Wednesday, October 23, 2019
မနက်ခင်းကျိုးပြတ်မှုကို တိုက်ခိုက်ခဲ့သလို၏ တစ်ခုတည်းသော ကျော်ဖြတ်မှု
ကာထားသည့် အကွယ်ကြားက အချိန်သည် ခရီးသွားနေသော ခရီး၏အဆုံးက စိတ်ကူးယဉ်ဒြပ်ထုတစ်ခု
အဖြစ် အားလုံးမှာလဲ အိပ်မက်၏ ၇ ခုမြောက်အလွှာက အာရုံခံစားမှုကို ပိုင်ဆိုင်ထားသလို အတိုင်းတစ်ခု
ဖြစ်သည် ဒီလိုမျိုး တွေးကြည့်မည်ဆိုလျှင်တော့ သစ်ပင်၏ သစ်ပင်ဟာ စကားသံတွေကြား ပုံမှန်မြန်နှုန်း
ထက် ကျော်လွန်သော တောက်ပမှု တစ်စက္ကန့်ဆီသွားလာနေကြသည့် အဓိက မေးခွန်းတစ်ရပ်အဖြစ်သာ
မှန်တစ်ချပ်၏ ပြောင်းပြန်အလုံပိတ်နေသော အချိန်ကွေးညွှတ်မှုရဲ့ တစ်ထောင်မြောက် အလင်းစက်တစ်ခု
သာဖြစ်သည် အဲဒီပတ်လမ်းထဲက ဖန်တီးလိုက်သည့် အလင်းတန်းတစ်ခုသည် တစ်နေ့နေ့တစ်ချိန်ချိန်တွင်
တော့ အံ့သြစရာသာမန်အရာတစ်ခုအဖြစ်သို့ ကြုံတွေ့ပြီးသား တားမြစ်သဘာဝတရားကြီး၏ ဇာတာသာ
ဖြစ်သလိုမျိုး တစ်စုံတစ်ဦးမျှမသိသည့် အရာတွေထဲက ကြိုးပမ်းတိုင်း နည်းလမ်းဟာ ၀ိရောဓိများအဖြစ်
စဉ်ဆက်မပြတ်သက်ဆိုင်သည့် မည်သူမျှအနှုတ်သဘောဆောင်ဒြပ်သားတွေ၏ အလွန်က လျှောက်လမ်း
နေမိသော အရေပြားများထဲမှ အိပ်မက်များ၏ မြင်နိုင်သော ဘာလဲကို မြစ်အသွင်အဖြစ် ပိုင်ဆိုင်သမျှကို
သဘာဝအလျောက် တစ်ခုတည်းသော အလွန်ရှည်လျားသည့်
၎င်း (၂၃.၁၀.၂၀၁၉)
Subscribe to:
Posts (Atom)