Wednesday, December 10, 2014

(၂၅)ကားအ၀င်အထွက်ရောင်းရန်ရှိသည်မှာရေရှည်ဖွံ့ဖြိုးတိုးတက်မှု စာရွက်များ ဒီညမှာ သိပ်ငယ်တာ

နားနေချိန်၊ ကိုယ်ပိုင်အချိန် သတိပြုမိသည် ရင့်ကျက်မှု အသံရှိန်မှောင်လာသည် (တစ်စုံတရာ)မျှသာ
ဖြစ်သော အုတ်ဂူဥာဏ်ထိုင်းသော ခန့်ညားထည်ဝါသော မတည်ကြည် မင်း၏တန်ခိုးအာဏာ သိသာထင်ရှား
အပြောင်းအလဲမြန်သော တစ်သမတ်တည်းမဖြစ် စိတ်ဝင်စားဖွယ်မကောင်းသော အာရုဏ်ကျင်းအန္တရာယ်
ကျောင်းတံခါးကြီးက ကြိုနေအရင်အတိုင်းပဲ သာမန်ဖြစ်လေ့ဖြစ်ထ မိုးချုပ်တိုင် ကလေးဘ၀လိမ်းသ
လမ်းထပ် (ကတိ၊ သစ္စာ) မြင်ခြင်း၊ ကြားခြင်း နေထွက်ခြင်း နေ၀င်ခြင်းကို သိမ်းဆည်းထားတဲ့ ကမ္ဘာ
လေးနက်သော/စိုးရိမ်ဖွယ် ဥရောပတိုက်တွင်ပေါက်သည့် အပင်ကြီးမျိုး/လက်တစ်ဆုပ်စာမုန်တိုင်း
ကိုယ်ထည်အကြမ်း အလားတူ/မျောပါ/သစ်တော်ပင်၏ ဒူးမှ ခြေမျက်စိအထိနှင်းဆီရုံလောင်းရိပ်/မီးခိုး
အရင်မလင်းတဲ့ မီးထိန်/တိုးလျှိုတောင်းပန်/သြဇာနယ်ပယ် ဂရုဏာရှိ သတိမေ့ ဖော်စပ်နည်း/
တိုက်ပွဲ လိုက်ပွဲ စိုက်ပွဲ ငိုက်ပွဲ ဇာထိုးခြင်း/ ပုံမှန်ခွင့်ပြုထားသော ငွေအရာ// အချိန်ကာလ
အတိတ်အရည်အသွေးညံ့ဖျင်းသော စာခြောက်ရုပ် နေရိပ်ကိုကွယ် ရက်စက်မှကြေကွဲ လုံးဝန်းသောအရာ
အပြာရောင်ဆို အေးချမ်းလာမှာ ပါရမီ ယခုတိုင် ပန်ကြားချက် အဓိပ္ပာယ်လေးနက်သော အမှတ်လက္ခဏာ/
/ဂီတ သင်္ကေတ အေ ဂျီ ဂျီရှပ် ကွဲပြားခြားနားခြင့် တစ်လောကနှင့်ဆိုင်သော ရေဒီယို/
ဥပဒေကြမ်းကို အပြင်စီး၍အထဲဝင်ခဲ့သလို ကျောက်တုံးတွေပေါ် ဖြစ်စီးနေတဲ့ အပြင်မှတ်ဥာဏ်
ဆက်သွယ်ပါက ဆွက်သယ်ကြေး ကားပါကင် အိုကေလား ဖွင့်ချိန်များ တက်လာလိမ့်မယ်
ကန်တော့ကို ပင်နဲ့ချုပ်အင်္ကျီအိတ်ခါးပတ်ခြေစွတ် အချိန်တွေအကြာကြီး စွပ်ကျယ်စွတ်ဖား
စွတ်ကြောင်းသွားတဲ့ ဆံချည်မျှင် ပုံရိပ်တွေ ပြန်ပြန် ဆော်လမွန်ငါးတို့အပြန် လမ်းခွဲကြဘာလဲပျော်တယ်သေစမ်း
သမီးမှာ မျှော်မှန်းချက်ကြီးကြီးမားမားမရှိပါဘူး။ အလွန်အကျိုးရှိ
ပါသည်။ အကြောင်းတိုက်ဆိုင်စွာပဲ။ ကျွန်တော်ဘာလုပ်ရင်ကောင်းမလဲ
ဒီသရက်ပင်ဟာ သဘောထားသိပ်ကြီးတာ။ နှစ်ပြခရီးလောက်ရောက်မှ အသက်၄၀
လမ်းမပေါ်ရောက်တော့ ခေါင်းမာသောစုပ်ယူထားသော ပြန်ချုပ်နှောင်အိပ်မော
အလောင်းပေါ်မှ ပိတ်စကို ဖယ်ကာ အောက်မှ အလောင်းတင်ထားသော အနေအထား
အတိုင်း ဂန္ဓမာပန်းများ ပန်းခြင်းလေးဆီတစ်ပိဿာ သုံးကျပ် မှတ်ပုံတင်အမှတ်
သူ့ဟာသူ ရန်ကုန်မှာ ငံပြာရည်သွားရောင်းတာ ရောင်းပစေပေါ့၊ စဉ်းစားတယ်
လယ်ကွင်းထဲက နွေရေချောင်းရေကို မသောက်ကြနဲ့ ကောက်ရိပ်သူများ
အနည်အမှုန်ထတာ ၀ါးခုတ်နှီးဖြာ ဖျာပုံသူ အဲဒါတွေက ဘာဆိုင်တာမှတ်လို့ နှင်းပျောက်တဲ့နွေ
နေရာတကာမှာလူကောင်းရှိသလို လူဆိုးလည်းရှိတယ် ဖြူဖွေးပြီးမွှေးတဲ့
စံပယ်ကို ချက်မြှပ်တဲ့နေရာမသိတော့ ညစ်ပတ်တာနဲ့တိမ်ရိပ်အိကျသဘာဝ
ကလေးတွေပြန်လာပါ လည်ချောင်းထဲက အာသီးဟာ ဆေးစပ်ဝယ်ကျောင်းတက်
မလား ကျူရှင်အစားတတ် အုန်းလက်ကြွေသူ့နံဘေးဆောင့်ခဲ့ရသေးလို့ပါဆို
အဖုံးပျောက်သွားပြီ

lagaung ( -.-. 2013)

No comments: