နှာခေါင်းမှာအသားကျနေလောက် မီးလောင်နေသောနေ့ကမိမိမှာ
တံခါးကျည်းဘောင်မဲမဲ မြက်ခြောက်ပင်တွေတင်ကျန်ရစ်
“သယ်….သယ် မြင်သမျှ သယ်” ဆုတောင်းရ ဘုရားတန်ဆောင်းထဲ
စားအုပ်းပုံးကြီးနားရပ်းပြီး အတွေ့အကြုံရှိသူတစ်ဦး
သတိပေးမှ
နှုတ်သီးကြားမှာကောက်လွယ်ပြီး အိမ်ထောင်စုဇယားပါ တရွတ်တိုက်
အောက်သံက သံမံတလင်း သုံးမတ်ပိုက်လုံးလေးက ထွက်
မြောက်ဖက်တံခါးများကို စာကလေးဇွဲ ကသိုင်းရှု
မာစတာဂျစ်နဲ့ဈေးဝယ်လာသော ဖျောက်ဆိပ်ပင် သွားတဲ့လမ်း
မင်္ဂလာဗျော၊ ခြူတီးလုံး၊
ရွှေမန်ကျည်းခုနှစ်ဆင် သုဂတော၊ တေန၊ မောနမော
တောင်ရိုးလမ်းအတိုင်းကျပန်း ၀တ်စားဆင်ယင်ပုံက သံစဉ်မဲ့
မဆလာလေးအုပ်ပြီးချက် ခက်သည်က ‘___________’
ဇာတာ ပါလာခဲ့ဟန်တူသော ညဆိုရင် ကာလသားဟင်း
ကျောက်သွေးခူးချိန်မှာ သူတို့အတင်းတိုးဝှေ့ပြီး
(ပိုက်ဆံအိတ်ထဲမှ) ခပ်သွက်သွက်
(ရေကနဖော့ကလေး) အလျင်တုန်းက (ဓလေ့ထုံးစံအတိုင်း)
(အိပ်မက်ထဲကျကျန်ခဲ့တဲ့)
စတော်ဘယ်ရီသီး (စနစ်သုံးပြတင်းပေါက် ) အခြေခံ (အပြင်ဘက်ဘေး)
သတ်မှတ်အပိုင်းအခြား=လေ့ကျင့်ပေးရန်ကျအလယ်သို့
(စုစုပေါင်း-မင်းဖြူမှန်မှန်ပြော)
(အောက်ပါလိုင်းတားထားသော
ဝါကျ၊ စာစု၊ စကားရပ်) တက်ချင်သူများ မိတ္တူကူးယူရန်
ဘာသာစကားချို့တဲ့မှုရောဂါအရ
(သာလွန်ကောင်းမွန်သောအပြင် သာလွန်ကောင်းမွန်သောအမှ)
မြောက်ကိုရီးယားရောက်သွားတဲ့
(မျောက်) ကို့ကိုချစ်လား (ရီရသလို) ယားနေလား အာ့ယာယား
မြောက်ပြန်လေတိုက်တဲ့ဘက်သို့
အရွက်များယိမ်း ဂဏန်း ၁၂၃၄၅၆၇၈၉၀
အနာစက် အာဏာစက် ကျိန်းစက်
ပူစပ် အိုက်စပ် ရောစပ် တရစပ် ရေစက်
ဘာဆက်ရေးရင်ကောင်းမလဲ
ဘာဆက်ရေးရင်ကောင်းမလဲ ဘာဆက်ရေးရင်ကောင်းမလဲ
ဘာဆက် ရေးရင် ကောင်းမလဲ ဘာ ဆက် ရေး ရင်
ကောင်း မ လဲ ဘာ ဘာ ဘာ ဘာ ဘာ
ဘာဆက်ရေး ရင်ကောင်းမ လဲလဲလဲလဲလဲ
ဘာ ဆက်ရေးရင်ကောင်းမ လဲ
ဘာ ဆက်ရေးရင်မလဲနားငြီးတယ်
သွပ်ပြားကို အပင်ပွတ်ဆွဲသံ
ဘာမှမရှိ ဘာမှမရှိ ဘာမှမရှိ
ဘာမှမရှိ ဘာမှမရှိ
ဘာမှမရှိ
၎င်း(21.6.2013)
No comments:
Post a Comment