Saturday, February 21, 2015

အိုင်းစတိုင်းဖြစ်ချင်လို့ လျှာထုတ်တယ်




စီးကရက်တွေ သန့်စင်ထားတဲ့ ကောင်းကင်ကိုအိပ်ထားတာကဦးထုပ်တစ်လုံး ညဥ့်နက်နေခြင်းတွေပြည့်နေတဲ့ ကမာကောင်လိုမျိုး
နားထင်ကိုလက်နဲ့ထောက်တယ်
ဒါတွေက ပြက္ခဒိန်တစ်ခုမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ခွေးသန်းတစ်ကောင်သွားတော့ ကျစ်ဆံမြီးကျစ်တဲ့နည်းနဲ့လုပ်ထားတဲ့
၂၆ ကဏန်းတွေ၊ ပြုလုပ်ထား၊ ဥာဏ်အလင်းပွင့်မှု
တောက်ပခြင်းတွေ၊ ပိုပြီးတော့ ကောဇောတစ်ခုဖြစ်စေတယ် မီးဖိုကိုတည့်ထောင်ထားသလိုမျိုး
ကားနောက်မြှီးကနေတစ်ဆင့် ခြေသလုံးမွှေးကိုလှမ်းကိုင် ဗို့အားက ၂၂၀ အင်ဒီးယားကထုတ်တဲ့ ဘောပင်ကုတ်နံပါတ်က 8904106834830
ခြေလှမ်း အရာအားလုံးက အဆင်ပြေသွားမှာပါ အဲဒီတောက်ပမှုကြီးတစ်ခုကိုကိုင်ထားတယ်
ဒီညမှာ လဲကျနေတဲ့ ညတွေဟာည၊ ဈမဟုတ်ဘူး
မျဉ်းဖြူကြီးတစ်ကြောင်းက ဆံပင်ထဲကထွက်လာပြီး၊ လမ်းတစ်ဝက်မှာတင်
ညှစ်ထုတ်ထားလှုပ်ရမ်းခြင်းတစ်ခုလို မရောင်းပါကပ်ထားတဲ့စတိုးဆိုင်ကပစ္စည်းလို
ဖုန်းဖွင့်လိုက်ရင် သင့်ရဲ့pattern ပုံစံဖော်မှုကိုရွေး တစ်ခြမ်းစောင်းဝင်သွားတဲ့ ကော်ခုံတစ်လုံး
တစ်လှမ်းလှမ်းရင်နစ်ဝင်သွားသလိုမျိုး နို့တူးပြုတ်
နှင်းတွေလဲကျလဲတွေလဲကျလှည်းတွေလဲကျအရိပ်တွေလဲကျကျကျကျန်တာတွေလည်းကျလှဲနေတာတွေကျ
ကျကျကျသွားတဲ့ကျတာတွေလူတွေလဲကျသွားတွေလဲကျတဖြည်းဖြည်းကျကျမြန်မြန်မြန်မြန်ကျကျကျကျကျ
နတ္တိတွေကျအရောင်တွေကျ ကျကျလာတာတွေနဲ့ကျကျသွားတာတွေ
ကြတာတွေ ဟောဒီမျဉ်းကြောင်းထဲ

၎င်း(21.2.2015)

No comments: