Friday, November 14, 2014

မပြီးပြည့်စုံခြင်းဆိုတာဘာလဲ




ဘုရားအဆိုဘက်စဉ်းစားပြီးရင် မာရ်နတ်အဆိုဘက်ကစဉ်းစားမယ်
အများကြီးစဉ်းစားပြီးရင် ဘာမှမစဉ်းစားဘဲနေမယ်
အခုကဗျာရေးပြီးရင် နောက်ကဗျာအကြောင်းမတွေးဘဲနေမယ်
စဉ်းစားစရာမရှိအောင်စဉ်းစားပြီးရင် စဉ်းစားစရာရှိအောင်စဉ်းစားမယ်
Something in The Way ကို နားထောင်ပြီးရင် People=Shit ကိုဆက်မယ်
ဒီနေ့သရဲကြောက်ရင် မနက်ဖြန်သရဲနဲ့ဆော့မယ်
ကဗျာရေးချင်စိတ်ဖြစ်လာရင် ရေးဖြစ်အောင်ရေးဖို့ကြိုးစားမယ် အကယ်လို့
ကဗျာရေးချင်စိတ်ဖြစ်လာရင် မရေးဖြစ်အောင်တားဖို့ကြိုးစားမယ်
အကောင်းဆိုတဲ့အရာတွေလက်ခံပြီးရင် အဆိုးတွေကိုလက်ခံမယ်
လောကနဲ့မောဟအကြောင်းဆက်ဆံတာများရင် ဖြတ်ပစ်ဖို့စဉ်းစားမယ်
လောကကြီးအကြောင်းစဉ်းစားပြီးရင် မစဉ်းစားမိသလိုနေမယ်
မြင်မှုကိုမြင်တဲ့အတိုင်းမြင်မယ် ကန်းတဲ့အတိုင်းလည်းမြင်မယ်
အမြင့်ပြီးရင် အနိမ့်ကိုသွားမယ်
ယောက်ျားအဆိုကိုလေ့လာပြီးရင် မိန်းမအဆိုကိုလေ့လာမယ်
လိင်ကိစ္စကိုငြီးငွေ့အောင်ဝေဖန်သုံးသပ်ပြီးရင် လိင်ဆက်ဆံမယ် ဘာကြောင့်လဲ
တစ်စုံတစ်ခုမရှိဘဲနဲ့ မိမိဘာသာရှင်သန်နိုင်လား
ပြောင်းလဲမှုတွေကြား အဆင်ပြေစွာဖြတ်သန်းနိုင်လား
လူ့ဘ၀ရှင်သန်မှုမှာ ပုံမှန်အရေးအကြီးထိန်းချုပ်ကန့်သတ်ထားတာဘာလဲ
အဖြေနဲ့မေးခွန်းကြား အကွာအဝေးဟာဘာလဲ
မစဉ်းစားခြင်းဆိုတာဘာလဲ စဉ်းစားခြင်းဆိုတာဘာလဲ
ကြိုက်ခြင်းဆိုတာဘာလဲ မကြိုက်ခြင်းဆိုတာဘာလဲ
ဘာလဲဆိုတာဘာလဲ  ဘာလဲဆိုတာဘာလဲ တစ်ခါတစ်ရံဆိုတာဘာလဲ အမှန်တရားဆိုတာဘာလဲ
အစပြုတယ်ဆိုတာဘာလဲ အဆုံးသတ်ခြင်းဆိုတာဘာလဲ

၎င်း(6.11.2012)

No comments: