Thursday, April 7, 2016
သင်ကြိုက်နှစ်သက်ရာစာသားများဒီနေရာတွင်ဖြည့်၍ဖတ်ပါ
အလုံပိတ်အခန်းလွတ်တစ်ခုမှာ
မီးချောင်းတွေကို အပြာရောင်ပလပ်စတစ်တွေနဲ့
ရစ်ပတ်ထားမယ်
အခန်းရဲ့ထောင့်လေးထောင့်အမြင့်မှာ
စီစီတီဗွီကင်မရာတွေ
တပ်ဆင်မယ်
ပြီးရင် အခန်းရဲ့အလယ်ဗဟိုမှာ
စီစီတီဗွီတွေဘက်လှည့်ပြီး တိုက်ရိုက်ပြသဖို့
ချိတ်ဆက်ထားတဲ့
တီဗွီတွေကိုချထားမယ်
ဒီနေ့ထုတ် သတင်းစာ၊ ဂျာနယ်တွေကို
ကြိုးနဲ့ချည်ထားတဲ့ မိုးပျံပူဖောင်းတွေနဲ့
ချိတ်ထားမယ်
လာရောက်ကြည့်ရှုသူတွေရဲ့ မှတ်ပုံတင်တွေကို
လည်းပဲ ကြိုးအမြီးပါမိုးပျံပူဖောင်းမှာ တွဲထားမယ်
မိုးပျံပူဖောင်းတွေက အမိုးနံရံပေါ်မရောက်ပဲ
လေထဲမှာ မျောလွင့်နေမယ့် အခြေအနေဖြစ်အောင်
ထားမယ် ဒါပေမယ့်
အားလုံးအကျပ်အသိပ်
ကိုယ်က အဲဒီ မိုးပျံပူဖောင်းတွေကြား
စီစီတီဗွီကနေ တိုက်ရိုက်ထုတ်လွှင့်ပြသနေတဲ့
တီဗွီလေးလုံးအကြား
ထီးဖွင့်ဆောင်းပြီးထိုင်နေမယ်
ထောင့်လေးထောင့်မှာရှိတဲ့ ပန်ကာတွေက
အလယ်ဗဟိုကို လေတွေတွန်းမှုတ်လျက်
၎င်း(7.4.2016)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment