ဘာမှမပြောနဲ့ထောင်ပဲ၊ ပြောနေလည်းထောင်ပဲ
ကျွန်တော့ဦးနှောက်ကထောင်၊ ဆံပင်က ထောင်
ပြောရရင် ဆံပင်မရှိလည်းထောင်၊ ဆံပင်ရှိလည်းထောင်
ကတုံးပေါ်ထိပ်ကွက်လည်းထောင်၊ ထိပ်ပြောင်လည်းထောင်၊ ကတုံးလည်းထောင်ပဲ
မြင်တာက အစထောင်၊ ပစ်တိုင်းထောင်လည်း ထောင်ပဲ
ဇရက်လည်းထောင်ပဲ၊ ချိုးလည်းထောင်ပဲ၊ ခွေးလည်းထောင်ပဲ
ခွေးဆိုလို့ ခွေးဟောင်တာတောင်မှထောင်ထောင်ထောင်ပဲကြားတယ်
ခြေလှမ်းတာကလည်းထောင်ပဲ၊ လေလည်တာလဲ ထောင်ပဲ
လှမ်းကြည့်လိုက်လဲထောင်ပဲ၊ အရာအားလုံးထောင်ဖြစ်နေကြတယ်
အင်တာနက်ပေါ်တက်လည်းထောင်တွေချည်းတွေ့တယ် တစ်ယောက်နဲ့တစ်ယောက်ထောင်နေကြတယ်
တင်သမျှကလည်းထောင်တွေပဲ ကြိုက်တယ်ဆိုလည်းထောင်
မကြိုက်ရင်လည်းထောင်ပဲ
ဟိုလိုဒီလိုထောင်ကြတာမျိုးထောင်တယ် အိမ်ပေါ်မှာဆို
အဖက်ဖက်မျှအောင်နေရတယ် တော်ကြာဘက်မညီရင်အိမ်ထောင်ကျမှာစိုးရိမ်ရတယ်
လေယာဉ်ပေါ်ကနေကြည့်လဲထောင်တွေပဲတွေ့ရမယ်
သစ်ပင်ခုတ်လည်းထောင်ပဲ လက်ကမြင်းလည်းထောင်ပဲ
ရေဆင်းကူးလည်းထောင်ပဲ မြေလျှိုးမိုးပျံလည်းထောင်ပဲ
နှာဘူးထတဲ့ သူလည်းထောင်၊ ဆေးသောက်တာတွေ့လည်းထောင်၊
ပျဉ်ပြားတွေ့လည်းထောင်၊ လိင်တံဆိုလည်းထောင်၊ ကားပေါ်တက်လည်းထောင်တွေပဲတွေ့ရတယ်
ခေါင်းလောင်းသံက ထောင်ထောင် ထောင်ထောင်
စက်ဘီးပေါ်က နေကြည့်လဲထောင်ပဲတွေ့ရတယ်
နေကိုကြည့်လဲထောင်ပဲ၊ ကုတ်ရင်လည်းထောင်ပဲထိမိတယ်
အမေကလည်းပြောတယ် နင်အခုတစ်လော ထောင်ထောင်ထောင်ထောင်နဲ့
ဟုတ်တယ် ဘာလို့မှန်းမသိ ထောင်ဖြစ်နေတယ်
အင်းစိန်သွားတယ် ထောင်ပဲတွေ့တယ် ဘာမှမတွေ့ဘူးဆိုလဲထောင်ပဲ
သတင်းတွေဖတ်လည်း စာမမြင်ဘူး ထောင်ပဲမြင်တယ်
ထောင်အကြောင်းတွေချည်းရွေးဖတ်နေရသလိုပဲ
ဆိုလိုတာက နာမ်စားလည်းထောင်၊ ကတ္တားလည်းထောင်၊ စကားလုံးကလည်းထောင်
ညွှန်းဆိုမှုကလည်းထောင်၊ ပုဒ်ကလေးလည်းထောင်၊ ပုဒ်မလည်းထောင်
ဆရာဝန်ကပြောတယ် ပိုပြီးစိတ်မူမှန်ဖို့ ခင်ဗျားတရားထိုင်ကြည့်ဖို့လိုတယ်လို့ပြောတယ်
ကျုပ် ဝင်လေလည်းထောင်၊ ထွက်လေလည်းထောင်
မြင်နေတာကိုပြောပါတယ် မမြင်တာပြောရင် ထောင်ကျမှာစိုးလို့
ချစ်သူကလည်းပြောတယ် အမြဲထောင်မနေနဲ့တဲ့
ဝတ္ထုတွေဖတ်လည်း လာပြီထောင်၊ ခင်ဗျားလည်းထောင်
ကျုပ်လည်းထောင်၊ သူမလည်းထောင်၊ ငါလည်းထောင်၊ ထိုအရာလည်းထောင်
၎င်းလည်းထောင်၊ ကဗျာဖတ်လည်း ထောင်ပဲမြင်တယ်
တွေးကြည့်လိုက်တော့လည်းထောင်ပဲ တွေ့တယ်
ဘာမှမတွေ့ရဘူး ရှေ့ကနေထောင်က ကာထားတယ်
ဟိုစကားလုံးဆိုလဲ ထောင်ပဲတွေ့တယ် ဒီစကားလုံးဆိုလည်းထောင်ပဲတွေ့တယ်
အခု ခင်ဗျားလည်းထောင်ပဲတွေ့တယ်မှတ်လား
ထောင်ထောင်ထောင်ထောင်ထောင်ထောင်ထောင်ထောင်ထောင်ထောင်ထောင်ထော
င်ထောင်ထောင်ထောင်ထောင်ထောင်ထောင်ထောင်ထောင်ထောင်ထောင်ထောင်ထေ
ာင်ထောင်ထောင်ထောင်ထောင်ထောင်ထောင်ထောင်ထောင်ထောင်ထောင်ထောင်
ထ
ာင်ထောင်ထောင်ထောင်ထောင်ထောင်ထောင်ထောင်ထောင်ထောင်ထောင်ထောင်ေ
ဒီဟာကိုထောင်မထားနဲ့လေလို့ကြားလဲထောင်တာပဲ
အကုန်အပြည့်စောင်းကျမှာစိုးရိမ်တယ်ပြောလည်း ထောင်တာပဲ
ဖပ်ဖြဲဖြဲလုပ်မနေနဲ့ထောင်ပဲ
အဲတော့ အစ်ကိုကြီး/အစ်မကြီးရယ် ကျွန်တော် တစ်ကယ်ပါဗျာ
သွားရင်းလာရင်းပိုက်ဆံပြတ်လို့ငွေလေးတစ်ထောင်လောက်ပေးပါလားဗျာ
၎င်း 6.11.2015 3am
No comments:
Post a Comment