Wednesday, October 21, 2015
စတိနည်းနည်းပါးပါးဃဂျားဓမား
အင်္ဂလိပ်စာမှာ ငှက်ဟာသေရင်းနဲ့ပျံတယ်။ တြိဂံဟာလှုပ်ရှားမှုမရှိဘဲငြိမ်
သက်နေတယ်။ ခန္ဓာကိုယ်ထဲကို ယင်ဝင်ဖို့လိုသည်။ နောက်နေ့မှာလဲ
အတူတူပဲ။ အဲဒီ ပစ်စတိုကို မပစ်ဘဲထားလိုက်သည်။ ကျောက်စိမ်းတံခါး
ရွက်ကို ကျောက်စိမ်းတုတ်တံနဲ့ခေါက်ပါ။ တစ်စုံတရာကြောင့်
အဲဒီအကြောင်းက ပျောက်ကွယ်သွားကြောင်း။ ဘုရားသည် မိန်းမဖြစ်၏။
သမ္မ"တ"သည် လိင်တူချစ်သူဖြစ်သည်။ တာ့တာကို လက်နဲ့ပြသည်။ ခေါင်း
လျှော်ရည်ကို လူလိမ္မာတွေသောက်တယ်။ ရေသောက်နေချိန် အပြာကား
မကြည့်ရ။ ရွှဲနစ်နေတဲ့ ဟင်းရည်ခွက်ထဲသို့ ဇွန်းကိုနှစ်ထည့်ပါ။ အလကား
မစီးရ။ မှန်ကိုပြဿဒါးဖြင့်လုပ်သည်။ အရိပ်သည် အမြဲတမ်းတောင်
အရပ်တွင်နေသည်။ေိသည် သဝေထိုးလုံးကြီးတင်ဖြစ်သည်။ အဝါရောင်
သည် အပြာဖြစ်သည်။ အချိုမှုန့် ၃ဇွန်းထည့်ပါ။ ၅နှင့်၅ပေါင်းလျှင် ၀ဖြစ်သ
ည်။ ဖန်ဆင်းရှင်သည် လူသတ်တရားခံဖြစ်သည်။ တရုတ်တွင်သရဲသည် အ
ဖေဖြစ်သည်။ ဆရာဝန်များခေါင်းခါလျှင် လူသေတတ်သည်။ ကမ္ဘာမြေ
ကြီးသည် မခင်ဖြစ်ပါက ကျွန်ုပ်တို့သည် ဖခင်ဖြစ်သည်။ လက်ညှိုးနဲ့လက်
မကြားမှ လိင်တံရှိသည်။ ပြုတ်ပြီးသား ကြက်ဥကို အပ်ချည်ကြိုးနဲ့လှီးတယ်။
စက်ဘီးနင်းနေစဉ် ဘီးများလည်သည်။ ဖတ်ပြီးသား စာအုပ်ကမီးလောင်
သည်။ Ecce 2 မှာ အားဆေးဖြစ်သည်။ ပြက္ခဒိန်ကို ဒေါင်လိုက်ဖြဲရသည်။
၎င်း (၁၀.၁၀.၂၀၁၅)
Tuesday, October 13, 2015
တံခါးမရှိတဲ့ဂျက်
အစိမ်းရောင်ခြယ် မြေအတုထက်
ကျောက်တုံးပေါ်မှာထိုင်မိတယ်
အသက်မရှိတဲ့ စမ်းချောင်းက
အနီရောင်ခြယ်တဲ့ အရည်များနဲ့
ဘယ်တော့မှကြွေမကျတဲ့
ခရမ်းရောင်ပန်းများပွင့်ဖူးနေ
နောက်ကျောဘက် တစ်ခြမ်းလုံးက
ငြိမ်သက်နေတဲ့တောင်တန်းတွေ
ရှိသမျှအရာအားလုံးကို
မှန်ခွက်တစ်ခုနဲ့ဖုံးအုပ်ထား
လက်သုတ်ပဝါလေး တစ်ခုအပေါ်
တင်ကာကျန်ရစ်တယ်
ဒီနေရာလေးမှာ
၎င်း(၂၀၀၉)
Subscribe to:
Posts (Atom)