မယူနိုင်တာတော့ အဲဒီအောက်ကငြိမ်းနဲ့တူသတဲ့
ယေဘုယျတွန်းအား နှေးကွေးစွာဖြင့်အပြစ်ဒဏ်
အိပ်မက်မက်နေဆိုးတဲ့ဆီကိုတွန်းပို့
ဖြုတ်ချထားပုံပန်းသွင်ပြင် ၄င်းတို့အနေဖြင့်
ခွဲစိတ်ဓါးပါတဲ့မီးတိုင်
ခုနကကျက်သရေခန်းထဲကိုပေါ့ဆိမ့်အိုအာလာ လျင်မြန်စွာတိတ်တဆိတ်ခိုးယူ
မြန်မြန်တောက်ပကျပ်စည်းအပြည့်ထဲက
အပြင်မှာ အမြှီးတွေ
အပြုံးရောဂါတွေကူးစက်လာပြီ
ကျိုင်းကောင်တွေရဲ့အံသြဖွယ်ရာပြုံးသေးတော့
ပြောလိုက် သောက်ဖော်သောက်ဖက်
နေချင်ခဲ့တဲ့ဆန္ဒရှိနေပပက
အတိုင်းအတာတစ်ခုကို ခွဲခြမ်းစိတ်ဖြာပြီး
ဂလက်ဇီတွေထဲက ကွဲပြားခြားနားမှု
ရုတ်တရက် စာအုပ်အတုနဲ့လာရောက်ထုတ်ယူတာကို
တရားဆွဲထားပြီးပြီ
ကျန်တဲ့ဆုံဆို့နာတွေကိုလည်း
ကျူးလွန်မှုအလိုက် မျက်လုံးတစ်လုံးတည်းအတွက်မျက်မှန်လုပ်ပြီး
ပျက်စီးလွယ်တဲ့ပစ္စည်းစာရင်းမှာ
ကပြခြင်း ကာလ အလုံးနှစ်ဆယ်မြောက်အက္ခရာကို
ဖားတစ်ပိုင်းငါးတစ်ပိုင်းလုပ်ပြီး
ပေါ်ပေါက်လာတဲ့ အတွင်းဆုံးပိုင်း
ထိပ်ဖျားကနေ အသံကုန်ဟစ်အော်လိုက်တယ်
ပြွန်ချောင်းရဲ့အလျားအလျားလို့ပေါ့
ဒါနဲ့ပဲ နောက်လင်ငယ်မလာအောင်
ခုတင်တိုင်ခြေတွေဖြတ်လိုက်တယ်
မြစ်တစ်စင်းထဲကို အစိမ်းရောင်လို အကြမ်းအားဖြင့်အသံလွှင့်ခြင်း
ပုဂ္ဂလိကပဟေဠိဆန်သောကတ္တားပေါ်
ဟန်ချက်ညီစွာ တစ်ခုတည်းမကတစ်ခု
အလံနဲ့ အချက်ပြဆက်သွယ်တဲ့စနစ်မှာ
ပြေးလွှားခြင်းတွေကိုသိုလှောင်ထားခဲ့ပြီး
ရွှံစေမှပန်းကန်ခွက်ယောက်လုပ်တဲ့အတတ်ပညာက
လက်သည်းနဲ့အရေပြားကို ကုတ်ခြစ်မှု
တဟဲဟဲရေစီးသံကို ၀ါကျဖြတ်တောက်တဲ့
သင်္ကေတလိုမျိုး ဆွဲဆောင်တယ်
ဒါတွေက အဓိကစက္ကူတွဲချုပ်ရန်အပ်ငယ်လေး
တစ်ဆက်တည်း ကဗျာတွင်ပါရှိသော ကဗျာပိုဒ်လေးကို
အရည်တွင်နှစ်လိုက်တယ်
အရာအားလုံးကို ကိုင်းဖြာတည်ငြိမ်စေဖို့ အဆင့်အတန်း
၁၄ဂါလံဆံ့ လမ်းညွှန်ဆိုင်းဘုတ်က
အရေးပေါ်ဖုန်းဆက်သွယ်မှုအက္ခရာတွေ ပါဝင်ပြီး အရည်ပျော်
စာခြောက်ရုပ်တွေမှာ ပြစ်ချက်ကုတ်-၇၈
က
များသောအားဖြင့် အရည်တစ်မျိုးမျိုး
သိုလှောင်ထားသော အလုံပိတ်နယ်များ (ဥပမာ-တံဆိပ် သားရဲတွင်း သတိလည်လာစေသည်)
နေမွန်းမတည့်မီအချိန်အထိ
Bangka-Wayans ဖြစ်နေပြီး နံနက်စာရဲ့အရေးကြီးတိုးတက်မှုတွေ့ရှိချက်
သတိပြုမိအောင် ရောနှောလိုက်တယ်
ဒါက ဈေးဆစ်သလိုမျိုး နှစ်-နှစ် တစ်ကြိမ်ဖြစ်ပွားတတ်လို့
ဘယ်သန်သောဆက်ဆံရေးမှာ
ပွဲလမ်းထဲကို ခုံတန်းကြားရှိလူသွားလမ်းလုပ်လိုက်တယ်
အထုံးများစွာပါတဲ့ ငိုက်မှေးကျွမ်းကျင်လိမ္မာမှု
ငှားအိပ်ရသောကုတင်တွေ ကိုဒတ် အချက်ချက်
ကြောင်ကလေးနဲ့တူတဲ့ပူးပေါင်းပါဝင်မှုရောဂါဗေဒက
ပျံပျံနှံနှံချွေးထွက်တွားသည် ၏
ကြက်လျာစွန်းအဓိကအကြောင်းအရင်းမှာ
တွက်ချက်သည် အရှေ့အနောက်အချိုး
ထောင့်မှန်စတုဂံပုံစံရှိတဲ့
စက်ဝိုင်းကိုတစ်ဦးထံမှတစ်ဦးမေတ္တာပို့သကြောင်း မိတ္တူပွားသလို
ပေါ်အောက်တင်ချရသောဆားပါဝင်မှုရောင်းချရန်မရှိသောပေါ်အောက်တင်ချရမှု
သူတစ်ပါးကိစ္စကိုနှာဝင်ချေလိုက်တယ်
အဲဒီမြေပုံကိုပိုကောင်းအောင် ကုလားမခြေထောက်ဖြစ်တုန်း
ပျက်ယွင်းမှုနဲ့အဓိပ္ပါယ်ဆင်တူ=နနြေ
၊ ယူသည် အမြိတ်
အရည်မရအဖတ်မရရှာဖွေခြင်း
မေးခွန်းများဖြေသည် တင်းနစ်ကစားနည်းမှာ
တိရိစ္ဆာန်တွေကို ဦးနှောက်ခြောက်ခံပြီး
ရှုံချည်ပွချည်သွေးတိုးတုန်း
တူတယ် ပဲစိလို ပြောင်းရွေ့ခံလိုက်ရတယ်
စကတ်ကအထက်သို့လန်တက်သွားတယ်
နံရံနဲ့ကြမ်းခင်းထိစပ်သောနေရာတွင် ရှိတဲ့ခါးပန်းပျဉ်မှာ
ထွက်နေတဲ့အသံများကို
ကြည့်ရှု့စစ်ဆေးတဲ့ သရက်ရွက် ဂဏန်းသင်္ချာနှုတ်တဲ့ဆင်ခြေဖုံးထဲက
အမြဲတမ်း
အနှောက်အယှက်ပြုတဲ့ ချည်မျှင်တွေလို
သမ်းဝေလို့
အရေးကြီးမားစွာ ပြောင်းလဲလိုက်တယ်
၎င်း(28.9.2014)