များသောအားဖြင့်
ရေသန့်ဗူးတွေက စကားမပြောတတ်ကြပါဘူးပြောတတ်တယ်လို့လည်း
မကြားမိဖူးပါဘူး
ရေသန့်ဗူးတွေမှာ
ဆိုဒ်မျိုးစုံရှိကြပြီး
တံဆိပ်မျိုးစုံရှိသကဲ့သို့
ဒီဇိုင်းပိုင်းလည်းမတူကြပါ
ရေသန့်ဗူးအချင်းချင်း ပြိုင်ဆိုင်မှုများကြောင့်
အကယ်၍
တူနေခဲ့ရင်တော့ တရားရုံးမှာဖြေရှင်းတဲ့ဓလေ့ရှိပါတယ်
ရေသန့်ဗူးတွေကို
နားလည်ရခက်ပါတယ်
ဆိုဒ်တွေကတော့
သုံးစွဲသူတွေအလိုရှိသည့်အတိုင်းရွေးချယ်ဝယ်ယူကြပါတယ် တချို့က
သယ်ရတာလွယ်အောင်
တစ်ငုံစာ၊ တချို့က မနက်တစ်ပိုင်းစာ တော်တော်တန်တန်ပေါ့
ရေသန့်ဗူးတွေအများစုက
သက်မဲ့တွေဖြစ်ကြပါတယ်
တချို့က
တစ်အိမ်သားလုံးစာအတွက် ၀ယ်ထားပြီး မိသားစုလူဦးရေအရ ဗူးကြီးဝယ်သောက်ကြပါတယ်
အိမ်မဟုတ်ပေမယ့်
လူအစုအဖွဲ့တွေကြားမှာထားရှိတာလည်း တွေ့နိုင်ပါတယ်
စားသောက်ဆိုင်၊
ရုံး၊ ဆေးရုံ၊ ဆေးခန်း၊ ကျောင်း၊ အသင်းအဖွဲ့တွေကြားပေါ့
ရေသန့်ဗူးတွေက
မအိပ်ကြဘူး
သယ်ရလွယ်ကူသော
အရွယ်အစားများတွင်
များသောအားဖြင့်
တစ်ဦးသောက်သုံးပြီးသားကို
အခြားတစ်ဦးကသောက်လေ့သောက်ထမရှိဘဲ
တစ်ကိုယ်ရည်သုံးအဖြစ်
တစ်ခါပဲသုံးကြတာများတယ်
ဒါက ရေသန့်ဗူးရဲ့စည်းကမ်းတစ်ခုဖြစ်တယ်
သူတို့က
ကော်စေ့ကနေ အသွင်ပြောင်းထားတာဖြစ်ပါတယ်
ရေသန့်ဗူးတွေက
စိတ်တော့မဆိုးတတ်ကြဘူး
ဘာလို့လဲဆို့တော့
သူတို့ကို
တချို့ကြတော့
တခြားရေပြန်ထည့်သောက်ကြတာတွေတော့ ရှိပါတယ်
ရပ်ကွက်တွေထဲမှာ
တစ်ခါသုံးပြီး စွန့်ပစ်ထားတဲ့ ရေသန့်ဗူးတွေကို လိုက်ကောက်တဲ့ကလေးတွေတော့
ရေသန့်ဗူးယဉ်ကျေးမှုထွန်းကားတဲ့
အရပ်ဒေသတွေမှာ တွေ့နိုင်ပါတယ်
အဲဒီကလေးတွေကနေ
ခိုးမှုဝှက်မှုတွေလည်းရံဖန်ရံခါရှိတတ်ပါတယ်
ရေသန့်ဗူးတွေကြောင့်
အကျင့်ပျက်မှုတွေရှိပေမယ့် လမ်းလျှောက်တာမျိုးကိုလည်းမတွေ့မိသေးဘူး
ဒါက
မြို့ပြယဉ်ကျေးမှုမှာ
ကျေးရွာဒေသတွေမှာ
ရေတွင်း၊
ချောင်း၊ ဆည် စတာတွေကနေသယ်ယူသုံးစွဲကြပါတယ် အခုနောက်ပိုင်းတော့
သောက်သုံးဖို့ခက်ခဲတဲ့
ရေတွေကို သန့်စင်ပြီးသောက်တဲ့ အလေ့တွေပေါ်လာကြပါတယ်
ရေသန့်ဗူးတွေကို
ရန်ကုန်မှာတော့ နေပူပူထဲ လူတွေထမ်းပြီးလိုက်ပို့ကြတယ်
ရေသန့်ဗူးက
အချိန်၊ ကာလ၊ ဒေသအလိုက် ပုံမှန်မရှိအမြဲပြောင်းလဲတတ်ကြတယ်
အထပ်မြင့်တွေဆိုရင်
သယ်ယူခအဖြစ် ရေသည်ဆရာကို ဈေးနည်းနည်းပိုပေးရတဲ့ အလေ့ရှိပါတယ်
သတိထားရမည့်အချက်တစ်ခုကတော့
ရေသန့်ဗူးတွေကို နေရောင်အောက်မှာထားဖို့
မသင့်တဲ့အချက်ပါပဲလို့ကျန်းမာရေးဌာနက
အရာရှိတစ်ဦး၏ ပြောကြားချက်အရ
သိရပါတယ်
ရေသန့်ဗူးတွေက
အများစုကအသက်တော့မရှုကြပါဘူး
ဟိုးအရင်ကတော့
ရေကိုသယ်ဆောင်ဖို့အတွက်
ဗူးသီးခြောက်ထဲထည့်တာတို့၊
သားရည်အိတ်ထဲထည့်တာတို့ရှိပါတယ်
အဲဒါတွေကို
မသန့်ရှင်းဘူးလို့ သေချာပေါက် သုံးသပ်နိုင်ပါတယ် ဘာလို့လဲဆိုတော့
အခုခေတ်ရေသန့်ဗူးတွေက
စက်တွေနဲ့သေချာစစ်ဆေးပြီးသန့်စင်ထုတ်လုပ်သောကြောင့်ပါ
တစ်ခါတလေ
ရေသန့်ဗူးပါကင်ပလပ်စတစ်ကို ရေနွေးဖျောပြီး မြန်မာ့ဓလေ့ သောက်ရေအိုးရေချမ်းစင်ကနေ
ယူထည့်ရောင်းတာတွေရှိတတ်ပါတယ်
အထက်ကပြောခဲ့တဲ့အတိုင်း
စွန့်ပစ်ပြီးသား
ရေသန့်ဗူးတွေကို ပြန်ကောက်ပြီး ထည့်တာမျိုးပေါ့
သေချာတာက
ကွမ်းတံတွေးထွေးထည့်ထားတဲ့ဗူး၊ သေးပေါက်ထည့်ထားတဲ့ဗူး၊ ထွေးခံလုပ်ထားတဲ့ဗူးမျိုး
မဖြစ်ဖို့ကတော့ ရာခိုင်နှုန်းပြည့်အာမမခံနိုင်ပါဘူး
ရေသန့်ဗူးတွေကို
နားလည်ရခက်ပါတယ်
အဲလိုကိစ္စရပ်မျိုးအဖြေသိဖို့အတွက်
စိတ်မပူပါနဲ့
သင်ရောဂါတစ်ခုခုလတ်တလောဖြစ်ခြင်းဖြင့်
ရေသန့်ဗူးသန့်မသန့်ကိုသိနိုင်ပါတယ်
ရေသန့်ဗူးတွေကို
လူတွေထိုင်ကန်တော့တဲ့ အခြေအနေမျိုးရှိသလို
သောက်ပြီးတော့
ကန်ထုတ်လွှင့်ပစ်တဲ့ အခြေအနေမျိုးရှိပါတယ်
ရေသန့်ဗူးတွေကို
နားလည်ရခက်ပါတယ်
သယ်ယူရောင်းချတာမှာ
တချို့ဆိုင်တွေက ၁လီတာကို တန်ရာတန်ကြေးပုံမှန်ဈေး၂၀၀ရှိပေမယ့်
တချို့အမြတ်ကြီးစားတွေက
၁လီတာကို ၄၀၀ကျပ်ဖြင့်ရောင်းချတာတွေရှိပါတယ်
အကယ်၍သင်ရေငတ်မယ်ဆိုရင်
သင့်အိတ်ကပ်ထဲကို
ကြည့်ပြီး ရောင်းချရာဈေးကွက်ကိုစုံစမ်းသင့်ကြောင်းအကြံပေးလိုပါတယ်
ရေသန့်ဗူးတွေရဲ့
နားလည်ရခက်တဲ့အခြေအနေတစ်ခုပါတယ်
ကျန်းမာရေးနဲ့ပတ်သက်ပြီးနောက်တစ်ခုရှိတာက
ရေကို တစ်နေ့ ၇ဖန်ခွက်လောက်သောက်သင့်တယ်လို့
မှတ်သားဖူးပါတယ်
ဒါက
လူသားတွေအသက်ရှင်သန်မှုကြားတစ်နည်းနည်းနဲ့
ဆက်စပ်နေပါတယ်
ရေသောက်ခြင်းနဲ့ပတ်သက်လို့
ငယ်ငယ်ကဖတ်ဖူးတဲ့ ထူးဆန်းထွေလာအဖြစ်အပျက်အရ
ရေ
၇၅လီတာသောက်သုံးပြီး သေဆုံးမှု ဒီကမ္ဘာမြေပေါ်မှာဖြစ်ခဲ့ဖူးတယ်လို့ စာတွေ့သိရပါတယ်
ရေသန့်ဗူးတွေက
တစ်နိုင်ငံက တစ်နိုင်ငံကို ကူးပြောင်းတဲ့ အလေ့အထမျိုး
လည်းရှိတတ်ပါတယ်
သူတို့တွေက ခရီးထွက်ကြတယ်
အဲဒါတွေက
ရေသန့်ဗူးတွေကို နားလည်ရခက်တာပါပဲ
တချို့
ပြဿနာတွေ၊ ကိစ္စရပ်တွေကို လူသားတစ်ယောက်အနေနဲ့ နားကိုမလည်နိုင်ပါဘူး
၎င်း(16.5.2015) 5AM
No comments:
Post a Comment