----
နှစ်ရာစုတစ်စုသည် လူသူမရှိပဲ ဖြတ်သန်းခဲ့၏။ အိပ်မက် သည် တစ်စုံတစ်ဦးကို မြင်မက်မှုမရှိသည်မှာ စားပွဲပေါ်မှ မတ်ခွက်များကြောင့်ဖြစ်သည်။ ညနေခင်းများအပြည့် သယ်ပိုးထားသည့် တိတ်ဆိတ်ခြင်းများအတွင်း နက်ပြာရောင် ကဏန်း ၂ များ တောက်ပနေသည်ကို မည်သည့် စာအုပ်ကမျှ သတိမမူမိကြချေ။ စောင့်ဆိုင်းနေသည့် အနီရောင်အလင်းများကို မြိုချခဲ့ပြီး လိမ့်ကျခဲ့သော မြင်နေမှုများကဲ့သို့ပင်။ ပက်လက်အိပ်ပျော်နေသော အချိန်များကို နောက်ပြန်လှည့်မည်ဆိုလျှင် နေ့၏ အမှောင်များထဲအတွင်း ပျောက်ဆုံးသွားနိုင်ဖွယ်ရာ အသံမဲ့မှုကောင်းကောင်းတစ်ခု အသွင်ဆောင်နိုင်သည်။ တစ်တစ်ခုထက်ပိုသော တစ်ခုတစ်ခု၏ မလုပ်ဆောင်နိုင်သည့် ကွယ်ပျောက်မှုအယောင်ဆောင်ကာ နေလူလေးရေထဲလက်ဆောင်လက်ခံခြင်းသာသုံးကလေးကစားစရာစက်ရုံအလုပ်သမားအခွင့်အရေးရုံးသုံးအမှတ်အသားစာအုပ်တစ်အုပ်၏ သေင်္ကတစ်ခု ဖြစ်ခဲ့သလိုမျိုးပင်။ အိပ်စက်မှုမရှိသော ည၏ အနံ့မှတစ်ဆင့် လိုအပ်မှုဖြစ်တန်စွမ်းကို ဤရာခိုင်နှုန်းအထိ ကလေးများ၏ သားသမီးများဖြစ်လာကြပေသည်။ အလင်းရောင်အောက်တွင် မြင်နိုင်စွမ်းမရှိသော စူးရှမှုသည်ပင်လျှင် လင်းလျက်ပင်မရှိခဲ့၏။ ၁၉၇ ခုနှစ်မှ ရေများသည် သို့မဟုတ် ကားမှတ်တိုင်တွင်းမှ အသိတရားများသို့ လျင်မြန်မှုမဲ့ သေးခြင်းတရားများပင်ဖြစ်သည်။ လူသား၏ အပြုအမူနှင့် မရှိမဖြစ်အစိတ်အပိုင်းများသည်ပင်လျှင် ပုံဖျက်တတ်သည့် သဘောသဘာ၀အားဖြင့် နောက်ဆုံးသောနှစ်မှ အဆိုပါပြင်းထန်သည့် ပါဝါများနှင့် အစွန်းရောက်အနက်ပြန်မှုဖြင့် ပုံသွင်းထားတတ်ပေ၏။ အရှိတရားဖြင့် ဖုံးအုပ်ခြင်းခံထားရသည့် မီးခိုးငွေ့များကို မြိုချကာ ကွဲပြားစွာ စားသုံးကြသကဲ့သို့ အထက်အောက်ဖိစီးထားခံရသည့် အဆိုပါတိတ်ခွေအနက်ပြန်မှုကို လက်သည်းခွံအတွင်း မျှောချလိုက်၏။ ထိုနည်းတူစွာ အသံတစ်ခု၏ အလင်းသည် အရှိတရားတစ်ခုအတွင်း မည်သို့အလုပ်လုပ်နေပုံကို အလုံအလောက်များပြားစွာနည်းပါးနေသည့် ကိုယ်တိုင်အတွင်းသို့။ လုံလောက်သည့်မြက်ပင်များ၏ ဆန္ဒလွန်ပြတင်းတံခါးအပြင်ဘက်မှ စည်းရိုးသည် တစ်စက္ကန့်စောင်ခြုံထားခြင်းဖြင့် ကျင့်သုံးမှုတစ်ခုဖြစ်လာခဲ့ပြီး ချုံဟင်းလင်းပြင်မှ ခိုက်ရန်မုဒိတာသာဖြစ်ခဲ့ပေသည်။ အကယ်၍ ဿကို ူ ဖြင့်မသုံးတတ်ပါက တစ်ခန်းရပ်ပြဇာတ်များမှ လေထုအတွင်းလွင့်ပါးနေသော သတ္တုများ၏ အလုပ်လုပ်ခြင်းသာ မဖြစ်ပေ။ ထိုမှတစ်ဆင့် တိုက်ခတ်နေသော ၉များဖြင့်သာ အေးစက်နေတတ်သကဲ့သို့ ပန်းသီးဆယ်လုံးအတွင်း မောင်းနှင်လျက်ရှိသော အဆုံးအစမဲ့ ထိန်းချုပ်မှုများအပေါ်မှ ဆင့်ကဲပြောင်းလဲလျက်ရှိသည့် အလျော့အတင်းများပင်။ ခ်ေပါ့သည် ခုဲးများဖြင့် ၌ထားခြင်းဖြစ်ခဲ့သလို
၎င်း (3-5.7.2020)