Tuesday, October 13, 2015

တံခါးမရှိတဲ့ဂျက်



အစိမ်းရောင်ခြယ် မြေအတုထက်
ကျောက်တုံးပေါ်မှာထိုင်မိတယ်
အသက်မရှိတဲ့ စမ်းချောင်းက
အနီရောင်ခြယ်တဲ့ အရည်များနဲ့
ဘယ်တော့မှကြွေမကျတဲ့
ခရမ်းရောင်ပန်းများပွင့်ဖူးနေ
နောက်ကျောဘက် တစ်ခြမ်းလုံးက
ငြိမ်သက်နေတဲ့တောင်တန်းတွေ
ရှိသမျှအရာအားလုံးကို
မှန်ခွက်တစ်ခုနဲ့ဖုံးအုပ်ထား
လက်သုတ်ပဝါလေး တစ်ခုအပေါ်
တင်ကာကျန်ရစ်တယ်
ဒီနေရာလေးမှာ

၎င်း(၂၀၀၉)

No comments: