Thursday, December 25, 2014

(အခန်း-၁) အဘိဓာန်တစ်ကောင်၏ထွက်ဆိုချက်



စနစ်မကျ လုံးဝဖြစ်၍ပြည့်စုံလှသော၊ အခြားသူများအတွက်ဂရုမပြုသော၊ ပုံပြဇယားဆွဲစက္ကူတွေ
တစ်လျှောက် အမိုးဝိုင်းရှိသောလိပ်ခုံးပုံအဆောက်အအုံအတွင်း အိမ်အမိုးတွင်ဖောက်ထားသည့် မတ်တပ်ရပ်ပြတင်း
ပေါက်နားကနေ အရေးပါပါမြစ်ရေကြောတစ်လျှောက် လှူဒါန်းခြင်း ဆင်ခြင်ဥာဏ်ပြည့်စုံသောနှုတ်ခမ်းမွှေး။
သင်ဟာ အင်္ကျီအ၀တ်အစားတွေ ဘယ်လောက်ပဲစိုရွှဲနေပါစေ။  စိုက်ထုတ်ကုန်ကျထားတဲ့အရာတွေကို ဟိုမှ
သည်မှ လှည့်လည်သွားလာခြင်းမပြုရ။ ပြောင်မြောက်တဲ့ရှပ်ပြေး။ ကယ်လိုရီတွေ လက်လီရောင်းချခဲ့
သမျှ ပြန်လည်ပြောပြ။ နှစ်ထပ်ကိန်းရင်းကို အသေးမစိတ်ပဲ ခြုံငုံကြည့်ခြင်း၊ သုံးချောင်းထောက်ဖိုခနောက်။
အကုန်လုံးကိုမေ့လျော့ထားရမယ်။ ထင်မြင်မှု၊ ၀ါရင့်လာတဲ့ထင်ရူးပင်တစ်မျိုး၊ အိပ်ချင်မူးတူးဖြစ်နေတာ
မြူမှုန်တွေထင်ကျန်တဲ့နောက် သင့်မြတ်စွာဝတ္ထုတစ်ပုဒ်ကိုဖတ်နေတယ်ဆိုတာကိုပါ။ မကွဲမရှဖြစ်စေရန်
ကြားခံကာကွယ်ပေးထားသောပစ္စည်း ရုပ်ထု။ ဘယ်အခါမဆို အသင့်ဖြစ်နေရသော လန့်နိုးမှု။ စိတ်ကို
ငြိမ်သက်ကြည်လင်သွားအောင်ပြုလုပ်သောရေမွှေးနံ့ဖြစ်သည်။ မာရ်နတ်တွေ တစ်နေ့တစ်ခြားကြီးပြင်းလာခဲ့
တယ်။ မာရ်နတ်ဆိုတာ။ ကိုင်တွယ်ဖြေရှင်းဖို့ လက်ကိုဝှေ့ယမ်းပြတဲ့ “တာပင်တိုင်” ။ လက်ကိုမြှောက်
၍ နာရီအနက်ဝိုင်းဝိုင်းလေး။ အထုပ်၏ ပုံသဏ္ဍာန်နှင့်အရွယ်အစားကိုကြည့်ရုံနဲ့ ဘာလဲဆိုတာသိနိုင်ခြင်း။
အနက်ရောင်မဲပြောင်ပြောင် ကျီးကန်း။ ၅၀၀စီစီပုလင်းထဲဝင်ရောက်ပိတ်ဆို့မယ့် မန်ကျည်းစေ့။ သခွတ်ပွင့်
၏ အလယ်မှဝတ်ဆံတိုင်များကို။ ဖယ်ရှားခြင်း။ ဗျတ်ဆိုင်းကိုဖြစ်စေ။ မန်နီအော်ဒါစာရွက်များ။
မျက်လုံးများက အမြဲလိုလိုနီရဲလျက်ပင်။ ဂမ္ဘီရဆန်တဲ့ သတ္တုကိုယ်ထည်ထက်က အမြဲတမ်းပြုံးရယ်
လျက်။ Autism တွေ ဖြစ်စေချင်သည့်စာအိတ်ကြီးကမ်းလင့်လိုက်သည့် စတော်ဘယ်ရီအိုက်(စ်)ခရင်မဟုတ်
သင်္ကေတတွေ။ ဖြစ်ချင်တဲ့ရည်ရွယ်ချက်၊ ရည်မှန်းချက်။ အရောင်မှိန်မှိန် လစဉ်ဝယ်ယူဖတ်ရှုတဲ့
ခန္ဓာအတွင်း၌ မသိစိတ်ကိန်းဝပ်မှု။ ဘယ်သူမှမူးနေကြသဖြင့် အိမ်မပြန်ရဲကြ အားလုံးခေါင်းမဖော်နိုင်
အောင်။ ဥပါဒါန်တွေ ဘတ်(စ်)ကားအလာကို တန်းမစီဘဲစောင့်မျှော်နေကြသည်။ ကော်ဖီနှင့်သူတို့အား
ခင်မင်မှုဖြင့်လက်ထပ်လိုက်သည်။ ငြီးငွေ့နေမှုဟု မြင်နေရတဲ့လေပေါ်မှာ ပျံဝဲပြီးတစ်စက်စက်ထုံထိုင်း
မောင်းနှင်သည့် ပလ္လင်ကိုဓါတ်ခွဲခန်းစမ်းသပ်ခန်းထဲက အတိုကောက်ခေါ်အဝေါ်အဖြစ် ခေတ္တသတ်မှတ်
ကြပါစို့။  ဇာ၊ တုန်းပိုးလုံး၊ ပါပီ၊ ကွန်၊ စလတ်၊ မဲမဲ၊ ဆေးပြား၊ တိတ်၊ အီကွီတီ။ ထိုထက်ပို၍
သင်ကြိုက်ရာစကားလုံးတစ်ခုရွေးချယ်သတ်မှတ်နိုင်၍ ပြီးလျှင်ရှေ့ဆက်သွားနိုင်ပြီ။ ရူးဆိုးကတော့
ဘ၀မှစိတ်ပျော်ရွှင်မှုရရှိစေရန် အချက်သုံးချက်နှင့်ပြည့်စုံရမည်ဟု မိန့်ဆိုခဲ့ဖူးပါသည်။ ဘဏ်စာရင်းတွင်
ငွေများများရှိရန်၊ ထမင်းချက်ကောင်းကောင်းရှိရန်၊ အစာကြေလွယ်ရန်။
ဘာမှမမြင်နိုင်သေးတာကို။ လမ်းလျှောက်တတ်ခါစ ကလေးငယ်လိုလမ်းလျှောက်။
မြင်မြင်တွေ့သမျှကို ကသိုဏ်းပဲမှတ်။ ဇာတ်ရန်တစ်ကွက်ကို ကွက်ကျော်ရိုက် ရောက်လာ
တယ်။ အဖြေတစ်ခုအတွက် မမေးနဲ့။ ဤသို့ဖြင့် ကျီးပေါင်ခွေများကို သူတို့ကောင်းစွာတပ်ဆင်
ခဲ့ပြီးပါပြီ။ ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်လျှင် ရှင်းလင်းသော အဖြူထည်သက်သက်ကောင်း
ကင်ကြီးကို မြင်ရမယ်။ တိမ်ထူနေသောကြောင့်။ အလင်းရောင်ပေးစွမ်းသော သဘာဝနေမင်းကြီးကိုမတွေ့။
အဖြူပြင်ကြီးတစ်ခုလို တိမ်တွေနဲ့ပြည်နှက်နေတယ်။ ဒီပြတင်းပေါက် လေးထောင့်မြင်ကွင်းထဲမှတော့
နည်းနည်းညိုနေတဲ့ တိမ်အပိုင်းအစလေးတွေကိုပါတွေ့နေရတယ်။ ငြိမ်သက်နေတဲ့မြင်ကွင်းကနေတစ်ခါတစ်ခါ
ဖြတ်သန်းသွားတဲ့ စာကလေးတွေကိုဖြတ်ခနဲမြင်နိုင်၏။ စာကလေးတွေ ကျလိ၊ ကျလိနဲ့အော်မြည်နေတာကို
ကြားနိုင်တယ်။ ဟိုဒီလျှောက်ပျံလွှားနေပြီး ပျော်မြူးနေကြတဲ့ ငှက်ကလေးတွေ။ အစာတွေကိုလွတ်လပ်စွာ
ရှာဖွေစားသောက်နေကြ။ ထွက်ပြေးတာ ပြတင်းပေါက်ရဲ့အထက်နားမှာ လိုက်ကာတပ်ဖို့ရည်ရွယ်ထားတဲ့ သွပ်နန်းကြိုး၊ ကြိုးတန်း
လေးကိုပါ မြင်ကွင်းထဲထည့်မြင်နေရတယ်။ တစ်ခါတရံ ကြိုးတန်းမှာ လိုက်ကာတပ်ထားရင် အပြင်မြင်ကွင်း
ကို ကာကွယ်လို့။ လေတိုးလာရင် တဖြည်းဖြည်းမြောက်တက်လေ့ရှိတဲ့ လိုက်ကာပေါ့။ အကယ်၍ ပြတင်းပေါက်
ဖွင့်ထားခဲ့ရင်။ မိုးရွာသွန်းတဲ့နေ့တွေဆို တံခါးပိတ်ထားရတယ်။ မြင့်မားတဲ့ ကောင်းကင်ယံမှ ကြွေကျ
လာတဲ့ မိုးစက်တွေဟာ အရှိန်အဟုန်ပြင်းစွာနဲ့ မြေပြင်ပေါ်သို့ ဆင်းသက်လာကြပြီ။ အထိန်းအကွပ်မဲ့စွာနဲ့
မနားတမ်းကြဆင်းလာတဲ့။ မိုးစက်တွေဟာ။ မိုးစက်ပေါင်းများစွာဟာ။ နေရာမလပ်မဟာပထ၀ီမြေကြီး
အတွင်းစိမ့်ဝင်သွားခဲ့ပေါ့။ များပြားလာပြီး ပြည့်လျှံလာတဲ့မိုးစက်တွေဟာ ရေတွေဖြစ်ကုန်တယ်။
ရေတွေဟာ မြေကြီးအောက်ထဲတိုးနိုင်သမျှ ၀င်ရောက်နေထိုင်ကြသည်။ ရေတွေဟာ။ တချို့ဆို
နိမ့်ရာမှမြင့်ရာသို့ စီးဆင်းသွားပြီး။ တချို့ဆိုသက်မဲ့တစ်ခုလို သိမ်းဆည်းတယ်။ ရေတွေဟာ ချောင်းတွေ
ဖြစ်လာပြီး။ ချောင်းတွေဟာ  မြောင်းတွေဖြစ်လာတယ်။ မြောင်းကနေမြစ်ဖြစ်လာပြီး။ မြစ်ကိုခွဲထွက်တာက
မြစ်လက်တက်တွေ။ မြစ်ကျိုးအင်း။ မြစ်ကျဉ်း။ မြစ်ကမ်းပါး။ မြစ်ဝှမ်းတွေဟာ မြစ်ပြင်တစ်လျှောက်
ပြောင်းလဲကုန်၏။ မြစ်တွေဟာ ပင်လယ်ပြင်ထဲကိုရောက်ရှိကာ တဖန်ပြန်လည်ကောင်းကင်သို့တက်ကာ
တိမ်တွေဖြစ်။ တိမ်တွေလွင့်မျောပြီး။ ဘ၀အဓိပ္ပာယ်ကိုတွေးနေမိပေါ့။ ငိုကြွေးမှုတွေ၊ ကြောက်လန့်တကြား။
ဝံပုလွေက သိုးငယ်ကိုကိုက်ခဲ့ပြီး အငမ်းမရစားသောက်ပစ်လိုက်တယ်။ ပြီးရေအိုင်မှာ ကြည်လင်သန့်ရှင်း
အေးမြသော ရေများကိုသောက်သုံးတော်မူခဲ့သည်။ ကျီးကန်းတောင်းမှောက်ကြည့်သလို ဘေးဘီဝဲယာကို
သိမ်းကျုံးကြည့်ရှုပြီး။ ခန္ဓာကိုယ်ကို အသံမမြည်အောင် ရွရွလေးလျှောက်ခါ။ လွင်ပြင်ကြီးထဲပျောက်
ကွယ်သွားခဲ့ပေါ့။ ခန်းဆီးစတွေကို ဆွဲချလိုက်ရမလား။ ရေသန့်တွေရမယ့် စီမံကိန်းကို အချက်ကျကျ
ရှင်းလင်းပြောပြနေတာ သူဖြစ်မယ်။ ဖြစ်ချင်လည်းဖြစ်မယ်။ ဖြစ်သင့်တယ်လို့လည်းထင်တယ်။ ပေါပေါများ
များ ဖောဖောသီသီပဲ ကလေးများဟာ အားလပ်ရက်ကိုစောင့်မျှော်ကြည့်ရှုပြီးပြီ။
ရက်အနည်းငယ်အတွင်း ဒီနေရာမှာ အကြေးခွန်နဲ့စကားပုံတွေလာသွားခဲ့ပြီး၊ အိတ်သွန်ဖာမှောက်
အဆက်အသွယ်မပြတ်တာဝန်ယူတယ်။ သင်ထောက်ကူကပ်ပြားကိုယ်စီနဲ့ ဗိုက်ထဲမှာရှိနေတဲ့ အရုဏ်ဦးတွင်
ရပ်နားနေလေရဲ့။ အအေးဓါတ်အပြင်မှထွက်လိုက်သည်နှင့် ကားအတွင်းခပ်ကြမ်းကြမ်းနှုတ်ဆက်လိုက်သသည်။
ကာချင်း၊ တျာချင်း၊ အိုင်ချင်း၊ ရကန်၊ အဲချင်း၊ ညည်းချင်း၊ ဒုံးချင်း၊ စေ့၊ ညှိ၊ ဆန္ဒ၊ အမိန့်ချ။ ပိုင်ဆိုင်
သူက ၏။ လိုက်လျောပါက အလိုက်ရ။ ယှဉ်        နှင့်။ အဆုံးသတ်တဲ့ Soliton Theory ဆိုတာ ဆေးလိပ်
မဖြတ်လျှင် အသက်အန္တရာယ်ရှိသည်ဟု ယင်းတံတားကြီးဖြတ်ကာ ရုပ်လောကရောက်ရန် (၁၀)မိုင်သာလို
တော့ကြောင်း လွန်ခဲ့သော ၂၇နှစ်ခန့်ကပြောခဲ့လိမ့်မယ်။
    ဧကန်ပဲ ခင်ဗျားရဲ့စိတ်ကူးထဲပုံဖော်ကြည့်လိုက်ဗျာ။
    ဤမြို့တွင် ကျင်လည်ခဲ့သော အတိတ်ပုံရိပ်များကို သတိရနေပြီ။ ဘယ်ရှုထောင့်။ေ၀၀ါးလာ
ရပြီ။ ကြည့်သင့်သလဲ။ သို့သော် ကံကောင်းထောက်မစွာ အုန်းပင်၊ ထန်းပင်၊ ပေပင်လိုမျိုး အောင်မြင်သည်။
အနိုင်ရသည်။ ကြီးပွားကောင်းစားသော။ ပန်းချီဆေးစပ်ပျဉ်ပြား၏ ပွဲတောင်းထပ်ခြင်းကို သွေးခုန်သွေးတိုးနှုန်း
အတိုင်း သန့်စင်ပါမှ ပိုင်ဆိုင်မှုတွေကြွားဝါ၀င့်တယ်ကာ ပလပ်စတစ်မီးသီး[အလင်းကြီး]ကွန်တိန်နာကြီးများ
တွင်သုံးသည်။
    ခန့်မှန်းနိုင်မှုကို တိကျစွာတိုင်းတာစေသည်။
    ဖြစ်ရပ်နံပါတ်။ ၂၁။
    စွယ်စုံကျမ်း။
    အကယ်၍ သင်ဟာ သွက်လက်ဖြတ်လက်၍စိတ်ဓါတ်ရစ်နွယ်နေသော
    ခရုပတ်လည်သတ္တိအာရုံခံစားမှုများမှ
    တိတ်တဆိတ်
    ခေါ်ဆောင်ခိုးယူသွားပြီး
    ချည်ငယ်ရစ်တံတွေလိုပါပဲ။
    သူရဲဘောနည်းပြီး ကျောရိုးမရှိ
    အရိပ်က စုတ်ချာချာသွေးထွက်သံယိုမြင်ကွင်း
    အခြေစိုက်အတည်တကျ
    ခိုင်ခန့်အောင် အညှောင့်ထွက်ခါစ အပင်ငယ်။
    စိတ်ငြိမ်ဆေး၊ အိပ်ဆေး။
    အတွေးအခေါ်များစွာတို့၏နောက်နား၌ ကွဲပြားသောဆုံးဖြတ်ချက်ဖြစ်ပေါ်လာရင်း
    အနယ်အနှစ်၊ Schizophrenia.
   
အီကွေတာက စန္ဒယားတီးပြီး ဘဲလေးကကာ လက်ဝှေ့ထိုးနေပုံကို တပြိုက်နက်ပြုပြီး
စာရင်းသွင်းတဲ့ပုံနဲ့ ပဟေဠိတစ်ခုကြောင့် နေ့စဉ်သုံးပုဒ်ဖြတ်တစ်ခုဖြစ်ပေါ်လာတယ်။
    ရှောင်တခင် အသံသွင်းစာရွက် လက်ဖက်ခြောက်နှပ် လမ်းလျှောက်လာရာမှ အပြီးအပိုင်သင်္ချာတွက်
ပြခဲ့။
    သခွတ်ပွင့်၏ အလယ်မှဝတ်ဆံတိုင်များကိုဖယ်ရှားခြင်း။
    ဗျတ်ဆိုင်းနှင့်ကော်ဖီတို့ တန်းမစီဘဲစောင့်မျှော်နေကြသည်။
    ဝေးကွာသော အရာဝတ္ထုများကိုကြည့်ရှုရန် အသုံးပြုသောကိရိယာကို အဝေးကြည့်မှန်ပြောင်းဟုခေါ်။
    အလင်းယိုင်ခြင်းသည် ရိုက်ထောင့်အချို့တစ်ဝက်အတွက်သာလျှင်ဖြစ်ပျက်သည်။
    30 Kg ရှိသောဘောလုံးကို 100m3 hydrogen ဖြင့်ဖြည့်ထားသည်။ ဘောလုံးကိုအပေါ်သို့တက်
    သွားခြင်းမှ ကာကွယ်ရန် ဘောလုံးကိုကိုင်ထားဖို့
    အားမည်မျှလိုသနည်း။
    လေတိုးရင်တဖြည်းဖြည်းမြောက်တက်တဲ့လိုက်ကာပေါ့။
    အထင်ကရ သက်တမ်းချို့ယွင်းပြီးကာစ
    နှစ်ဦးနှစ်ဖက်နှင့်ဆိုင်သော။
    ကွန်ဖျူးရှပ်စ်က လွန်ခဲ့တဲ့နှစ်၂၅၀၀က ပြောခဲ့တယ်။
    ငြိမ်းချမ်းရေးဟာ တန်ဖိုးအရှိဆုံးတစ်စုံတရာ။
    တစ်ခုတည်းသော တစ်ခြားနည်းလမ်းက အင်အားသုံးတာပဲ။
    ကျွန်တော်တို့ကိုယ်မှာ
    စတပ်ပလာနဲ့တွဲထားတဲ့
    သတ်မှတ်ချက်တွေကို စွန့်ပစ်လိုက်ခြင်းဟာ
    ကောင်းမွန်တဲ့ ဘ၀မှာ
    နေထိုင်နိုင်မယ့်
    ပထမ ခြေလှမ်းပါပဲ။


၎င်း (-.-.၂၀၁၁)

Wednesday, December 10, 2014

(၂၅)ကားအ၀င်အထွက်ရောင်းရန်ရှိသည်မှာရေရှည်ဖွံ့ဖြိုးတိုးတက်မှု စာရွက်များ ဒီညမှာ သိပ်ငယ်တာ

နားနေချိန်၊ ကိုယ်ပိုင်အချိန် သတိပြုမိသည် ရင့်ကျက်မှု အသံရှိန်မှောင်လာသည် (တစ်စုံတရာ)မျှသာ
ဖြစ်သော အုတ်ဂူဥာဏ်ထိုင်းသော ခန့်ညားထည်ဝါသော မတည်ကြည် မင်း၏တန်ခိုးအာဏာ သိသာထင်ရှား
အပြောင်းအလဲမြန်သော တစ်သမတ်တည်းမဖြစ် စိတ်ဝင်စားဖွယ်မကောင်းသော အာရုဏ်ကျင်းအန္တရာယ်
ကျောင်းတံခါးကြီးက ကြိုနေအရင်အတိုင်းပဲ သာမန်ဖြစ်လေ့ဖြစ်ထ မိုးချုပ်တိုင် ကလေးဘ၀လိမ်းသ
လမ်းထပ် (ကတိ၊ သစ္စာ) မြင်ခြင်း၊ ကြားခြင်း နေထွက်ခြင်း နေ၀င်ခြင်းကို သိမ်းဆည်းထားတဲ့ ကမ္ဘာ
လေးနက်သော/စိုးရိမ်ဖွယ် ဥရောပတိုက်တွင်ပေါက်သည့် အပင်ကြီးမျိုး/လက်တစ်ဆုပ်စာမုန်တိုင်း
ကိုယ်ထည်အကြမ်း အလားတူ/မျောပါ/သစ်တော်ပင်၏ ဒူးမှ ခြေမျက်စိအထိနှင်းဆီရုံလောင်းရိပ်/မီးခိုး
အရင်မလင်းတဲ့ မီးထိန်/တိုးလျှိုတောင်းပန်/သြဇာနယ်ပယ် ဂရုဏာရှိ သတိမေ့ ဖော်စပ်နည်း/
တိုက်ပွဲ လိုက်ပွဲ စိုက်ပွဲ ငိုက်ပွဲ ဇာထိုးခြင်း/ ပုံမှန်ခွင့်ပြုထားသော ငွေအရာ// အချိန်ကာလ
အတိတ်အရည်အသွေးညံ့ဖျင်းသော စာခြောက်ရုပ် နေရိပ်ကိုကွယ် ရက်စက်မှကြေကွဲ လုံးဝန်းသောအရာ
အပြာရောင်ဆို အေးချမ်းလာမှာ ပါရမီ ယခုတိုင် ပန်ကြားချက် အဓိပ္ပာယ်လေးနက်သော အမှတ်လက္ခဏာ/
/ဂီတ သင်္ကေတ အေ ဂျီ ဂျီရှပ် ကွဲပြားခြားနားခြင့် တစ်လောကနှင့်ဆိုင်သော ရေဒီယို/
ဥပဒေကြမ်းကို အပြင်စီး၍အထဲဝင်ခဲ့သလို ကျောက်တုံးတွေပေါ် ဖြစ်စီးနေတဲ့ အပြင်မှတ်ဥာဏ်
ဆက်သွယ်ပါက ဆွက်သယ်ကြေး ကားပါကင် အိုကေလား ဖွင့်ချိန်များ တက်လာလိမ့်မယ်
ကန်တော့ကို ပင်နဲ့ချုပ်အင်္ကျီအိတ်ခါးပတ်ခြေစွတ် အချိန်တွေအကြာကြီး စွပ်ကျယ်စွတ်ဖား
စွတ်ကြောင်းသွားတဲ့ ဆံချည်မျှင် ပုံရိပ်တွေ ပြန်ပြန် ဆော်လမွန်ငါးတို့အပြန် လမ်းခွဲကြဘာလဲပျော်တယ်သေစမ်း
သမီးမှာ မျှော်မှန်းချက်ကြီးကြီးမားမားမရှိပါဘူး။ အလွန်အကျိုးရှိ
ပါသည်။ အကြောင်းတိုက်ဆိုင်စွာပဲ။ ကျွန်တော်ဘာလုပ်ရင်ကောင်းမလဲ
ဒီသရက်ပင်ဟာ သဘောထားသိပ်ကြီးတာ။ နှစ်ပြခရီးလောက်ရောက်မှ အသက်၄၀
လမ်းမပေါ်ရောက်တော့ ခေါင်းမာသောစုပ်ယူထားသော ပြန်ချုပ်နှောင်အိပ်မော
အလောင်းပေါ်မှ ပိတ်စကို ဖယ်ကာ အောက်မှ အလောင်းတင်ထားသော အနေအထား
အတိုင်း ဂန္ဓမာပန်းများ ပန်းခြင်းလေးဆီတစ်ပိဿာ သုံးကျပ် မှတ်ပုံတင်အမှတ်
သူ့ဟာသူ ရန်ကုန်မှာ ငံပြာရည်သွားရောင်းတာ ရောင်းပစေပေါ့၊ စဉ်းစားတယ်
လယ်ကွင်းထဲက နွေရေချောင်းရေကို မသောက်ကြနဲ့ ကောက်ရိပ်သူများ
အနည်အမှုန်ထတာ ၀ါးခုတ်နှီးဖြာ ဖျာပုံသူ အဲဒါတွေက ဘာဆိုင်တာမှတ်လို့ နှင်းပျောက်တဲ့နွေ
နေရာတကာမှာလူကောင်းရှိသလို လူဆိုးလည်းရှိတယ် ဖြူဖွေးပြီးမွှေးတဲ့
စံပယ်ကို ချက်မြှပ်တဲ့နေရာမသိတော့ ညစ်ပတ်တာနဲ့တိမ်ရိပ်အိကျသဘာဝ
ကလေးတွေပြန်လာပါ လည်ချောင်းထဲက အာသီးဟာ ဆေးစပ်ဝယ်ကျောင်းတက်
မလား ကျူရှင်အစားတတ် အုန်းလက်ကြွေသူ့နံဘေးဆောင့်ခဲ့ရသေးလို့ပါဆို
အဖုံးပျောက်သွားပြီ

lagaung ( -.-. 2013)