သို့
မစ္စတာ/မစ္စစ် ဒီးန်ယန်းဂ်
အန်ကယ်ရေ သတိရစွာနဲ့စာရေးလိုက်ပါတယ်။
အန်တီဟာ ဘယ်နေရာရောက်နေလဲ ကျွန်မကိုယ်တိုင် အတိအကျမသိပါဘူး။ အထူးသဖြင့် အန်ကယ့် အိမ်က
ခွေးလေးသေတာ ဒီနေ့ထုတ်သတင်းစာထဲမှာ တွေ့လိုက်ရတဲ့အတွက် အရမ်းစိတ်မကောင်းဖြစ်မိပါတယ်။
အန်ကယ်ရဲ့ ကဗျာလား ဘာလားတော့ မသိဘူး ဒါနဲ့စကားမစပ် အန်ကယ့် ယောက်က်ျားရော နေကောင်းပါရဲ့လား။
အထူးသဖြင့် အုပ်စုလိုက် ကြယ်တွေကို တွေရလိမ့်မယ်။
သူမကို ယောင်စုံဖယောင်းတိုင်တွေနဲ့ထွန်းရတယ်လေ။
ဒါတွေကို အန်တီမှတ်မိလား။ သင်မနေ့က သွားခဲ့တဲ့နေရာ တစ်ခုက တစ်စိမ်းတစ်ယောက်နဲ့တွေ့ခဲ့သလို
ထုတ်ပြလိုက်။ ရေမျောလိုက်ပါ။ အန်ကယ်အခု ၁၀နာရီ ၅၉မိနစ်ရှိပြီ အန်ကယ်ဘာအတွက်မေးတာလဲ။
အန်ကယ်အချိန်က ဘယ်မှာလဲ
ဘယ်လောက်လဲ။ လွန်ခဲ့တဲ့
နှစ်က အန်တီ ၁၀နှစ်ပြည့်မွေးနေ့ပွဲ မတက်နိုင်တဲ့အတွက်တောင်းပန်ပါ တယ်။ အန်တီတော့သိမှာမဟုတ်ဘူး။
အန်တီ နှလုံးအစားထိုးကုသရင်း အန်တီသေဆုံးသွားတာကို အန်တီမသိစေလိုလို့ မပြောဖြစ်တာတောင်းပန်ပါတယ်။
အခုမှသိလို့ စိတ်မကောင်းမဖြစ်ပါနဲ့။ အန်ကယ်ရေ သားအတွက် မှန်ကောင်းကောင်းတစ်ချပ်ပို့လိုက်ပါတယ်။
အဲဒါတွေ ကျွန်တော့ဆီမှာ ရှိနေတယ်လေ။ အခုအမိုးဒိုင်းအောက်က ရေငုပ်သမားတွေ ရေမွန်းပြီးသေကုန်ပြီ။
ညနေပြန်ရောက် မှာလား ထမင်းစားမလား ဂျင်ပြုတ်ရေသောက်မလား။ ဒါနဲ့ ချစ်လေးက ဘာရောဂါဖြစ်နေတာလဲ။
ပုရွက်ဆိတ်ရဲ့အကြွေးတွေ ၈၂သိန်းရလိုက်တယ်။ ကိုယ်ဟာ မဟုတ်ပါဘူး။ ငှက်လှောင်အိတ်တွေ ပစ်
ပေါက် သံဖြစ်တဲ့သီချင်းတွေ ခင်ဗျားရဲ့စောက်အသုံးမကျတဲ့ သစ်ရွက်တွေက မိတ္တူမှန်ထုတ်ပေးဖြစ်လို့
ကျေးဇူးတင်ပါတယ် အန်ကယ်။ ပြီးဆုံးတယ်လို့မရှိတဲ့ ရှင်သန်မှုကြီးကို အန်ကယ်ပိုင်ဆိုင်သွားခဲ့ပြီ
အန်ကယ်ရဲ့ခန္ဓာကိုယ်ကိုမီးသဂြိုလ်ပစ်လိုက်လို့ တွေးမပူနဲ့ ကျန်တဲ့ရှင်သန်မှုအတွက် ကွန်ပြူတာစနစ်
တွေကထိန်းချုပ်သွားမှာပါ အန်ကယ်ငယ်ငယ်တုန်းက
သမီးရင်ခွင်ထဲမှာ အိပ်စက်နေခဲ့တာကို အခုမေ့သွားတယ်။ ညစ်ပတ်နေတဲ့ သမီးရဲ့လိင်တံက သုတ်ရည်တွေကို
အထဲကိုဝင်ချင်ရင် အပြင်ကိုထွက်လိုက်ပါ။ ကြာတော့ အမေ့ရဲ့လိင်အင်္ဂါပေါက်လို အဲဒ်ီအချိန်မှာသဘောပေါက်သွားတယ်။
ငါ့ကိုမေ့လိုက်ပါ။ မင်းဘာမှမသိပါဘူး။
သုံးသောင်းတဲ့။ ခင်ဗျားလုပ်တဲ့အလုပ် ကျွန်မကိုမိတ်ဆက်ပေး ပါဦး။ မင်းရဲ့မျက်လုံးကို
ပိတ်မထားဖို့ပြောနေတယ်လေ။ သင်သွားလာတတ်တဲ့ နေရာရယ်၊ ရေချိုး တဲ့အခန်းတစ်ဝိုက် ကြွက်သတ်ဆေးချထားတယ်ဆိုတာမျိုး
ခင်ဗျားဒီစာ မဖတ်ခင်စဉ်းစားနေတာကို ပြန်စဉ်းစားလိုက် ဒါက အိမ်မြှောင်တစ်ကောင်ရဲ့ဂုဏ်သိက္ခာကို
စော်ကားရာတော့မရောက်ပါဘူး။ အခုသင်ဟာ ဖုန်းရှေ့မှာရှိနေတာဖြစ်ရင်ဖြစ်၊ မဖြစ်ရင်ကွန်ပြူတာတစ်လုံးရှေ့မှာ
ဒါမှမဟုတ် ကျောက်သင်ပုန်းတစ်ခုကို ကိုင်ထားတာပေါ့။ ခင်ဗျားရဲ့သိမှုဗေဒအရ ဒီစာတွေရဲ့တည်ဆောက်ပုံကို
ဘာလဲလို့ လေ့လာနေမယ်။ ပြီးတော့ ခင်ဗျားဘာဖြစ်မှာ ကျုပ်လုပ်မဟုတ်ဘူး။ အဲဒီအတွက် အခု
သီတင်းကျွတ်မှာ ခင်ဗျားကိုကန်တော့ဖို့လိုမယ်လို့ထင်တယ်။ မှတ်မိသေးတယ် အန်ကယ်ငယ်ငယ်က
ပုခတ်ထဲ သေးပေါက်ပေါက်ချတာကို အခုတော့ အန်တီရဲ့သားကိုမေးကြည့်။ သားမှာအဖိုးကိုပြောဖို့
အများကြီးရှိနေသေးတယ်။
အဖွားဒီးန်ယန်းဂ်ရေ အဖွားအတွက်
ဆွယ်တာတစ်ထည် ဖေ့ဘုတ်ကနေ ပို့လိုက်မယ်။ အန်ကယ် မတော်ရင် ဖိုင်ဆိုဒ်ပြောင်းလိုက်ဝတ်ပေါ့။
လျှပ်စစ်မီးရှိတုန်း အန်တီဆီက သိချင်တာတွေ ဆက်သွယ်ထားမယ်။ ဒါမှမဟုတ်လည်း အန်တီနဲ့အိပ်မက်ထဲတွေကြတာပေါ့။
အန်ကယ့်သားက အန်ကယ်ငယ်ငယ်တုန်းက လိုချင်တာ၊ ပူဆာတာမှန်သမျှ အလိုလိုက်ခဲ့တာ အဖိုးဖြင့်
ပြန်သတိရ တယ်။ တစ်ခါတစ်လေ ကို စောင့်နေရုံပဲ။ အဲဒါတွေက သိပ်ချိုတဲ့သကြားတွေပေါ့။ အန်ကယ်ကို
မမြင်ဖူးပေမယ့် သိပ်သဘောကောင်းမှန်းနားလည်လိုက်ပါတယ်လားဗျာ။ မကြာခင် တယ်လီနော့ဖုန်း
ကဒ်တွေထွက်တော့မယ်။ ကျွန်တော့အထင် ကမ္ဘာကြီးကိုရောင်းလိုက်ပြီလေ။ ၄င်းပြောပုံအရ တစ်ရှုးနည်းနည်းလောက်ပေးပါလားလို့တော့ကြားတယ်။
ဒါပေမယ့် ဖုန်းကို သောက်ပစ်လိုက်တယ် လေ။
ညီလေးဒီန်ယန်းဂ်နဲ့ပတ်သက်မှုကို
ပြန်တွေးမိရင် စာရွက်တစ်ရွက်က တွေ့ပြီလိုမျိုး အင်းလိုက်။ ဒီမှာ ညီမလေးကတော့ ဘာမှမဖြစ်သလိုနေသွားမှာပါ
အဲဒီအတွက်စိတ်မပူပါနဲ့။ အခုစားနေတဲ့ ၀က်သား ကပုပ်ပွနေတယ်ဆိုတာ မမေ့ဖို့။ မီးလွှတ်ထားတဲ့
ပလပ်ပေါက်ထဲလက်ထည့်လိုက်ဖို့။ ငှက်တွေလို လွတ်လပ်တယ်လို့မထင်မိဖို့။ မြွေတွေဆို ဟစိဟစိမလုပ်ဖို့။
ဒီဘက်ဘေးကနေအဆင်းအတက်လုပ် ဆေးဘူးကို အဖုံးပြန်ဖုံးလိုက်။ သင်လုပ်ထားတဲ့ ART Work ကိုထုတ်ပြလိုက်။ ဆွေးနွေးတင်ပြခဲ့တယ်
နှင်းဟာ ကျလက်စတန်းလန်း ရပ်တန့်သွားခဲ့တယ် အဲဒီစာသားဟာ အခုဖွင့်နေတဲ့သီချင်းမှာ အပြောင်
မြောက်ဆုံးပဲ ဒီအကြောင်းကို မနက်ဖန်ရှင်းလင်းဖို့လုပ်ကြလိမ့်မယ် ကျွန်မဒီလောက်ပဲကြိုပြောလို့ရ
မယ်။ အတွေ့အကြုံကောင်းကောင်းရချင်ရင် အဲဒီကိုသွားပေါ့လို့ Mr. ကရေးခဲ့တယ်။ သူ့သက်တမ်း
တစ်လျှောက်မှာတော့ အအောင်မြင်ဆုံးပဲ။ မှတ်တမ်းအရ သိပ်ရှေးကျလွန်းတဲ့ အမှတ်အသားတစ်ခု
လည်း ပါဝင်ခဲ့တယ်။ သင့်ဒိုင်ယာရီထဲမှာမှတ်ထားပုံအရတော့ မိန်းကလေးတစ်ယောက်ဆိုလားပဲ။
ဘာပဲဖြစ်ဖြစ်ပါ ဖုန်းရောင်းထွက်ဖို့က အရေးကြီးတယ်။ ခင်ဗျားရေးထားတဲ့ သောကြာဂြိုလ်သားတွေ
ရဲ့ လိင်ဆက်ဆံမှုနည်းအသစ်တွေကို ဂြိုလ်သားဘာသာက ပြန်ဆိုလိုက်ရင် ၀က်ဝက်ကွဲအောင်မြင်မှာ
သေချာတယ်။ ၄င်းကြားဖူးပုံအရ လူတွေက လိင်ကိစ္စကို သိပ်စိတ်ဝင်စားကြတာ။ ကိုယ်တို့နားမလည်
တဲ့ ဂြိုလ်သားဘာသာစကားကို ကျွမ်းကျင်တဲ့အတွက် သိပ်ကောင်းမွန်တဲ့ အကြမ်းဖက်မှုတစ်ရပ်ပဲ။
ဒီအကြောင်းလူတွေတော်တော်များများသာ သိကြည့်ခင်ဗျား သိပ်ပျော်ရွှင်သွားမှာပဲ။ ပျော်ရွှင်မှုတော့
ကျွန်မမသိသေးဘူး။ ဒီစာကိုဒီမှာပဲ အဆုံးသတ်လိုက်ပါတယ် သင်စာဖတ်ရှုမှု အဆုံးသတ်ခဲ့ပါပြီ
၎င်း(10.9.2014)
No comments:
Post a Comment