Saturday, September 6, 2014

တွေ့ရလိမ့်မည်ဟု မျှော်လင့်ရုံမျှမက




ဒါပေမယ့် ရပ်နားနေချိန်မှာမတက်ခဲ့ရင် ခါလိုက်ဖို့လိုတယ် တွေလို((((မူးယစ်နေလိုက်တာ
ပိုကောင်းတဲ့နည်းတစ်ခု ယုတ္တိအရပေါ့
ဟောဒီမိုက်မဲမှုကနေပြီး ရေပန်းစားလာသည့်အချက်
လက်ရာထဲတွင်
ဆုံးဖြတ်ချက်များကိုသာ မည်မျှလှစ်ဟပြ
သည့်စွမ်းအားကိုလည်း ဖော်ကျူးနိုင်စွမ်းမရှိ
ပေါက်ကွဲဟန်ထွက် နေရာတွင်ရှိသ်ည ပစ္စည်းတစ်မျိုးမှလွဲ၍ယင်းတို့၏ ပေါ့လျော့မှု
လေးထောင့်ဖြစ်အောင်မလုပ်
နိုင်သည့် ဂျီသြမေတြီစက်ဝိုင်းအလွှာများရဲ့ အချက်အလက်သုံးစွဲမှုူ
မှနေ၍ အလွှာများဖြစ်အောင်ခွာယူခဲ့ကြောင်း
စားကျက်ပြောင်း သည်လိုမပြောင်းမလဲအရိပ်အကဲမျိုးကို
လင်းတစ်ဝက်၊ မှောင်တစ်ဝငက် အရွယ်အစားအကြီးဆုံးရအောင် တောင်းပန်ပါတယ်

ရေပလုံစီထလာပုံရ သည်နေရာတွင် အရာရာကိုမေ့လျော့ခြင်းတရား
လန့်ဖျပ်ပြီး မှိန်းသွားကိုတွေး/သွေးနေရင်း သတ်ဖြတ်ခြင်း
ဒီလိုပုန်းနေရာက ထွက်အောင်ပုန်းရမှာ
ပေါက်တူးအရိုးတစ်ချောင်း အသွင်ပြောင်းတဲ့အထိ

နှိုင်းယှဉ်ပြသမှုထဲ၌ အံချော်နေမှုမျက်လုံးများ တစ်ပြိုင်တည်း

ယုန်နားရွက်ထက်သေးငယ်သည့် နားရွက်ကလေး၏အမြင်စွမ်းအင်

ချဉ်းကပ်လေ့လာရန်မဖြစ်နိုင်ပါ။ သို့ဆိုလျှင် ဘာဆက်လုပ်ရမည်နည်း
အကျိုးသင့်အကြောင်းသင့်သုတ်လိမ်းသည့်အဖြစ်က

တခြားနေရာ

၎င်း(10.9.2012)

No comments: