Monday, February 3, 2020

Bewusstseinslage

Bewusstseinslage

ဇီ၀ကမ္မအခြေခံအပေါ်တည်ရှိခဲ့သော ဟိုတယ်တစ်ခု၏ အခန်းသည် တစ်ကိုယ်တည်း စကားပြောနေ၏ ကြွက်သားများ၏ အာရုံနှိုးဆွမှုမှ တစ်ဆင့် ပထမအကြိမ်ကျိုးပေါက်လာခဲ့သော စဉ်းစားမှုများသည် လေအဟုန်ကဲ့ သို့ အတားအဆီးမဲ့ သီအိုရီတစ်ခုကိုမျှဆုပ်ကိုင်ထားခြင်းမရှိပေ ၁၉၀၉ ခုနှစ်တွင် ကုန်ဆုံးသွားခဲ့သော ကျေးရွာများ သည် စကားလုံးအဆက်အစပ်အကြားတွင် အမွေဆက်ခံသူအဖြစ် တိုက်ရိုက်အတွေ့အကြုံကိုသာ လေ့လာခဲ့သည် တချို့သော ကတ်ပြားနှင့် မီးခိုးရင့်ရောင် အသိတရားများသည် သွယ်ဆက်ရန် ကြိုးပမ်းနေသည့် နူးညံ့သော မြို့ တစ်မြို့၏ အပုတ်နံ့များအကြားတွင် ပျစ်ပျစ်နှစ်နှစ် အိပ်စက်နေသော သဘာ၀စားကျက်မြေကဲ့သို့ ထင်မှတ်နေကြ ၏ ပြောချင်သေးသော အကြောင်းအရာများသည် ပိတ်သိမ်းသွားခဲ့သော ဒီနေ့မှ စတင်ကာ အပြင်တွင် လွတ်နေ တုန်း ခရီးလွန်းသွားနေကြသည် တစ်ရံတစ်ခါသော အချိန်သည် ထင်းရူးရွက်ချွန်ချွန်များတလျှောက်ရှင်သန် နေသော ငေးမောကြည့်နေခြင်းများအဖြစ် သေဆုံးသွားကြသည် ဗျပ်စောင်းသည် အလိုလျောက်နားထောင်မည့် သူမရှိသည့်တိုင် မန်းမှုတ်နေပေး၏ ပိတ်ထားသောအခန်းများ၏ မှောင်ရိပ်သည် သုံးကြိမ်မြောက်တွင် ရယ်သံများ ၏ ပြောင်းစေ့များထက်ပင် ပို၍‌ဝေးကွာစွာဖြင့် ပျော်ပွဲစားထွက်သူကြီးဖြစ်သည် မကျေနပ်ဖွယ်များရှိသည့်တိုင် ရှေး ရိုးစဉ်လာတို့သည်ပင်လျှင် အကြွင်းမဲ့ဖြစ်သော အရာတို့ထက်ပင် နောက်ထပ်ဘာများတွေ့နိုင်ဉီးမည့် အပြုအမူမဲ့မှု ဆိုင်ရာ အခွင့်အရေးများနှင့် အဆုံးအစမဲ့လေဟာနယ်ထဲသို့

၎င်း (၃.၂.၂၀၂၀)