရာကို အတိအကျမှနးလို့မရဘူးဒါပေမယ အဲဒါနေရာကို အမြှီးလို့မခေါ်ဘူးအဲဒီမှာ တနးစီနေတဲ ခုတနးတွေ၊ လကကိုငတနးတွေ မြငရမယ သေချာကြညရင ဒီလကကိုငကွငးကိုမမြငရဘူးဆိုတာကို သေချာကြညရင တွေ့ရတယ အမြှီးရှိတယလို့ခေါ်ရတဲ လကကိုငကွငးတိုကချွတရငလညးပြောငလကမှုမရှိ၊ ထိတွေ့မှုသိပခနိုငရညမရှိရဖနရခါ အငွေ့၊ ရဖနရခါ အမှုန၊ ဖြစတညတယဆိုရုသာ ခေါ်ရမယအခြေအနေမှာလညးရှိတယဒါပေမယ အမြှီးရှိတဲလကကိုငကွငးရှိတယ လကတွေ့မမြငနိုငတာလညးဖြစနိုငတယစိတကူးကြညရငမြငတယလို့လဲဆိုပြနတယ ဘယဟာက အမြီးလဲ ခေါငးလဲဆိုတာ သေချာသိတဲသူ ရှာမတွေ့သေးဘူးအများစုက တကလာကြတယ ပြီးတော ပြနဆငးကြတယပြီးတော ထိုငကြတယ ပြီးတောမတတပရပကြတယ ပြီးတော မှားတကတယ ပြီးတောမှားဆငးတယအများစုက ရှိတယဆိုရု သိတယအမြှီးပါတဲလကကိုငကွငးက မမြငရပေမယ ပြုးနေတယဒါပေမယ လကကိုငကွငးလို့မခေါ်ကြဘူးLagaung (27.7.2015)
အမြှီးရှိတဲ့လက်ကိုင်ကွင်း
ကားပေါ်က လက်ကိုင်ကွင်းတစ်ခုမှာ အမြှီးထွက်နေတယ်
သူကို ခရီးသည်တွေက မတ်တပ်ရပ်စီးရင်း ကိုင်ဖို့အတွက် အသုံးမချကြဘူး ကိုင်လို့မရလို့
ကျန်လက်ကိုင်ကွင်းအားလုံးက ကားသွားရင် ခေါင်းရမ်းတယ်
သူက အမြှီးရမ်းတယ် ခေါင်းမရမ်းဘူး ဒါပေမယ့် အမြှီးရမ်းတယ်
ကြိုက်တဲ့နေရာကနေကြည့် အမြှီးဆိုတာ ပေါ်လွင်တယ်
သူက လက်ကိုင်တန်းမှာ အမြဲတမ်းကျက်စားတဲ့ အရာမဟုတ်ဘူး
ဘာကိုမှကိုယ်စားမပြုတဲ့ ဟောင်းလောင်းပေါက်တစ်ခုနဲ့
သူရဲ့အမြှီးကြောင့် တစ်ခါတလေစိတ်အနှောက်အယှက်ဖြစ်ပေမယ့်
ကားပေါ်က လေတိုးနေတဲ့နေရာတွေထဲမှာ လဲလျောင်းနေတယ် သူနေတဲ့
နေရာကို အတိအကျမှန်းလို့မရဘူး
ဒါပေမယ့် အဲဒါနေရာကို အမြှီးလို့မခေါ်ဘူး
အဲဒီမှာ တန်းစီနေတဲ့ ခုံတန်းတွေ၊ လက်ကိုင်တန်းတွေ မြင်ရမယ်
သေချာကြည့်ရင် ဒီလက်ကိုင်ကွင်းကိုမမြင်ရဘူးဆိုတာကို သေချာကြည့်ရင် တွေ့ရတယ်
အမြှီးရှိတယ်လို့ခေါ်ရတဲ့ လက်ကိုင်ကွင်း
တိုက်ချွတ်ရင်လည်းပြောင်လက်မှုမရှိ၊ ထိတွေ့မှုသိပ်ခံနိုင်ရည်မရှိ
ရံဖန်ရံခါ အငွေ့၊ ရံဖန်ရံခါ အမှုန်၊ ဖြစ်တည်တယ်ဆိုရုံသာ ခေါ်ရမယ့်အခြေအနေမှာလည်းရှိတယ်
ဒါပေမယ့် အမြှီးရှိတဲ့လက်ကိုင်ကွင်းရှိတယ် လက်တွေ့မမြင်နိုင်တာလည်းဖြစ်နိုင်တယ်
စိတ်ကူးကြည့်ရင်မြင်တယ်လို့လဲဆိုပြန်တယ်
ဘယ်ဟာက အမြီးလဲ ခေါင်းလဲဆိုတာ သေချာသိတဲ့သူ ရှာမတွေ့သေးဘူး
အများစုက တက်လာကြတယ် ပြီးတော့ ပြန်ဆင်းကြတယ်
ပြီးတော့ ထိုင်ကြတယ် ပြီးတော့မတ်တပ်ရပ်ကြတယ်
ပြီးတော့ မှားတက်တယ် ပြီးတော့မှားဆင်းတယ်
အများစုက ရှိတယ်ဆိုရုံ သိတယ်
အမြှီးပါတဲ့လက်ကိုင်ကွင်းက မမြင်ရပေမယ့် ပြုံးနေတယ်
ဒါပေမယ့် လက်ကိုင်ကွင်းလို့မခေါ်ကြဘူး
၎င်း (27.7.2015)
Tuesday, July 26, 2016
Monday, July 11, 2016
တူရဲ့ခံစားမှုအရောကနေ အထက်ဖော်ပြပါဆီလျော်မှုဒီမှာထိုင်
လှမ်းမြင်ရတဲ့ ထိတွေ့မှုအသံတွေမှန်းဆမထားနိုင်အောင် လှောင်အိမ်ဝီစီသံထဲကအဝီစိဒါကြောင့်
အဲဒီအင်္ကျီဟာ ညဖက်မျက်နှာကျက်ဆီကနေ တဒေါက်ဒေါက်လိမ့်ဆင်းလာတာကားသံအားလုံးဟာ
မဖန်တီးတဲ့ အနုပညာတွေဖြေဖို့ ထထချင်းဘာမှမစဉ်းစားဘူးဒါက သူ့ရဲ့သေချာတဲ့မျက်လုံးတွေ နှစ်ခု
ပေါင်းရင် နှစ်တစ်ရာပါဝင်တဲ့အင်္ဂါနေ့နံနက်ရဲ့ညနေပိုင်းနေထွက်ချိန် ၁၂နာရီအချိန်မှာ စောင်ကကောက်
ခါငင်ကာဖျားရော အဖြစ်ဈဌို့ကျောင့်ဖျဉ်းဖြည်းခြင်း ဣတ္ထိယဝါဒီတွေတောင်မှ ချောက်ချားသွားဒယ်(လက်ကိုင်ပါ)
ပြေးမလွတ်နိုင်ဘူးဆိုတာ အောက်ကပြန်နေတယ်၊ ရှေ့မမောင်းဆက်ဖို့ သူတားကိုတယ်နေဘာကြောင့်
ဒုစရိုက်တိမ်ကနေရုန်းမထွက်နိုင်ရတာလဲ၊ ဒါက ဗီငံမို့လို့လား၊ အပြင်ပန်းသွင်ပြင် ပါဝါရှိပြီးသား အဲဒီ
အရိပ်ရောင်ပုံအမည်းထဲမှာ ကွေ့ပတ်ပြေးနေတဲ့ အာမှဗန်းတွေ ၁ခု ၁ထောင်ဘယ်အရာမှအသေမရှိဘဲနဲ့
မသေနိုင်ဘူးထဲမှာ ရှင်သန်နေတဲ့ ပျောက်ကွယ်သေဆုံးခြင်းဆန်ဆန်စောနက အိတ်ကပ်ထဲမှာ
ဘာလို့စာသားအလွန်တွေလား သုံးစွဲတယ် မျိုချဖို့ ကနေသူနဲ့ဖြစ်တယ် ပန်းအိုးက ဒေါင်းလော့တွေကြောင့်
အရည်ပျော်ကျနေတဲ့ ကုန်လွန်အသိတရားအပြိုင်ယဉ်ကျေးမှု ၅ခုမှာ ချဉ်းကပ်မယ်ဆိုရင် အိပ်ယာဝယ်သလိုပဲ
! ဝ ? ၊ ။ ဠ
လှမ်းအဲမပေါင်းခါပြေးဒုအမဘာအ။
ညာဖက်မျက်လုံးကနေ နောက်ထပ်ညာဖက်မျက်လုံးကိုမြင်တယ်။ ဒါကြောင့် ဘယ်ဖက်မျက်လုံးဖြစ်တယ်
ကျဆင်းသွားတဲ့ ပြင်းထန်သော ရှာနေတဲ့အတွက် အထင်းသားမမြင်နိုင်ဘူးဆိုတာက တတိယမျက်လုံး
တစ်ခါတလေ ပေါ်ထွက်လာဖို့ဆီက အပေါ်အတွင်းပြင်သွင်ရှိကို ဝါပြီးသားပါတယ်
ခုဟာခုကောက်ပါကြောင့်ဒီနဲ့မှာကြောင့်ပဲ
၎င်း(11.7.2016)
Thursday, July 7, 2016
၃-မေထုန်ရာသီ နယုန်လဘွဲ့
၈။ တသိန်းငါးသောင်း၊ စက်ပေါင်းအကုန်၊ မေ
ထုန်ရာသီ၊ တိမ်နီတိမ်ပန်း ဆန်းစလေ။ ။ဒွေးဒဟ
ချီ၁၊ သည်ရာသီတွင်၊ နာရီနှစ်ဖြာ၊ နေ့မှာသုံးဆယ်၊
စွန်းကယ်စတု၊ညဥ့်ဘို့ရှုသော်၊တွက်စုနှစ်ဆယ်၊ခြောက်၂
ဝယ်စွန်းသား၊ ဓာတ်မှာဝါယော၊ ရွက်ကျောနုရှင်၃၊
****(------------------------------------------------)
ဂြိုလ်တနင်လာ၊ကြွသောခါလျှင်၎၊ တာရာအဿ၊ ရံဝန်း
ခ၍၊ ထွန်းပရွှင်လန်း၊ ဥဒေါင်းနန်းလည်း၊ မြန်းရွှေ
စက်ချီ၊ မိဂသီနှင့်၊ တူညီတကွ၊ မွန်းတည့်ကလည်း၊
ဧကဘ၀ါး၊ မိုးသားထစ်ကြူး၊ ကျေးငှက်မြူးသော်၊ ပွင့်ဖူး
ရိုးသွယ်၊ စမ္ပါယ်မုလေး၊ သင်းပျံ့မွှေး၍၊ စည်းဝေး
သင်္ဃာ၊ အရိယာတို့၊ ရွှေစာမေးပွဲ၊ ထိန့်ရိုက်ကြဲမျှ၊ ပုလဲ
သန္တာ၊ နီလာပတ္တမြား၊ မြသားဂေါ်မုတ်၊ ဥဿဘရား၊
ရွှေသားခြယ်လှယ်၊ ဆန်းကြယ်အရောင်၊ တောက်
လောင်ဝင်းဝါ၊ သုဓမ္မာဝယ်၊ သင်္ဃာတော်များ၊ ဟော
ကြားမိန့်မြွက်၊ မေးဖြေလျက်တည့်၊ မြရွက်ရိုးညှာ၊
ကလျာနုနယ်၅၊ ကြင်ဘွယ်အများ၊ သက်တင်သားတို့၊
စုလျားပတ်ရစ်၊ ဆယ်ကျော်နှစ်က၊ အချစ်ကဲမိုး၊ ဆက်
တိုင်းတိုး၍၊ ဆင့်ကြိုးဘုန်းလျှံ၁၊ ရှင်ပင့်ထံဝယ်၊ မောင်
နှံမြွက်ဟ၊ တောင်းဆုသသည်။ ။ဖူးစစမ္ပါယ် ပန်း
နှင့်လေ။ ။နယုန်တည့်စိုရွဲ စာမေးပွဲ။ ။ထုံးဘဲမြကေ
သာ၂။ ။စက်ရာမှာ ခွေယိမ်း ညွှတ်ခါတိမ်း။ ။မသိမ်း
မိ မယ်ကို ၃။ ။ပြုံးချိုမှရယ်ဘဲ အကုန်ချွဲ၎။
****(အာကာပြင်က၊ ကြယ်ဇေဋ္ဌနှင့်၊ တောက်ပရောင်စုံ၊)
၎င်း(7.7.2016)
(ဦးယာ-ဆယ့်နှစ်ရာသီဘွဲ့လူးတားစာအုပ် စာမျက်နှာ ၉-၁၀မှ)
တတိယအကြိမ် ၁၉၆၅-ခု၊ အောက်တိုဘာလထုတ် စာလုံးပေါင်းသတ်ပုံအတိုင်း
၁- ဒွေဒွေအညီ(မ) (ဟ)။ ၂-ခြောက်ဝယ်ကသာ (မ) (ဟ)၊ ခြောက်ဝယ်အသာ
(ဘ)။ ၃-ချောမောကြည်လင် (မ) (ဟ)။ ၄-ကြွသောခါလျှင်၊ ဧကာ ဘ၀ါ
(ဘ)မူတွင် ဤမျှ ရှိသည် စာကျဟန်တူ၏။ ၅-ကလျာနုနယ်(ဘ)။
၁-ဆင့်ဆင့်တိုး၍၊ ရှိခိုးဦးပန် (မ) (ဘ) (ဟ)။ ၂-ထုံး
မြဲမြကေသာ (ဘ)လျော့ရဲဆံကေသာ(မ) (ဘ)။ ၃-ဟန်
ယိမ်းသည့်မယ့်ကို (မ) (ဘ)။ ၄-ပြုံးချိုမှယဉ်ဘဲအကုံချွဲ(ဘ)။
Subscribe to:
Posts (Atom)