Monday, May 11, 2015

(၃၅)ကားအ၀င်အထွက်ရောင်းရန်ရှိသည်မှာရေရှည်ဖွံ့ဖြိုးတိုးတက်မှု စာရွက်များ ဒီညမှာ သိပ်ငယ်တာ




နိမ့်ခြည်မြင့်ချည်ဖြစ်နေတဲ့ ကျန်ရှိမှုတွေ နေရောင်ခြည်ထဲမျောလွင့်နေတဲ့ အမှုန်အမွှားတွေလို
ပုံမှန်လမ်းလျှောက်တာထက် ခြေဖျားထောက်တာကပိုဘေးကင်းတယ် အိတ်ပါဝင်စားမှုအရ ကြက်သီးထခြင်း၊ ပျောက်ကွယ်
သွားကြမလား၊ တောင်စောင်းလှေကားထစ်တွေ အိတ်တစ်ခုကိုသွန်ချလိုက်ပြီး လက်သည်းကိုတံစဉ်းနဲ့တိုက်
အဲဒါခဲတံနဲ့တည်ဆောက်ထားတဲ့ ခဲတံပုံလေယာဉ်ပျံ မြှပ်လုဆဲဆဲအနေအထားကနေ ကျူးလစ်လျှို့ဝှက်သင်္ကေတအထိ
လှေကားထစ်တွေမှာ နှာခေါင်းက မျက်လုံးအောက်မှာရှိသလို ပျော်ရွှင်ရင်တောက်ပတဲ့အရောင်တွေဖြစ်လာသလို
ခဏလှည့်ဝင်လာတဲ့ ကြားရတာဝမ်းသာပါတယ်ကို စွပ်ချလိုက်ပြီး အရိပ်ထင်နေတဲ့
ရုပ်ပုံထက်ပိုတဲ့ ရုပ်ပုံတစ်ခုလိုပိုပြီးအရာထင်တဲ့ မျဉ်းဖြောင့်မှာအရောင်ဖြည့် ခပ်သွက်သွက်ရေးခြယ်ပြီးပေါ့
အရှိန်နှုန်းပြင်းထန်စွာ တစ်စုံတရာအသစ်စီ တံခါးပိတ်လိုက်စဉ်မှာနွေရာသီကမပျက်နိုင်ဘူး
လေကတဖြည်းဖြည်းနဲ့ ၂မျိုးဖြစ်တဲ့ လေးပုံတစ်ပုံ၊ ၁၅မိနစ်၊ ၃လ၊ ယူအက်စ် ၂၅ဆင့်၊ သင်္ဘောပဲ့ပိုင်း
ဒါငါ့ရဲ့နိုင်ငံလာတယ် ဒါငါ့ရဲ့နိုင်ငံလာတယ်
ဘာအသစ်ထပ်ဖြစ်နိုင်လဲဟာ ခရေပန်းကုံးခြောက် အရာအားလုံးကထွက်သွား အောက်ကိုး
စကားကိုထပ်ပြောတယ် လည်ပတ်နေတဲ့လည်ပတ်တိုင်တစ်ခု နှီးဖျာကနေခွဲထွက်ဖို့ ပိုမိုသေချာ
အလွန်လှပတဲ့အကျည်းတန်ပြီးတော့ [                              ] နဲ့ [                                          ]
သွေးကွက်တွေထဲလဲကျ တစ်ခါတရံထဲက တွားသွားလာလာလုပ် “ငါ မင်းအကြောင်းလို့တွေးထင်”
ပတ်ကြားအက် ခမ်းခမ်းနားနား ငါတို့ငယ်နေခြင်းက နမူနာတစ်ခု ဖော်စပ်နည်းမှာ ထပ်တွေးလိုက်
သနပ်ခေါက်ကို ဖယောင်းချက်လုပ်ဆားနှင့်သောက် ဖြူသည် ၀ါသည်ကိုလည်းကောင်း
အိပ်မက်ထဲကအမှတ်အသားမျှလောက်သာ နားနဲ့ကြားဖို့မလွယ် အမျက်တော်ရှစရာလည်း
ကလေက၀ ရောင့်ရဲတင်းတိမ်မှုအတွက်တစ်ညလုံးအိပ်မပျော် အစိတ်စိတ်အမွှာမွှာဖြာထွက်ပြီး
စွန်တွေကို လက်ထဲကလွှတ်ပေးလိုက်တယ် ဆင်ခြင်စဉ်းစားသည့်နေရာ၌ကာလက ကာလာ၏
အရှေ့ဘက်ကောင်းကင်၌ မိုးတိမ်မရှိ ရေအိုးရွက်လာသော သံကုန်ဟစ်ပြီးရှာဖွေစိတ်ချရမည်
စာရှုသူအတွက် “တာတာ”ဟူသောစကားလုံးမှာ ဘာမှအဓိပ္ပါယ်ရှိမည်မဟုတ်  သာယာပုံနဲ့တာတာကိုရောစပ်ပလိုက်
အစပထမတွင် ရှေ့သို့တက်လှမ်းလိုသည့် ကဇော်တွင် ဆုံးစမရှိအရိပ်ထင်ပဲ့တင်ချင် ဟုတ်တိပတိပေါ့
လေးဘက်လေးမျက်နှာရှိ လျှို့ဝှက်အသိခက်တဲ့အရာအားလုံး မြင်ရသကဲ့သို့ နေရောင်ခြည်ပွင့်အာလာတာ
သံသယတွေကို ကြီးထွားသန်မာလာအောင် မပစ်လိုက်ပါနဲ့မှောင်သထက်မှောင်လာမှုဟာ ဒေယိသစကားလိုမိုက်တယ်
ဖြုတ်ခနဲ ပြုန်းခနဲ တုန်းခနဲ အုံးခနဲ ၀ုန်းခနဲ လုံးခနဲ ကုံးခနဲ ဃုံးခနဲ ဘုန်းခနဲ ၀င်းကနဲ
ကျယ်ပြန့်တဲ့လာပြီးလျှင် ပြောလေသည်ဟာ ဘယ်နည်းနဲ့မှ မသတ်ဘူး ထိုနေရာမှထွက်ခွာသွားလေသည်ထိုအချိန်၌
ခင်တန်းတစ်ခွင်မှာ အသွင်ပြောင်း ဘယ်ဟာကကောင်းတယ် ဘယ်ဟာကဖယ်ရှားပေးမလဲ တစ်စင်တီမီတာ
ဒီထူးခြားဆန်းကြယ်တဲ့ ထိုးဖွမှုက ဘာများစူးရောက်တယ် ပယ်ဖျက်တယ် နေရာမှထလိုက်သော အခါ အစဉ်အလာ
အနတ္တကို မှောက်လိုက်လှန်လိုက် နယ်ကျွံ၍ ဟိံသာတရားရဲ့တောထဲမှာ ထိုအချိန် ဆိုက်ရောက်လာလေ၏ အတန်ငယ်
တောင်ကျေးဘ၀မှများမှသည် ဖြိုင်ဖြိုင်စီးကျ

lagaung(-.4.2015)

No comments: