ရှေ့က လမ်းလျှောက်နေတဲ့ ကလေးမလေးဆပ်ပြာပူဖောင်းတွေ
မှုတ်ထုတ်နေတယ်။ သူက တစ်ခါမှုတ်ပြီး ထွက်လာတဲ့ ဆပ်ပြာ
ပူဖောင်းတွေကို ရေတွက်ခြင်းမရှိဘဲ နောက်တစ်ခါထပ်မှုတ်ထုတ်
တယ်။ လမ်းတစ်လျှောက်ဆပ်ပြာပူဖောင်းတွေ ပြန့်လွင့်နေတာ
ကိုယ်မြင်လိုက်တယ်။ ရှေ့လမ်းတစ်ကွေ့ထောင့်ချိုးထဲ ကိုယ်
ကွေ့ဝင်လိုက်တယ်။ ကောင်မလေးက သူ့လမ်းသူဆက်သွား
တယ်။ ကိုယ်လည်းကိုယ့် အိမ်ရှိရာအဲဒီလမ်းထဲ လျှောက်လာခဲ့
တယ်။ ကိုယ်ရှိနေသေးလား သေချာအောင်စစ်ဆေးကြည့်တယ်။
ကိုယ့်အိမ်၊ ကိုယ့်မိသားစုရှိသေးရဲ့လားလို့ တွေးမိတယ်။
ကလေးမလေးကတော့ သူမှုတ်ထုတ်ထားတဲ့ ဆပ်ပြာပူဖောင်းတွေကို
မရေတွက်တာသေချာတယ်
၎င်း(2.12.2015)
No comments:
Post a Comment