Sunday, July 5, 2020

156 ခုနှစ်မှ တိပ်တစ်ခွေ



----
နှစ်ရာစုတစ်စုသည် လူသူမရှိပဲ ဖြတ်သန်းခဲ့၏။ အိပ်မက် သည် တစ်စုံတစ်ဦးကို မြင်မက်မှုမရှိသည်မှာ စားပွဲပေါ်မှ မတ်ခွက်များကြောင့်ဖြစ်သည်။ ညနေခင်းများအပြည့် သယ်ပိုးထားသည့် တိတ်ဆိတ်ခြင်းများအတွင်း နက်ပြာရောင် ကဏန်း ၂ များ တောက်ပနေသည်ကို မည်သည့် စာအုပ်ကမျှ သတိမမူမိကြချေ။ စောင့်ဆိုင်းနေသည့် ‌အနီရောင်အလင်းများကို မြိုချခဲ့ပြီး လိမ့်ကျခဲ့သော မြင်နေမှုများကဲ့သို့ပင်။ ပက်လက်အိပ်ပျော်နေသော အချိန်များကို နောက်ပြန်လှည့်မည်ဆိုလျှင် နေ့၏ အမှောင်များထဲအတွင်း ပျောက်ဆုံးသွားနိုင်ဖွယ်ရာ အသံမဲ့မှုကောင်းကောင်းတစ်ခု အသွင်ဆောင်နိုင်သည်။ တစ်တစ်ခုထက်‌ပိုသော တစ်ခုတစ်ခု၏ မလုပ်ဆောင်နိုင်သည့် ကွယ်ပျောက်မှုအယောင်ဆောင်ကာ နေလူလေးရေထဲလက်ဆောင်လက်ခံခြင်းသာသုံးကလေးကစားစရာစက်ရုံအလုပ်သမားအခွင့်အရေးရုံးသုံးအမှတ်အသားစာအုပ်တစ်အုပ်၏ သ‌‌ေင်္ကတစ်ခု ဖြစ်ခဲ့သလိုမျိုးပင်။ အိပ်စက်မှုမရှိသော ည၏ အနံ့မှတစ်ဆင့် လိုအပ်မှုဖြစ်တန်စွမ်းကို ဤရာခိုင်နှုန်းအထိ ကလေးများ၏ သားသမီးများဖြစ်လာကြပေသည်။ အလင်းရောင်အောက်တွင် မြင်နိုင်စွမ်းမရှိသော စူးရှမှုသည်ပင်လျှင် လင်းလျက်ပင်မရှိခဲ့၏။ ၁၉၇ ခုနှစ်မှ ရေများသည် သို့မဟုတ် ကားမှတ်တိုင်တွင်းမှ အသိတရားများသို့ လျင်မြန်မှုမဲ့ သေးခြင်းတရားများပင်ဖြစ်သည်။ လူသား၏ အပြုအမူနှင့် ‌မရှိမဖြစ်အစိတ်အပိုင်းများသည်ပင်လျှင် ပုံဖျက်တတ်သည့် သဘောသဘာ၀အားဖြင့် နောက်ဆုံးသောနှစ်မှ အဆိုပါပြင်းထန်သည့် ပါဝါများနှင့် အစွန်းရောက်အနက်ပြန်မှုဖြင့် ပုံသွင်းထားတတ်ပေ၏။ အရှိတရားဖြင့် ဖုံးအုပ်ခြင်းခံထားရသည့် မီးခိုးငွေ့များကို မြိုချကာ ကွဲပြားစွာ စားသုံးကြသကဲ့သို့ အထက်အောက်ဖိစီးထားခံရသည့် အဆိုပါတိတ်ခွေအနက်ပြန်မှုကို လက်သည်းခွံအတွင်း မျှောချလိုက်၏။ ထိုနည်းတူစွာ အသံတစ်ခု၏ အလင်းသည် အရှိတရားတစ်ခုအတွင်း မည်သို့အလုပ်လုပ်နေပုံကို အလုံအလောက်များပြားစွာနည်းပါးနေသည့် ကိုယ်တိုင်အတွင်းသို့။ လုံလောက်သည့်မြက်ပင်များ၏ ဆန္ဒလွန်ပြတင်းတံခါးအပြင်ဘက်မှ စည်းရိုးသည် တစ်စက္ကန့်‌စောင်ခြုံထားခြင်းဖြင့် ကျင့်သုံးမှုတစ်ခုဖြစ်လာခဲ့ပြီး ချုံဟင်းလင်းပြင်မှ ခိုက်ရန်မုဒိတာသာဖြစ်ခဲ့ပေသည်။ အကယ်၍ ဿကို ူ ဖြင့်မသုံးတတ်ပါက တစ်ခန်းရပ်ပြဇာတ်များမှ လေထုအတွင်းလွင့်ပါးနေသော သတ္တုများ၏ အလုပ်လုပ်ခြင်းသာ မဖြစ်ပေ။ ထိုမှတစ်ဆင့် တိုက်ခတ်နေသော ၉များဖြင့်သာ အေးစက်နေတတ်သကဲ့သို့ ပန်းသီးဆယ်လုံးအတွင်း မောင်းနှင်လျက်ရှိသော အဆုံးအစမဲ့ ထိန်းချုပ်မှုများအပေါ်မှ ဆင့်ကဲပြောင်းလဲလျက်ရှိသည့် အလျော့အတင်းများပင်။ ခ်ေပါ့သည် ခုဲးများဖြင့် ၌ထားခြင်းဖြစ်ခဲ့သလို
၎င်း (3-5.7.2020)

Monday, February 3, 2020

Bewusstseinslage

Bewusstseinslage

ဇီ၀ကမ္မအခြေခံအပေါ်တည်ရှိခဲ့သော ဟိုတယ်တစ်ခု၏ အခန်းသည် တစ်ကိုယ်တည်း စကားပြောနေ၏ ကြွက်သားများ၏ အာရုံနှိုးဆွမှုမှ တစ်ဆင့် ပထမအကြိမ်ကျိုးပေါက်လာခဲ့သော စဉ်းစားမှုများသည် လေအဟုန်ကဲ့ သို့ အတားအဆီးမဲ့ သီအိုရီတစ်ခုကိုမျှဆုပ်ကိုင်ထားခြင်းမရှိပေ ၁၉၀၉ ခုနှစ်တွင် ကုန်ဆုံးသွားခဲ့သော ကျေးရွာများ သည် စကားလုံးအဆက်အစပ်အကြားတွင် အမွေဆက်ခံသူအဖြစ် တိုက်ရိုက်အတွေ့အကြုံကိုသာ လေ့လာခဲ့သည် တချို့သော ကတ်ပြားနှင့် မီးခိုးရင့်ရောင် အသိတရားများသည် သွယ်ဆက်ရန် ကြိုးပမ်းနေသည့် နူးညံ့သော မြို့ တစ်မြို့၏ အပုတ်နံ့များအကြားတွင် ပျစ်ပျစ်နှစ်နှစ် အိပ်စက်နေသော သဘာ၀စားကျက်မြေကဲ့သို့ ထင်မှတ်နေကြ ၏ ပြောချင်သေးသော အကြောင်းအရာများသည် ပိတ်သိမ်းသွားခဲ့သော ဒီနေ့မှ စတင်ကာ အပြင်တွင် လွတ်နေ တုန်း ခရီးလွန်းသွားနေကြသည် တစ်ရံတစ်ခါသော အချိန်သည် ထင်းရူးရွက်ချွန်ချွန်များတလျှောက်ရှင်သန် နေသော ငေးမောကြည့်နေခြင်းများအဖြစ် သေဆုံးသွားကြသည် ဗျပ်စောင်းသည် အလိုလျောက်နားထောင်မည့် သူမရှိသည့်တိုင် မန်းမှုတ်နေပေး၏ ပိတ်ထားသောအခန်းများ၏ မှောင်ရိပ်သည် သုံးကြိမ်မြောက်တွင် ရယ်သံများ ၏ ပြောင်းစေ့များထက်ပင် ပို၍‌ဝေးကွာစွာဖြင့် ပျော်ပွဲစားထွက်သူကြီးဖြစ်သည် မကျေနပ်ဖွယ်များရှိသည့်တိုင် ရှေး ရိုးစဉ်လာတို့သည်ပင်လျှင် အကြွင်းမဲ့ဖြစ်သော အရာတို့ထက်ပင် နောက်ထပ်ဘာများတွေ့နိုင်ဉီးမည့် အပြုအမူမဲ့မှု ဆိုင်ရာ အခွင့်အရေးများနှင့် အဆုံးအစမဲ့လေဟာနယ်ထဲသို့

၎င်း (၃.၂.၂၀၂၀)


Wednesday, January 1, 2020

အိမ်အရောက်ပို့ပေးသည်



အရေးအသားတွေ၏ အစသည် မုရိုးပွင့်များလှန့်ထားသည့်မူကြိုဖြင့် စတင်ခဲ့၏။ ကောင်းကင်ဘုံက အရုပ်သည် အရုပ်ထဲက ကောင်းကင်ဘုံထဲမှာ အရုပ်အဖြစ်တည်ရှိနေခဲ့၏။ ၀ါယာကြိုးများ၏ သမိုင်းကြောင်းသည် လဆန်း၊ လဆုတ်ရက်များတွင် အမျိုးမျိုးအထွေထွေပြောင်းလဲနိုင်စွမ်းကို အကြေးခွံ၏ အာရုံခံစနစ်ဟု အတပ်အအပ် ဘယ်သူနည်း၏။ မည်သူများ၏ ဖိနပ်သည် တက်ကြီးသည်ဟု သြချကြသကဲ့သို့၊ သူတို့၏ အတွေးများမှ တစ် ဆင့် အဆိုပါ စီမံကိန်း၏ ဘားတန်းကို အဘယ်ကြောင့် ကြွက်ဖြူပြုခဲ့ကြကာ ပျက်ယွင်းသွားသည်။ ဒြပ်မဲ့ အပြုံး တစ်ခုမှ ပြဿနာ၏ အကောင်အထည်သည် အသားများ၏ လောက်များနည်းတူ ကြေကွဲ၀မ်းနည်းဇာတ်တွင် တစ်နည်းအားဖြင့်ခဲ့သည်။ လေထဲမှ လေထဲသို့ ပြောင်းလဲမှုသည် မည်သို့သော သီးခြားအမှတ်လက္ခဏာများဖြင့် ယှက်လုပ်ထားခဲ့ကြတာြဖစ်သည်။ မန်းထဲမှ အမည်စာရင်းများကို ဖျက်ပစ်လိုက်နိုင်သည်။ သို့သော် မီးဇာကုန်ခ မ်းသည့် အဓိပ္ပာယ်နှင့် လိုက်လျောညီထွေသမှုဖြစ်စဉ်ထဲမှ သေဆုံးမှု ၂.၂ဆိုင်ရာကို စုံစမ်းစစ်ဆေးခြင်းများသည် မို ဗီဒစ်၏ အိပ်မက်ထဲမှ အိမ်တစ်လုံးသာဖြစ်ချေ၏။ ၎င်းကိုယ်တိုင်ပင် ထမင်းစာခန်းမှာ မူး‌‌‌ေ၀ခဲ့ဖူးကြောင်း ၂၁ ရာစု ကဗျာဆရာတစ်ဦး၏ ကဗျာတစ်ပုဒ်တွင် ဖွင့်ဟ၀န်ခံထား၏ ခူးဆွတ်ခါနီး ညပိုင်းတွင် ရက်လွန်သွားသည့် အဆီတစ်သျှူးများကဲ့သို့ပင်။ မွေးမြူရေခြံများထဲမှ ကျောက်ပေါက်မာများ၏ အခက်အလက်တစ်ခုဖြစ်သော သေနတ်တစ်လက်သည် အစောင့်အကြီးအကဲ၏ နယ်နိမိတ်အပြင်ဘက်မှ အလောင်းကောင်ကို သတိပြုရမည့် ကြိုးဆွဲချကစားနည်းတစ်မျိုးအဖြစ်လာနေချေပြီ။ အမှောင်ချထားသည့် နေမင်း၏ အပြင်ပိုင်းသဏ္ဍာန်၌ နောက် ထပ် မဲပြာပုဆိုးပြုမည့် ခေတ်သစ်အခြေပြုဓာတုပြည့်တန်ဆာကို အပြုသဘောဆောင်သော သုံ့ပန်းမှ ပေါင်းစပ် မြက်သဖွယ် ပြိုးပြွမ်း၍ ဒေါင်းကို ရှင်စေသတ်၏။ ထိုမှတစ်ဆင့် ဇာတ်လမ်း၏ အဆုံးသတ်တွင် ပွင့်လန်းလာအခ မည့် မီးခလုတ်ပိတ်ခြင်းသည် လျှာပေါ်မှအတင့်ရဲသည့် အဆင်သင့်အုတ်ဂူဖနောင့်နှင့် နာတာလှည့်အရက်နံ့အဖြစ် ဒင်္ဂါးတစ်ဖက်မှ မီးခလုတ်၏ အ‌‌ၑေးသို့ စိတ်ကူးယဉ်သေဆုံးကြချေတမုံ့။ လတာအောက်မှ နှစ်များသည် မြို့ပြ၏ တံခါးအတွင်းပိုင်းဆီသို့ ပြစ်ဒဏ်ခံနေရသော ၀ါကျတချို့နှင့် ပူးပေါင်းကာ မြေဆွေးများ၏ အပေါ်ယံအလွှာအ ဖြစ် ရှေးဟောင်းအနံ့တစ်ခုအဖြစ် ကန့်သတ်စွာ စေတနာခဲ့သည်။ သဘာ၀အဆုံး၏ အလယ်တင် မျက်စိဖြင့် မမြင်ရသော သို့တည်းမဟုတ် ဘေးဘီကြည့်၍ ဖြစ်ပုံ၏ အဓိပ္ပာယ်အလယ်ဗဟိုမှ ဇိမ်အိပ်သည့်ခန်းမှ ဘရိတ်အု ပ်ခံထားရသော သော့ခလောက်များဖြင့် မှန်ထဲမှ ကမ္ဘာကြီးဆီသို့ ပစ်လွှတ်တင်ရန် မြင်နေရသည်။ ဖြစ်ပြီးခဲ့သမျှ သည် ပြန်လည်ဖြစ်တည်လာရန် လေထဲမှ တူရိယာကို လှည့်စား၍ ပြန်လည်မျက်မြင်သက်သေကာ တူညီစေ သော အထက်အောက်ဖိစီးမှုသျှောင်ထုံး၏။ အထောက်အထားတစ်ရပ်၏ သက်တမ်းသည် သုံးစွဲမှုပြီးမြောက် သည်အထိ ဆက်လက်ပျောက်ကွယ်နိုင်သလိုမျိုး၊ ဆန့်ကျင်ကွာဟချက်မှတစ်ဆင့်၊ ၀ိမုတ္တိဖြစ်နေသည်ကို မြင်ခဲ့ ၏။ အရွယ်ရောက်လာကြကုန်သော သ‌င်္ကေတအစီအစဉ်မှ အညွှန်းခံများ၏ လမ်းကြောင်းသည် အယူအဆစီသို့  တစ်ဖက်သတ်ဆန်သည့် နှီးနွယ်မှုဖြင့် တစ်သီးပုဂ္ဂလ၀င်ရိုးဖြစ်စေသည်။ မတွေ့ရသေးသည့် အမှန်တရားဟုဆို အပ်သော မျက်တောင်အပိတ်တစ်ခုသည် ဘာသာစကားတစ်ခုမှ ကျော်လွန်နေမည့် ဘဲခေါင်းစိမ်းမြို့ကြီးပြကြီး ၏ ပလ္လင်အဖြစ် ရှိသွားစေလိမ့်မည်။ လွန်မြောက်စေလိုသော ပြဆတနမှုသည် မူလအရင်းအမြစ်ထဲမှ တိတ် ဆိတ်စွာရွေးချယ်နိုင်သည့် ညွှန်းဆိုအရာတစ်ခုအဖြစ် အကြွင်းမဲ့သစ်ပင်ခဲ့သည်။ သညာအတွင်းမှ အရောင်ရွေး ချယ်နည်းများသည် ပထမဆုံးအနေဖြင့် သိမှုမှ ကျော်လွန်နေသော လူမှုအတည်ဆောက်ခံ မုန်တိုင်းဆန်သော စက်ဘီးစီးနင်းခြင်းဖြစ်သည်။ သိကြားမင်းသည် မည်သူနှင့်တူသနည်း။ လေဟာနယ်၏ အကျင့်စရိုက်သည် အရေးအသားများထဲတွင် ဂူအောင်းမြားတစ်စင်းမှ တစ်ဆင့်ခံ ခွဲခြမ်းစိတ်ဖြာထွက်လာသည့် အရင်ဆုံးရှင်းပြမှု တစ်ရပ်သာဖြစ်သည်။

၎င်း (1.1.2020)