အရေးအသားတွေ၏ အစသည် မုရိုးပွင့်များလှန့်ထားသည့်မူကြိုဖြင့် စတင်ခဲ့၏။ ကောင်းကင်ဘုံက အရုပ်သည် အရုပ်ထဲက ကောင်းကင်ဘုံထဲမှာ အရုပ်အဖြစ်တည်ရှိနေခဲ့၏။ ၀ါယာကြိုးများ၏ သမိုင်းကြောင်းသည် လဆန်း၊ လဆုတ်ရက်များတွင် အမျိုးမျိုးအထွေထွေပြောင်းလဲနိုင်စွမ်းကို အကြေးခွံ၏ အာရုံခံစနစ်ဟု အတပ်အအပ် ဘယ်သူနည်း၏။ မည်သူများ၏ ဖိနပ်သည် တက်ကြီးသည်ဟု သြချကြသကဲ့သို့၊ သူတို့၏ အတွေးများမှ တစ် ဆင့် အဆိုပါ စီမံကိန်း၏ ဘားတန်းကို အဘယ်ကြောင့် ကြွက်ဖြူပြုခဲ့ကြကာ ပျက်ယွင်းသွားသည်။ ဒြပ်မဲ့ အပြုံး တစ်ခုမှ ပြဿနာ၏ အကောင်အထည်သည် အသားများ၏ လောက်များနည်းတူ ကြေကွဲ၀မ်းနည်းဇာတ်တွင် တစ်နည်းအားဖြင့်ခဲ့သည်။ လေထဲမှ လေထဲသို့ ပြောင်းလဲမှုသည် မည်သို့သော သီးခြားအမှတ်လက္ခဏာများဖြင့် ယှက်လုပ်ထားခဲ့ကြတာြဖစ်သည်။ မန်းထဲမှ အမည်စာရင်းများကို ဖျက်ပစ်လိုက်နိုင်သည်။ သို့သော် မီးဇာကုန်ခ မ်းသည့် အဓိပ္ပာယ်နှင့် လိုက်လျောညီထွေသမှုဖြစ်စဉ်ထဲမှ သေဆုံးမှု ၂.၂ဆိုင်ရာကို စုံစမ်းစစ်ဆေးခြင်းများသည် မို ဗီဒစ်၏ အိပ်မက်ထဲမှ အိမ်တစ်လုံးသာဖြစ်ချေ၏။ ၎င်းကိုယ်တိုင်ပင် ထမင်းစာခန်းမှာ မူးေ၀ခဲ့ဖူးကြောင်း ၂၁ ရာစု ကဗျာဆရာတစ်ဦး၏ ကဗျာတစ်ပုဒ်တွင် ဖွင့်ဟ၀န်ခံထား၏ ခူးဆွတ်ခါနီး ညပိုင်းတွင် ရက်လွန်သွားသည့် အဆီတစ်သျှူးများကဲ့သို့ပင်။ မွေးမြူရေခြံများထဲမှ ကျောက်ပေါက်မာများ၏ အခက်အလက်တစ်ခုဖြစ်သော သေနတ်တစ်လက်သည် အစောင့်အကြီးအကဲ၏ နယ်နိမိတ်အပြင်ဘက်မှ အလောင်းကောင်ကို သတိပြုရမည့် ကြိုးဆွဲချကစားနည်းတစ်မျိုးအဖြစ်လာနေချေပြီ။ အမှောင်ချထားသည့် နေမင်း၏ အပြင်ပိုင်းသဏ္ဍာန်၌ နောက် ထပ် မဲပြာပုဆိုးပြုမည့် ခေတ်သစ်အခြေပြုဓာတုပြည့်တန်ဆာကို အပြုသဘောဆောင်သော သုံ့ပန်းမှ ပေါင်းစပ် မြက်သဖွယ် ပြိုးပြွမ်း၍ ဒေါင်းကို ရှင်စေသတ်၏။ ထိုမှတစ်ဆင့် ဇာတ်လမ်း၏ အဆုံးသတ်တွင် ပွင့်လန်းလာအခ မည့် မီးခလုတ်ပိတ်ခြင်းသည် လျှာပေါ်မှအတင့်ရဲသည့် အဆင်သင့်အုတ်ဂူဖနောင့်နှင့် နာတာလှည့်အရက်နံ့အဖြစ် ဒင်္ဂါးတစ်ဖက်မှ မီးခလုတ်၏ အၑေးသို့ စိတ်ကူးယဉ်သေဆုံးကြချေတမုံ့။ လတာအောက်မှ နှစ်များသည် မြို့ပြ၏ တံခါးအတွင်းပိုင်းဆီသို့ ပြစ်ဒဏ်ခံနေရသော ၀ါကျတချို့နှင့် ပူးပေါင်းကာ မြေဆွေးများ၏ အပေါ်ယံအလွှာအ ဖြစ် ရှေးဟောင်းအနံ့တစ်ခုအဖြစ် ကန့်သတ်စွာ စေတနာခဲ့သည်။ သဘာ၀အဆုံး၏ အလယ်တင် မျက်စိဖြင့် မမြင်ရသော သို့တည်းမဟုတ် ဘေးဘီကြည့်၍ ဖြစ်ပုံ၏ အဓိပ္ပာယ်အလယ်ဗဟိုမှ ဇိမ်အိပ်သည့်ခန်းမှ ဘရိတ်အု ပ်ခံထားရသော သော့ခလောက်များဖြင့် မှန်ထဲမှ ကမ္ဘာကြီးဆီသို့ ပစ်လွှတ်တင်ရန် မြင်နေရသည်။ ဖြစ်ပြီးခဲ့သမျှ သည် ပြန်လည်ဖြစ်တည်လာရန် လေထဲမှ တူရိယာကို လှည့်စား၍ ပြန်လည်မျက်မြင်သက်သေကာ တူညီစေ သော အထက်အောက်ဖိစီးမှုသျှောင်ထုံး၏။ အထောက်အထားတစ်ရပ်၏ သက်တမ်းသည် သုံးစွဲမှုပြီးမြောက် သည်အထိ ဆက်လက်ပျောက်ကွယ်နိုင်သလိုမျိုး၊ ဆန့်ကျင်ကွာဟချက်မှတစ်ဆင့်၊ ၀ိမုတ္တိဖြစ်နေသည်ကို မြင်ခဲ့ ၏။ အရွယ်ရောက်လာကြကုန်သော သင်္ကေတအစီအစဉ်မှ အညွှန်းခံများ၏ လမ်းကြောင်းသည် အယူအဆစီသို့ တစ်ဖက်သတ်ဆန်သည့် နှီးနွယ်မှုဖြင့် တစ်သီးပုဂ္ဂလ၀င်ရိုးဖြစ်စေသည်။ မတွေ့ရသေးသည့် အမှန်တရားဟုဆို အပ်သော မျက်တောင်အပိတ်တစ်ခုသည် ဘာသာစကားတစ်ခုမှ ကျော်လွန်နေမည့် ဘဲခေါင်းစိမ်းမြို့ကြီးပြကြီး ၏ ပလ္လင်အဖြစ် ရှိသွားစေလိမ့်မည်။ လွန်မြောက်စေလိုသော ပြဆတနမှုသည် မူလအရင်းအမြစ်ထဲမှ တိတ် ဆိတ်စွာရွေးချယ်နိုင်သည့် ညွှန်းဆိုအရာတစ်ခုအဖြစ် အကြွင်းမဲ့သစ်ပင်ခဲ့သည်။ သညာအတွင်းမှ အရောင်ရွေး ချယ်နည်းများသည် ပထမဆုံးအနေဖြင့် သိမှုမှ ကျော်လွန်နေသော လူမှုအတည်ဆောက်ခံ မုန်တိုင်းဆန်သော စက်ဘီးစီးနင်းခြင်းဖြစ်သည်။ သိကြားမင်းသည် မည်သူနှင့်တူသနည်း။ လေဟာနယ်၏ အကျင့်စရိုက်သည် အရေးအသားများထဲတွင် ဂူအောင်းမြားတစ်စင်းမှ တစ်ဆင့်ခံ ခွဲခြမ်းစိတ်ဖြာထွက်လာသည့် အရင်ဆုံးရှင်းပြမှု တစ်ရပ်သာဖြစ်သည်။
၎င်း (1.1.2020)
No comments:
Post a Comment