Monday, December 10, 2018

ေ၁ွရာသီထဲမှာ




။တကယ်ေ၂ာ့ အဲဒီနေ့က ဖျက်ချခံ၇တဲ့ အသံထဲမှာ ကိတ်မုန့်နဲ့ ချော)လက်တွေကို ကျေးဇူးဆပ်တဲ့
   ကအနေနဲ့ ဒီနေ့အတွက် ကယ်တင်ရှင်ဆန်ဆန် လှပတဲ့ အမှုန်၊ ဌရဲ့ စက္ကူစထဲကနေပေါ့လေ ဖြစ်ဖို့အနေက
ဒီလိုမျိုးတဲ့ အပြာဟာ }ထဲက အိပ်မက်တေ၊ျော်ျော်ကို (ျက်စရာလို့ ထင်ကောင်းထင်ရမယ် ဘာပဲဖြစ်ဖြစ် အခု
လိုမျိုး ၀မ်းပန်း#သာ ခမ်းခမ်းနားနားအမှုဟာ -ုန့်ရဲ့ ရှေ့ဆက်စကား ဏ္ဍတွေကို 3ါပေါ့လို့ အားပါးတရ
ထွက်ပြေးလာခဲ့တ်ယ ၏ရဲ့ ရောက်နှင့်နေတဲ့ ဆာလောင်မှုဟာ မကျန်မှုထဲက နှုတ်ပယ်ထားတဲ့ မသတ်
မှု ဒါ^ ရဲ့ မိခင်ဟာ ယျားဟာ ဆန်မုန့် အစအနရဲ့ > ပါပဲ စဉ်းစားဖို့ ပိုမိုကျန်ရစ်နေတဲ့ အူတိုင်ထဲက
သွားယည်ထဲအ^ူလောင်နေတဲ့ ရောက်ပြောလိုက်ဝတ်အလုပ်ကို ၁ါကတော့ ထိယ်မတ်သော ဓိတ်ထဲက
အဲလိုမျိုး နောက်လည်းဖြစ်အုံးမှာပါပဲ  ပစ္စည်းတွေဝယ်ခြမ်းလာတုန်း
ဒီကနေ့ဟာ မဟာအဂ္ဂသမှာယနေ့ဖြစ်တာနှင့်အညီ အထူးကြေးပေးမည်ဟု သတင်းလွှင့်ကာ ထိုအတောအတွင်းမှာစာတွေ
မပြတ်ရောက်ရှိလာခဲ့ဖို့ ကျောက်သင်ပုန်းက သူလာမှ ပြန်ပေးမည်ဟု ၀တ်ပြုနေလိုက်တယ် သူတို့ဈေးဆိုင်တွေမှာ ၀ရန်တာ မပါ
တာ အထူးအံ့ဝြ စရာဖြစ်ခဲ့တယ် ယိုက်နေဟန်ထားဟာ <အဲဒီအချိန်ကစလို့ ချက်ပြုတ်လှည်းကျင်းဖို့ဖြစ်ခဲ့တယ် ကျသွားလိမ့်မယ်(

၎င်း(2.12.2018)

Thursday, September 20, 2018

Derevaun Seraun!



ဖဲထုပ်ထဲက ဘုရင်မကြီးတွေအတွက် ဆုတောင်းပတ္ထနာပြုလိုက်ကြတယ်။ အဲဒီခေါင်း
ကို လျှပ်စစ်တူနဲ့ ထုရိုက်ပစ်ဖို့ကို လွန်ခဲ့တဲ့ ၁စက္ကန့်က နှစ်ထပ်ထိုင်ခုံပေါ်ကနေ အား
ထုတ်ခဲ့တယ်။ ဘာပဲဖြစ်ဖြစ်နေရောင်ကတော့ သံလိုက်မုန့်ထဲက အိမ်အပေါ်ကို ဖြာကျ
နေတာပဲ။ အင်္ကျီတစ်လုံးရဲ့ အလျားကို ဝေးကွာတဲ့ ကြိုဆိုပါ၏နဲ့ တိုင်းတာဖို့ ရောက်ရှိ
လာတဲ့ ချုပ်ရိုးတစ်လျှောက်က ကြွက်သားဆန်ဆန် အရည်တွေ။ ဒါတွေက မြက်ပင်ရဲ့
ဒဿမမြောက်လေကို တိုက်ခတ်လိုက်လို့ ပျော်ဝင်လာတဲ့ လက်ကိုင်ဖုန်းလိုမျိုး၊ အမှန်
က ဒီလိုပြောရင်ရနိုင်ပေ၄ယ့် လေစင်္ကြာရဲ့ လည်လိုမှုအားကို နာမတော်ရဲ့ သံတိုင်တွေ
နဲ့ မြှောက်ပြီး ရရှိလာတဲ့ ငှားရမ်းခြင်းဆိုင်ရာ တွေးခေါ်မှုတွေလိုမျိုးပေါ့။ အထွေထွေ
ရောင်းဝယ်မှုရောင်ခြည်ရဲ့ အရွက်တွေလည်းရှိနိုင်သလို၊ သာယာလှိမ့်နေသော အမြစ်
တွေရဲ့ အသီးတွေလည်းရှိနိုင်တယ်။ ဘာပဲဖြစ်ဖြစ်ပါ စာသင်ခန်းထဲက ဖျံတွေကို ဘယ်
လိုအသုံးချမယ်ဆိုတာကို တံတားပေါ်သွားနေတဲ့ ဘယ်သူတစ်ဦးတစ်ယောက်က
ရွေ့လျားလူကူးမြင်းကျားဆန်ဆန်အေးမိမှာလဲ။

၎င်း(20.9.2018)

Tuesday, August 7, 2018

Kinetic Poetry Movement 11



Kinetic Poetry Movement 11 


အချိန်​ကာလကို တိုင်းတာသတ်​မှတ်​သော နာရီလက်​တံနှင့်​ဒီဂျစ်​တယ်​ဆိုင်​ရာ ကိန်းဂဏန်းအ​ပြောင်းအလဲများ အပါအဝင်​ ယင်းနှင့်​ဆက်​စပ်​ဖြစ်​​ပေါ်လာမည့်​ Text ကဏ္ဍအသီးသီးကို Kinetic Poetry ကဗျာများ အဖြစ်​သတ်​မှတ်​ပါသည်​။ 

အချိန်​ကာလသည်​ သက်​ရှိများအ​ပေါ် တတိတိတိုက်​စားမှုရှိပြီး၊ ယင်း၏ အကျိုးသက်​​ရောက်​မှုမှာ အဆုံးအစမရှိ​တည်​​ရှိ​နေနိုင်​သော ယန္တယားတစ်​ခုပင်​ဖြစ်​သည်​။ လူသားဘဝရှင်​သန်​မှု​တွေ အချိန်​၏ သဘာဝအရ အကျိုးသက်​​ရောက်​မှုအ​ပေါ်အ​ခြေခံပြီး နိုင်​ငံ​ရေး၊ စီးပွား​ရေး၊ လူမှု​ရေး၊ ယဉ်​​ကျေးမှု စသဖြင့်​ context အသီးသီးတွင်​သီးခြားအကျိုးဆက်​များ၊ ဖြစ်​စဉ်​ဖြစ်​ရပ်​များထပ်​မံ​ပေါ်​ပေါက်​​ကာ သက်​ဝင်​လှုပ်​ရှားမှုဖြစ်​​ပေါ်ရန်​အတွက်​ အ​ကြောင်းရင်းခံတစ်​ရပ်​လည်းဖြစ်​သည်​။ 

စိတ်​ပိုင်းဆိုင်​ရာအရ၊ ရုပ်​ပိုင်းဆိုင်​ရာအရ ကျင်​လည်​လှုပ်​ရှားနိုင်​ရာကွင်းဆက်​တွင်​ ကြီးမား​သော လွှမ်းမိုးမှုရှိနေသော အချိန်​ပြနာရီလက်​တံနှင့်​ကိန်းဂဏန်း​ပြောင်းလဲမှု Text များ၊ ယင်းပြောင်းလဲနေသော ခွင်အတွင်း လူ၏ ကံသုံးပါးအမှုများမှ Text များ၊ ​ပြောင်းလဲမှုအချိန်တာနှင့် ကံအမှုများ၏ ဆက်စပ်ပြောင်းလဲမှုဖြစ်စဉ်၏ Text များ အားလုံးကို Kinetic Poetry များအဖြစ် သတ်မှတ်လိုက်ပါသည်။ 

ငုအိမ်​ထက်​မြက်​၊ ၎င်း (7.8.2018)

Friday, August 3, 2018

Kinetic Poetry Movement 10



Kinetic Poetry Movement 10
---------------------------------------------
စိတ်ကို Kinetic Poetry ကဗျာတစ်ပုဒ်အဖြစ် သတ်မှတ်သည်။

စိတ်မှာ ကာယဝစီလှိုင်းများကြောင့်ဘောင်ဘင်ခတ်မှု၊ အရောင်များတစ်ခုနှင့်တစ်ခုကူးပြောင်းသွားမှု၊ ချောက်နက်ထဲမှ ကောင်းကင်ပြာများ၊ ကောင်းကင်ပြာပြာကြီးထဲမှချောက်နက်နက်များ၊ ဝင်္ကဘာဆန်ဆန်ခြေလှမ်းများကို  ကိုယ်စိတ်နှစ်ပါး ပြေလျော့စွာဖြင့်၊ အနည်းဆုံး timing ဖြင့် လိုက်ပါဖို့နိုင်ဖို့ရည်ရွယ်ပါသည်။

စိတ်သည် ဘယ်လောက်ပဲကြီးကျယ်သည်ဖြစ်စေ၊ သေးကွေးသည်ဖြစ်စေ၊ စိတ်သဘောသဘာဝဖြစ်စဉ်၏ system အတွင်းမှာပင် လည်ပတ်သွားလာနေကြရသည်။ ယင်း system ၏ထိန်းချုပ်မှုထဲသာ ကန့်သတ်လှုပ်ရှားနေကြရသည်။ ထို့ကြောင့် system အတွင်းကပင် အချိန်နှင့် အမျှဖြစ်ပေါ် ပြောင်းလဲနေသည့် စိတ်အခြေအနေများကို Kinetic Poetryကဗျာတစ်ပုဒ်အဖြစ်ဖတ်ရှုစေလိုပါသည်။


ဖတ်ရှုရင်း ပျော်ရွှင်စွာဖြင့်ပင်
ဒီsystemကြီးအတွင်းက
ထွက်ပေါက်တွေ့လွတ်မြောက်ကြပါစို့

မင်းမျိုးအောင်စံ

Wednesday, April 11, 2018

ကိယွပိ-ဂွကိယွ


၁ရိဂသတို့သည် လေ့အထအသူရိများသူစ်တစုံစုခုည်သခြင်င်ဆတနငှ့် ကင်ျနာကှုမိုစစြေ်ဖ ငေ့်ကြာ့ခ့နငိရှိုင်
၂တပ်ပငကါပင် ညွီတ်စိာနသဒသနကိုခံက်လားထသူကိုစ်ဖြည်သ က်အထပါယု့ည်ြကချစ်ဖြည်သ ပအယာလီ
၃ျပျပ္စစည္သဆိုရမွာာ တြေ့ေသက္လက သြပံပသာကိုလအေတ္ခိန္ထိးသြမ္းကိပ္ကိဲရေး န္တခိုးကႀီး ာမးသော
၄သဘာရေးယ့ဳၾည္ကက္ခ် အကံဳႀအ တွပေ့်ရျ မားင်တွသြာ ဇမ်းလွှသောခဲ့ ငြ့်ဖရှိနောက်ဉ်စားစးင်ြခးည်သင်ပ
၅ဖြအစ်ပျအက်စ်ခုတလုံး၏ ပြုပ်လက်ျခမှာ၍ပြု  လပ်ုက်ချကိုတ်စိက်ြကိလွှဲပြောင်းည့်ကြင်းခြရဲ့သိအင်းတွလို
၆အတျအတရှိားရက-ို နဆ်းစ္စ်ာထးတဲ့လော့လသှုမပြု  င်ခြားသစ်ြဖညသ် ယိနာမါးငါပးမတှင့်ဆာသိသိုနင်ညမ့်
၇န်ဖင်းဆင်ရှအအစအစယူမှာ ကားစလုံးည်သရှိည်သ ယမာနိကီြး  ညသ်န်ဖီးတက်ချာမားသစဖြ် ညသ်
၈ခယုပစ္စုပန်ပခ်ေတထအိအပနုာည ဒ္နဿ မကသာ၍င်ပ၊ ခ့ာစးက်ချမ်းလွှိုးမာလညသ် မွမွအတ္တပု့ဖော်င်ခြ
ကိုရားတယိုအြွ   င်းက အန့်ကတ်သျားမယို ပဂပဂပဂပဂပဂပဂပဂပဂပဂပဂပဂပဂပဂပဂပဂပဂပဂ
က်တွ့ဝန်ေဖက်ချရအ တ်မှဏ်ဥင်ဆင် -ိုာရန်ဆးစစ်က်ချှာမ ဆလိုညသ်မှာအပိ မျာေကင်ြ င်ခး


ှးု
ူ င့်္ွ
ီ ဓ ွ ၷ
ၱ ႔ ~
​​ `
ၷ ၼ ၥ
ၸ ါ ၵ


့ ့ ့
၎(၁၁.၄.၂၀၁၈)

Tuesday, March 20, 2018

သေဆုံးခြင်း


Dead man walking ဆိုသည်မှာ
နာမည်ကျော် ရုပ်ရှင်ကားတစ်ကားဖြစ်ပြီး ကွန်စတင်တင်ရီလီအူအတွက်တော့
ယင်းရုပ်ရှင်အမည်အတိုင်းဖြစ်နေပြီဟုဆိုနိုင်သည်။

အကြောင်းမှာ ရိုမေနီးယားနိုင်ငံသားတစ်ဦးဖြစ်သည့်
၎င်းသည်
ဇနီးသည်၏စနက်ကြောင့် မိခင်နိုင်ငံတွင် သေစာရင်းအသွင်းခံထားရ၍ သက်ရှိထင်ရှားရှိနေသေးကြောင်း
ကိုယ်တိုင်သွားရောက်ပြသခဲ့သော်လည်း သက်ဆိုင်ရာတို့က သေစာရင်းမှ ပယ်ဖျက်ပေးရန် ငြင်းဆန်ခဲ့ခြင်းကြောင့်ဖြစ်သည်။

ယခု အသက်(63) နှစ်ရှိ ကွန်စတန်တင်သည် ရိုမေးနီးယားမှနေ၍ တူရကီသို့သွားရောက်ခဲ့ပြီး
ထမင်းချက်တစ်ဦးအဖြစ် နှစ်၂၀ကျော် အသက်မွေးခဲ့သည်။ ထို့နောက်
တူရကီမှ နှင်ထုတ်ခံရပြီး
မိခင်နိုင်ငံသို့ ပြန်ရောက်လာချိန်တွင်
ကျန်ရစ်ခဲ့သည့် ဇနီးဖြစ်သူက
ကွန်စတန်တင်ကို သေဆုံးသူအဖြစ်
စာရင်းသွင်းမှတ်ပုံတင်ခဲ့ကာ
အီတလီသို့ပြောင်းရွှေ့သွားကြောင်း သိခဲ့ရသည်။

ကွန်စတင်က
၎င်းသည်
အသက်ရှင်လျက်ရှိနေသဖြင့် သေစာရင်းသွင်းထားခြင်းအား
ပယ်ဖျက်ပေးရန် တရားဝင်လျှောက်ထားခဲ့သော်လည်း နောက်ဆုံးတွင် ရုံးတော်က
လျှောက်ထားချက်ကို ငြင်းပယ်ခံခဲ့ရသည်။

ရိုမေးနီးယားအရှေ့မြောက်ပိုင်း ဗာ့စ်လူအီမြို့ တရားရုံးက ၂၀၁၆ခုနှစ်တွင် ဇနီးဖြစ်သူက
မှတ်ပုံတင်ခဲ့သည့် ကွန်စတန်တင်၏ သေစာရင်းအား ပယ်ဖျက်ပေးရန် ကိုယ်တိုင်လျှောက်
ထားမှုသည် အလွန်ပင်နောက်ကျနေကြောင်း အကြောင်းပြလျက် ပယ်ဖျက်ပေးရန် ငြင်းဆန်
ခဲ့ခြင်းဖြစ်သည်။

ကျွန်တော်ဟာ ရှင်လျက်နဲ့ သေနေတဲ့ တစ္ဆေတစ်ကောင်ဖြစ်နေပြီ
ကျွန်တော်အခု ၀င်ငွေမရှိဘူး။
သန်းခေါင်စာရင်းမပါတော့ ဘာအလုပ်မှလုပ်မရဘူး ဟု သူကပြောသည်။
၎င်း၏
ဇနီးသည် ရိုမေးနီးယားတွင် ကွန်စတန်တင်ကို သေစာရင်းသွင်းပြီးနောက်
အီတလီသို့ထွက်ခွာသွားခဲ့သည်။
၎င်းတို့
အဆက်ပြတ်သွားခဲ့ပြီးဇနီးသည်က
၎င်းကို
ကွာရှင်းထားခြင်းရှိ၊ မရှိ
ဇနီးသည် နောက်အိမ်ထောင်ထူထောင်ထားခြင်းရှိ၊ မရှိလည်း
မသိကြောင်း ကွန်စတန်တင်က ပြောဆိုသည်။

၎င်းက
၁၉၉၂ခုနှစ်တွင် အလုပ်လုပ်ရန်တူရကီသို့ ပထမအကြိမ်ထွက်ခွာခဲ့ပြီး
၁၉၉၅ခုနှစ်တွင် ရိုမေးနီးယားသို့ ပြန်လည်ရောက်ရှိခဲ့စဉ်
ဇနီးသည်၏ သစ္စာမဲ့မှုကြောင့် တုန်လှုပ်ခဲ့ကာ ၁၉၉၉ခုနှစ်တွင် တူရကီသို့ ပြန်လည်
ထွက်ခွာခဲ့ကြောင်း၊ ပြီးခဲ့သည့် နှစ်က တူရကီ အာဏာပိုင်များက
၎င်းကို
ဗီဇာရက်လွန်မှုဖြင့် ဖမ်းဆီးကာ ၂၀၁၈ခုနှစ်၊ ဇန်န၀ါရီတွင်
ရိုမေးနီးယားသို့ ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း ပြောဆိုခဲ့သည်။

ရိုမေးနီးယားသို့ ပြန်လည်ရောက်ရှိစဉ်က
လေယာဉ်ဆိပ်တွင် နာရီအတန်ကြာ စုံစမ်းမေးမြန်းခံရပြီး
လေဆိပ်က ကွန်စတန်တင်ကို
၎င်းအဖြစ်
အသိအမှတ်ပြုသော်လည်း သေစာရင်းသွင်းထားသည့် ဒေသဆိုင်ရာအာဏာပိုင်များကမူ
သေစာရင်းကို ပယ်ဖျက်ပေးရန် ငြင်းဆန်နေခြင်းဖြစ်သည်။
မိမိသည် မသေဘဲ ရှင်သန်နေ၍ သေစာရင်းဖျက်၍ ရှင်စာရင်းပြန်ထည့်ပေးရန်
ထပ်မံတရားရင်ဆိုင်လိုသော်လည်း ဆီးချိုရောဂါပါခံစားနေရသည့်
၎င်းတွင်
ငွေမရှိတော့သဖြင့် ပိုမိုခက်ခဲနေကြောင်း ကွန်စတန်တင်က ပြောဆိုသည်။

ရိုမေးနီးယားတွင် သေလူဖြစ်နေပြီး
တူရကီသို့လည်း ပြန်ဝင်ခွင့်ပိတ်ပင်ခံထားရသည်ဖြစ်ရာ
တူရကီသမ္မတ အာဒိုဂမ်ထံ အသနားခံစာတင်၍
တူရကီသို့သာပြန်သွားလိုကြောင်းလည်း
၎င်းက
ဖွင့်ဟခဲ့သည်။

၎င်း(၂၀.၃.၂၀၁၈)
Ref: Myanmar Time Daily
Ref: AP
အတွဲ ၂၊ အမှတ် (၆၇)၊ ၁၃၇၉ခုနှစ်၊ တန်ခူးလဆန်း ၄ရက်၊ အင်္ဂါနေ့ (၂၀.၃.၂၀၁၈)

Tuesday, March 6, 2018

လပျက်​စီးပုံ ​လေ့လာချက်



ပိုင်​မုန့်​တစ်​ခုလိုဖြစ်​​တည်​နေခဲ့တဲ့ အင်္ဂါဂြိုလ်​​ဘေးက ကမ္ဘာရဲ့
အစာသွပ်​ဧရိယာမှာ ​မောင်းဆုံတစ်​ခုရဲ့လည်​ပတ်​မှုလိုပိုင်​မုန့်
အဲဒီအရိပ်​ထဲမှာ အနုမာန​တွေးဆချက်​အရ ဘာမှမဟုတ်​ခြင်
းက ဘာမှမဟုတ်​ခြင်းထက်​ပိုပြီး ဘာမှမဟုတ်​တာပဲဆိုသလို
လက်​သည်းရှိခြင်း​ကြောင့်​ လဟာပျက်​စီးခဲ့တယ်​ တကယ်က
ပျက်​စီးခဲ့တာကလွဲလို့ ဖျက်​သိမ်းခဲ့တာမဟုတ်​ဘူးမှတ်​လား
ဟုတ်​တယ်​ ဘယ်​သူပိုင်​တဲ့ လမှန်းမသိတာကို အရင်​​ဖြေရှင်း
ဖို့လိုတယ်​ မျက်​စိ​ထောင့်​ထဲက ထိုးထွက်​လာတဲ့လနဲ့ လမ်း
ပေါ်က လအကြား ဘယ်​လိုကွဲပြား​နေတာလဲ ဒီလိုယူဆချက်
က ​ရှေးနှစ်​ သန်း ၃၀၀ မှာ အ​ကြောက်​တရားရဲ့ တည်​မီ
သတ်​မှတ်​ရာဖြစ်​စဉ်​ရဲ့ အကွာအ​ဝေးကို ကတ္တား​နဲ့ချိန်​ညှိရ
သလိုပဲ ဖြစ်​ခဲ့တယ်​ ဒီလိုယူဆချက်​က ​ကြေးနီပိုပါသွားတဲ့
လနဲ့ ဆိုဒီယမ်​​လျော့သွားတဲ့လအကြား ဆား​ပေါ့​နေတဲ့ လ
တွေရဲ့ခြားနားချက်​ပါပဲ ဘယ်​နှစ်​လမှာ ဘယ်​လိုအဓိပ္ပါယ်​ရှိ
တယ်​ဆိုတာ ဘယ်​သူသိနိုင်​မှာလဲ အမှုန်​အမွှားအခဲကျိုး​တွေ
က လ​တွေပဲလား အပူချိန်​ ၂၀၀၀ နဲ့ ၅၀၀၀ ကြားက လ
ကောင်း​ကောင်းတစ်​ခုရဲ့ စံနှုန်းလိုမျိုး တြိဂံဇုံ​ဗေဒဟာ လရဲ့
ပျော်​ရွှင်​မှုအ​နေအထားကိုဖြစ်​​စေတယ်​ ဒီယူဆချက်​က လ
တွေအကြားမှာ အလက်​ခံဆုံးအယူအဆဖြစ်​​ကောင်းဖြစ်​နိုင်
ပါတယ်​ သင်​တို့ရဲ့ ဂြိုလ်​ပတ်​​တွေရဲ့ အဆုံး လထပ်​ရက်​​တွေ
ရဲ့ အစွန်​ထဲမှာ လကုန်​ကုန်​သွားတာကို မြင်​​တွေ့ရမယ်​ အ
ငွေ့ပျံ​ပျောက်​ဆုံးမှု​တွေနဲ့အတူ ဖွဲ့စည်းတည်​​ဆောက်​မှုပုံသ
ဏ္ဍာန်​အရ ကြွက်​နို့တစ်​ခုရဲ့ မျက်​နှာပြင်​လိုမျိုး မျက်​နှာဟာ
မျက်​နှာတစ်​ခုရဲ့ပြယုဒ်​နဲ့ ​ဝေဆာ​နေတာမျိုး အဲဒီအပျက်
အစီးပုံ​တွေကြားက လအ​ငွေ့​တွေ

၎င်း (6.3.2018)

Thursday, January 18, 2018

မီးဖိုချောင်ထဲက အိမ်ဘယ်​နှစ်​လုံးရှိလဲ



ခက်တာက အဲဒီအခန်းထဲမှာ ၀င်လိုက်တယ်ဆိုတာကို အခန်းကသိမနေတာပဲ။ ဆိုဖာက အိပ်မက်တစ်ခုနီးနီးဖြစ်တယ်ပဲထားအုံးတော့ ကြမ်းပြင်ပေါ်က အိမ်တွင်းစိုက် အုန်းပင်လိုလိုခြေထောက်တွေဖြစ်လာတာ။ အားလုံးကို တစ်စုတစ်စည်းတည်း ဘယ်လိုခေါ်မလဲလို့ ကြိုစဉ်းစားဖူးလား။ တကယ်တမ်းက အသက်ရှုသွင်းမှုနဲ့ရှုထုတ်မှုကြားမှာ ဖြစ်ပေါ်လာတဲ့ မြင်သိစိတ်ကို မီးဖိုချောင်ကနေ လှမ်းမမြင်နိုင်တာပဲ။ ကြမ်းတိုက်ဝတ်ပေါ်မှာ ရယ်သံတွေကို လိုက်ကောက်ရဖို့ မျှော်လင့်ကြည့်ပေါ့။ တစ်စုံတစ်ခုကတော့ တစ်နေရာရာမှာ ရှိနေစမြဲပါ။ အဲဒီနောက်က ဒီဆိုင်အကြောင်းကို သတိရဖို့အတွက် နေ့ဟာညဖြစ်လာပြီ၊ စာအုပ်စင်နဲ့ပတ်သက်တာမှန်သမျှက ဓားအဖြစ်နဲ့ ခြောက်လတာကာလအတွင်း ရှေ့နေခေါ်ပြီးတိုင်ပင်ချေပြီ။ ဒါကလည်း စနေနေ့မို့ဖြစ်ရိုးဖြစ်စဉ်လို့ လေးခုမြောက်ကမ္ဘာမှာ သတ်မှတ်ချင် သတ်မှတ်ကြည့်လိုက် အခြားနေရာမှာ ပြောင်းရွေ့နေထိုင်ခြင်းဟာ အိမ်ရဲ့အရိပ်ထဲကို တိုးဝင်ဖို့ကြိုးစားခြင်းပါပဲလို့ တောက်ပထိန်လင်းနေ အောင် အမှောင်တစ်ခုကို ချိတ်ဆွဲထားလို့ရတာပဲလေ။ ထိခိုက်ရှလွယ်ဖြစ်တဲ့ သံဇကာပေါက်တွေကနေ အကြိမ်ကြိမ်ဝင်ရောက်ဖို့ကြိုးစား နေတဲ့ ဖုံးဖိခံထားရသောအဆုံးအမဲ့လေပြေတွေကို ဟင်းရွက်လှီးသလို ခပ်လွယ်လွယ်မှန်ဘောင်သွင်း ချိတ်ဆွဲထားလိုက်တယ်။ လက်နှစ် ဖက်ရဲ့ ရွေ့လျားမှုမြူရိပ်ဆန်ဆန်အခိုးအငွေ့တွေထဲမှာပေါ့။ သေချာတာက ဦးခေါင်းပိုင်းဆန်တဲ့ ဧည့်ခန်းထဲကို နေ့လည်စာတွေအပြည့် အသိပ်ထည့်သွင်းဖို့၊ အစပိုင်းမှာ စိတ်ရှည်စွာနဲ့ တစ်နွေလုံးကို ၀န်းရံထားတဲ့၊ အဲဒီလိုဖြစ်လာမယ်ဆိုရင်လည်း ဘယ်တော့မှပြန်တွေ့ရမှာ မဟုတ်ဘူးလို့ ဖြစ်မလာခဲ့ဘူး။ ပွဲတော်ချိန်ကနီးလာပြီ ခွေးခြေပေါ်က စိတ်ကူးသက်သက်ဟာ စကားကပြတ်တောင်းပြတ်တောင်းပဲ၊ သိအောင်ချပြပြန်တော့လည်း ရုတ်တရက်ကြီးပျော်လာဖို့က အတွေးရဲ့ နှစ်ပိုင်းတစ်ပိုင်းတိတိကိုဆိုတာကိုဘာသာပြန်မိရဲ့လားမသိဘူး။ အတက်သုံးလှေကားနဲ့အဆင်းသုံးလှေကားရဲ့ ကွာခြားချက်ကို သိလား။ ထပ်ခိုးက ကျပ်ခိုးဆီကို တစ်ရက်ဘယ်နှစ်ကြိမ်လောက်ရောက်ဖူး လဲ။ အဲဒီခြောက်ထပ်ခြေထောက်တွေက အားလုံးဟာရူးနှမ်းနှမ်းအလှည့်ဖျားခံ စားပွဲခုံဒေါက်တွေလို့ တစ်ခါတရံအဖြစ်အပျက်တွေကို အကြိမ်ကြိမ်တစ်ဆက်တည်းနီးပါးဖြတ်ကျော်ရအုံးမှာ ဒါဟာ နှစ်ပါးသွားစင်တော်ကောက်ခံရတာပဲ။ အခန်းကသိတယ်ပဲဆိုပါစို့၊ အမြစ်ဆန် တဲ့ သေတမ်းစာမှာ ဘာကတိက၀တ်တွေထားပြီး ဟောဒီကော်ဇောအောက်ထဲမှာ ပုန်းခိုနေမှာလဲ။ အားလုံးဟာ ကြမ်းတစ်ပြေးတည်းပါပဲ။ ဒါပေမယ့် အဲဒီကြမ်းတစ်ခုတည်းနဲ့မပြီးပြည့်စုံနိုင်ဘူးဆိုတာ လှည့်လည်ပြောင်းရွေ့နေနိုင်ဖို့ သော့ပေါက်ရဲ့ခါယမ်းလှသော ငယ်ဘ၀ထဲမှာ၊ စာကြည့်ခန်းနဲ့ပတ်သက်တာမှန်သမျှကို၊ မရေရာတဲ့ မျက်နှာကြက်ပေါ်မှာ ကပ်တွယ်နေကောင်းနေနိုင်ပေမယ့်၊ အဲဒီစင်ရဲ့အောက် ထောက်တိုင်ရဲ့အပြင်ဘက် သေချာခြင်းရဲ့အလယ်ဗဟို တစ်ခုတည်းသောရှိနေခြင်းရဲ့အစွန်းမှာ ထုတ်တန်းဟာ အသက်အရွယ်ကြီးရင့်နေ တဲ့ အိမ်တစ်လုံးသာသာ မှန်ကူကွက်ရဲ့ပင့်ကူမျှင်အခန်းဖွဲ့မှာ ဘယ်အရာကိုဖုံးကွယ်ထားခြင်းမျိုးလဲ။ ဘယ်အရာကို ကန့်သတ်ထားချင် တာလဲဆိုတာ သေချာသိပါရဲ့လား။ ခက်တာက အဲဒါကလည်း လာမယ့် တနင်္လာနေ့မှာ အုတ်ဖိနပ်တိုင်ကနေတစ်ဆင့် တွားတွားတက် လာမယ့် သေခြင်းတရားလိုပါပဲ။ လင်းထိန်တောက်ပဖို့ ခဏခဏတွေ့နေလည်း သိလိုလျက်နဲ့ဘာကို တည်ဆောက်ခံအဖြစ်နဲ့ ပုံရှို့မလဲ။ အရှိတရားထဲက ထာဝရပျောက်ကွယ်သွားခြင်းနဲ့ သောက်ရေအိုးစင်ကရွတ်ခွေပေါ်မှာ စံပယ်နေတဲ့ ဝေးကွာခြင်းဆိုတာမျိုးကို ပုဏ္ဍားကွယ် ကနေကြည့်ရင် ဘယ်လိုအဓိပ္ပာယ်မျိုးထွက်လာနိုင်လဲ။ မမြင်ရမသိရသူရဲ့သင်္ကေတဟာ အ၀င်အထွက်လုပ်နိုင်တဲ့အရာတစ်ခုရဲ့ ဘယ် အလွှာမှာ စက်ဖြစ်လာလိမ့်မလဲ။ ပန်းတိုင်မရှိတဲ့ အ၀တ်ကြိုးတန်းပေါ်မှာလား။ အဲဒါကိုပဲ အတိတ်လို့ အခြားအသံတွေကို ရောနှောပစ် လိုက်ဖို့ ရောက်ရှိလာတဲ့ကုထုံးတွေကြား မျက်လုံးဆန်တဲ့ တံခါးပတ္တာရဲ့ဝက်အူမှာ စားတယ်။ အဆုံးအစမဲ့ ဌာပနာမုန့်တစ်ခုထဲမှာ ဖက် ဆစ်ဆိုတာလည်းမရှိတော့တဲ့ သန္ဓေကို မီးပလက်ခုံပေါ်မှာ အဖွင့်အပိတ်ကောင်းကောင်းလုပ်နိုင်အောင် တည်ဆောက်ခံရတဲ့ ကြယ်သီး ပုစ္ဆာပုံရိပ်တုအရိပ်ဖြစ်နိုင်တာပဲ။ ခေါင်မိုးရဲ့ရေခွံဟာ ဆည်းဆာရဲ့နောက်ဆုံးအစလွတ်လပ်ခွင့်ဆိုတာတန်ဖိုးရှိသလဲ။ ကြက်မွေးတစ်ခုရဲ့ လုပ်ဆောင်မှုနှုန်းနဲ့ အမည်နာမတပ်ပြီးသား တီဗီစင်ဒေါက်အောက်မှာ အားလုံးကိုဖွင့်ထားဖို့ တချွင်ချွင်မြည်လျက်ရှိတဲ့ ပြောင်းလဲခြင်းတစ် သက်တာ၊ ဒါက အလိုလျောက်ဖြေကြားတတ်တဲ့ ဗီရိုအယောင်ဆောင် ဒြပ်သားတစ်ခု၊ ပေါင်းဖက်ဖို့လျာထားခံရတဲ့ ပရိုဂရမ်ထဲ အချိန်ဆို တာဟာ အသံချဲ့စက်တစ်ခုရဲ့ ခွဲခြားမှု၊ အဖွင့်သမားဟာ ကန့်သတ်ချက်တွေထဲမှာ ဘယ်စနစ်ဘောင်ထဲရှိနေလဲ။

၎င်း(18.1.2018)

Tuesday, January 16, 2018

ရွှေသောင်ယံကမ်းခြေတွင် ဝေလငါးကြီးအသေတွေ့ရှိ



ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့နယ်ကမ်းခြေ၌ ဇန်န၀ါရီလ ၁၂ရက်နေ့
မွန်းလွဲမနက်ပိုင်း ၅နာရီဝန်းကျင်မကျတကျ ၄နာရီအချိန်တွင် ဝေလငါးအသေတစ်ကောင်တွေ့
ကြောင်း ပြန်ကြားရေးက သတင်းထုတ်ပြန်ချက်အရသိရသည်။
အမည်မဖော်လိုတဲ့ ဒေသခံပျော်ရာပျော်ကြောင်းရဲ့ပြောကြားချက်အရ သက်ဆိုင်ရာဒေသအုပ်ချုပ်ရေးမှူးထံ
အကြောင်းကြားပြီး ဝေလငါးအသေကို စစ်ဆေးကြည့်ရှုရာ ဒေသ၏မင်္ဂလာအချိန်ထက် ၅စက္ကန့်စော
၍လာရောက်သေဆုံးခြင်းဖြစ်ကြောင်း၊ ဝေလငါး၏ လိင်မှာ လိင်ပြောင်းထားခြင်းတွေ့ရှိရပြီး သူ့တွင်
အိမ်ထောင်ဖက်ရှိမရှိကိုလည်း ဆက်လက်စုံစမ်းသွားပြီး ဆွေမျိုးများထံအသိပေးအကြောင်းကြားမည်
ဟု တာဝန်ရှိသူများမှပြောကြားသွားကြောင်း တစ်ဆင့်ခံနီးစပ်ရာလူများ၏ပြောကြားချက်အရ ခန့်မှန်း
ကြားသိလိုက်ရသည်။
ဝေလငါး၏အရှည်မှာ တိုက်ထွာချက်အရ ၁ပေ၊ ၂ပေ၊ ၃ပေ၊ ၄ပေ၊ ၅ပေ၊ ၆ပေ၊ ၇ပေ၊ ၈ပေ၊ ၉ပေ၊ ၁၀ပေ၊
၁၁ပေ၊ ၁၂ပေ၊ ၁၃ပေ၊ ၁၄ပေ၊ ၁၅ပေ၊ ၁၆ပေ၊ ၁၇ပေ၊ ၁၈ပေ၊ ၁၉ပေ၊ ၂၀ပေရှိပြီး လုံးပတ်မှာ အသက် ၂၀
ဝန်းကျင်ရှိကျွန်းပင်လုံးပတ်နှင့်အတူတူဖြစ်ကြောင်း၊ ဆူးတောင်မှာ အုန်းလက်များ၏ အရွယ်အစားကဲ့သို့ မ
တိမ်းမယိမ်းဖြစ်ကြောင်း အမြီးအရှည်မှာ ၁မိနစ်အတွင်း တိုင်းထွာ၍ရရှိသောကြောင့် ခန့်မှန်းပိဿာမှာ အချိန်
အားဖြင့် ၉နာရီခန့်ရှိမည်ဖြစ်ကြောင်းသိရသည်။
“ဒီနေ့မနက်ပိုင်း ကျွန်တော်မျက်ခုံးတွေလှုပ်နေတယ်။ အဲဒါနဲ့ ကမ်းခြေဖက်ကိုသွားချင်စိတ်ပေါက်လာရော၊
အဲဒီနေ့က မိုးမရွာဘူး။ ဖြစ်ချင်တော့ လေတော့တိုက်တယ်။ ဒါဟာ တစ်ခုခုသော နိမိတ်ကိုဆောင်တာလဲ
ဖြစ်နိုင်တယ်။ ပထမတော့ ငါးရံ့လေးတွေသေနေတာတွေ့တယ်။ မိကျောင်းလက်ချက်ကြောင့်လည်းဖြစ်နိုင်
တာပဲလို့ သူကတွေးတယ်။ ကျွန်တော်က မဖြစ်နိုင်ဘူးလို့ ကိုယ့်ကိုကိုယ်အော်ပြောလိုက်တယ်။ အဲဒါကြောင့်
ထင်တယ်။ ရုတ်တရက်ဆိုသလို ၀ုန်းခနဲဆို ဝေလငါးက စက်ရပ်ပြီးသေဆုံးသွားတာပဲ။ မီးခိုးတွေမွှန်နေတာ
ကြောင့် အသက်ရှုတောင်ရပ်မတတ်ဖြစ်သွားသေးတယ်”ဟု ဒေသခံတစ်ဦးဖြစ်သူ ဦးကလေးက ပြောသည်။
အဆိုပါ ဝေလငါး၏ သေဆုံးရခြင်းအတွက် ဒေသခံများမှ စိုးရိမ်မကင်းဖြစ်နေကြပြီး နောက်ဆက်တွဲဖြစ်ပေါ်
လာမည့် ရလဒ်များကိုစောင့်ကြည့်သွားရမည်ဖြစ်ကြောင်း၊ မလွဲမသွေဖြစ်ပေါ်လာနိုင်သည့် အခြေအနေများ
မှာ ဟဲမင်းဝေး၏ ၀တ္ထုထဲမှာ ဇာတ်ကောင်ဖြစ်သည့် ငါးကြီးမှာ ယင်းဝတ္ထုထဲမှ ထာဝရပျောက်ဆုံးသွားနိုင်ကြောင်း၊
မိုဗီဒစ်ဝတ္ထုမှာလည်း ဂန္တ၀င်စာရင်းမှ အလိုလျောက်ပျောက်ကွယ်သွားနိုင်ကြောင်း၊ ငါးအသေးများဖြစ်သည့် ငါးပြေ
မများမှာလည်း မှန်ကန်သောအတွေးအခေါ်မျိုးမပြည့်စုံခြင်းများဖြစ်လာနိုင်ကြောင်း၊ အင်္ဂါဂြိုလ်နှင့်မားလ်ဂြိုလ်တို့၏
ကွာခြားချက်များမှာလည်း တဖြည်းဖြည်းလျော့နည်းလာပြီး လူတို့၏ ဇာတာများမှာ တစ်သားတည်းဖြစ်လာနိုင်
ကြောင်း၊ ပြောမဆုံးပေါင်တောသုံးထောင်မှာလည်း ပြောမဆုံးပေါင်တောနှစ်ထောင်သို့ တစ်ထောင်တိတိလျော့
နည်း၍ ပြောဆိုရသည့် အခြေအနေသို့စိုက်ရောက်နိုင်ကြောင်း တိရိစ္ဆာန်ဗေဒလေ့လာစောင့်ကြည့်ရေးအဖွဲ့မှ
ထုတ်ပြန်ထားသည်။
“ကျွန်တော်တို့အတွက် စိုးရိမ်စရာအခြေအနေဖြစ်လာနိုင်ပါတယ်။ တံတားပေါ်မှာ သောင်တင်နေတဲ့ ငါးတွေတောင်
ဖြစ်လာနိုင်တယ်။ အကြံပေးချင်တာက ကိုယ့်ကိုကိုယ်အော်မပြောဖို့၊ ကိုယ်မြင်နေရတာတွေကို ပြန်မကြည့်ဖို့နဲ့
ကိုယ့်ရဲ့အရိပ်ကိုကောင်းကောင်းစောင့်ရှောက်နေဖို့တွေလိုတယ်”ဟု သူငယ်တန်းကျောင်းသားတစ်ဦးကသုံးသပ်
အကြံပြုသည်။
အဆိုပါ ဝေလငါးအသေကောင်ကို လောင်တ္တီကျူ ၈၉၈၆၉ ဒသမ ၈၆၇၅၇နှင့် လတ္တီကျူ ၉၈ ဒသမ ၇၆၉ပ၈၇အ၇၆အ
တွင် သွားရောက်မြှုပ်နှံပါက ကံတိုးကံမြင့်လာစေနိုင်ကြောင်း၊ ငါးအရိုးကို လည်ချောင်းသွေးများဖြင့် ရစ်ပတ်ပူဇော်ခြင်း
များပြုလုပ်ကာ အိပ်ယာထဲတွင် ဖက်အိပ်ခြင်းများပြုလုပ်ရန်လိုကြောင်း၊ ငါးခေါင်းမှ သွားတချို့ကို ဆောင်ထားရန်လို
အပ်ကြောင်း ဘေးအိမ်မှ ကလေးတစ်ဦးကပြောသည်။

၎င်း(16.1.2018)