မျက်လုံးတစ်လုံး ဒါထက်ပိုသိနေတဲ့ မျက်လုံး ဘယ်ကညာသွားတဲ့ပုံသဏ္ဍာန်
မဖြစ်တာပဲကောင်းလား ရှေ့/နောက်/အပေါ်/အောက် အသေအချာပဲမျက်လုံး
မျက်လုံးတစ်လုံးရဲ့မြစ်ဖျားခံရာမှာ ဒါပေမယ့် သိလို့/ခံစားလို့ရတယ်ရဲ့ဆက်သွယ်ရာ
ဖက်ရှင်အဓိပ္ပါယ်ပြန်ဆိုမှု အဖြစ်နဲ့အပျက်ကြားက မျက်လုံး
အ၀ါရောင်ကြိုးတန်းပေါ်လျှောက်ဖို့ ခြေလှမ်းပြင်လိုက်သလို
ဆံပင်မွှေးတစ်ချောင်းကအစ
နိစ္စဓူဝ အပြုမှုများအပေါ် ဆန်းသစ်တီထွင်မှုများ
သင်က ညနေမှာ ဘာပြုလုပ်မှာလဲ
ဆေးလိပ်မသောက်ရ အခွင့်မရှိမ၀င်ရ
ဝင်ခွင့်မပြု ဖွင့်သည်
ရေးပေါ်ထွက်ပေါက် ပိတ်သည်
သတိပြု သတင်းစုံစမ်းရေးဋ္ဌာန
ထိုင်ခုံဦးထားသည် အမျိုးသားများ(သာ)
ထိုင်ခုံလွတ် အမျိုးသမီးများ(သာ)
အန္တရာယ် စက်ပျက်နေသည်
အ၀င်ဝ ဓါတ်အားများသည်
ထွက်ပေါက် မီးသတိပြု
ဓါတ်ပုံမရိုက်ရ
စစ်တောင်းမြစ်သည် ၁၈၆မိုင်ရှည်လျားသည်။ အနည်အနှစ်ကျ
ရောက်မှုကြောင့် ရေတိမ်သည် သင်္ဘောများမသွားလာနိုင်ချေ
သစ်မျှောရန်သာ အသုံးဝင်သည် မြစ်ဝသည်ကျယ်၍အတွင်းဘ
က်သည် ကျဉ်းမြောင်းသွားသောကြောင့် ဒီရေအတက်အကျအ
လွန်မြန်သည်
လက်ချောင်းတစ်ချောင်းရဲ့အိပ်မက်တွေကို
ခွဲစိတ်ဖို့။ သူတို့ရဲ့လက်ချောင်းတွေလှုပ်ရှားမှုဇာစ်မြစ်
အမွှေးညှင်းပေါက်တွေအပါမှတ်တမ်းတင်သလို။
လက်သည်းတွေကုတ်ခြစ်ရာပါတဲ့ လေထုထဲက
၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀
ကြွက်သားတွေရဲ့
ထောက်ကန်လှုပ်ရှားမှု အိပ်မက်တွေ၊ အပေါင်းလက္ခဏာက အနုတ်သဘော
ဆောင်တဲ့ သင်္ကေတလို။
လက်သည်းရာတစ်ခုလည်းဖြစ်နိုင်သလို၊ ညီမျှချင်းအဓိပ္ပါယ်လည်းသ
က်ရောက်တဲ့ အထက်ပါ
အရိုးတစ်ချောင်းမှာ၊ လက်အုပ်ချီတဲ့ပုံစံလုပ်လိုက်တယ်
ဒါကအိပ်မက်
မဟုတ်ဘူးလား ဟုတ်သလားတော့
အသေအချာမသိဘူး ဒါပေမယ့် တံတောင်ဆစ်ကအချိုးအ
ကွ့လေးမှာ ကွက်လပ်တွေဟာ စကားလုံးတွေအယောင်ဆောင်လို့
၎င်း(2013)
No comments:
Post a Comment