Monday, July 27, 2015

အမြှီးရှိတဲ့လက်​ကိုင်​ကွင်း

ကား​ပေါ်က လက်​ကိုင်​ကွင်းတစ်​ခုမှာ အမြှီးထွက်​​နေတယ်
သူကို ခရီးသည်​​တွေက မတ်​တပ်​ရပ်​စီးရင်း ကိုင်​ဖို့အတွက်​ အသုံးမချကြဘူး
ကိုင်​လို့မရလို့

ကျန်​လက်​ကိုင်​ကွင်းအားလုံးက ကားသွားရင်​ ​ခေါင်းရမ်းတယ်
သူက အမြှီးရမ်းတယ်​ ​ခေါင်းမရမ်းဘူး ဒါ​ပေမယ့်​ အမြှီးရမ်းတယ်
ကြိုက်​တဲ့​နေရာက​နေကြည့်​ အမြှီးဆိုတာ ​ပေါ်လွင်​တယ်

သူက လက်​ကိုင်​တန်းမှာ အမြဲတမ်းကျက်​စားတဲ့ အရာမဟုတ်​ဘူး
ဘာကိုမှကိုယ်​စားမပြုတဲ့ ​ဟောင်း​လောင်း​ပေါက်​တစ်​ခုနဲ့
သူရဲ့အမြှီး​ကြောင့်​ တစ်​ခါတ​လေစိတ်​အ​နှောက်​အယှက်​ဖြစ်​​ပေမယ့်
ကား​ပေါ်က ​လေတိုး​နေတဲ့​နေရာ​တွေထဲမှာ လဲ​လျောင်း​နေတယ်​ သူ​နေတဲ့နေရာကို အတိအကျမှန်းလို့မရဘူး
ဒါ​ပေမယ့်​ အဲဒါ​နေရာကို အမြှီးလို့မ​ခေါ်ဘူး

အဲဒီမှာ တန်းစီ​နေတဲ့ ခုံတန်း​တွေ၊ လက်​ကိုင်​တန်း​တွေ မြင်​ရမယ်
သေချာကြည့်​ရင်​​ ဒီလက်​ကိုင်​ကွင်းကိုမမြင်​ရဘူးဆိုတာကို ​သေချာကြည့်ရင်​​ ​တွေ့ရတယ်
အမြှီးရှိတယ်​လို့​ခေါ်ရတဲ့ လက်​ကိုင်​ကွင်း

တိုက်​ချွတ်​ရင်​လည်း​ပြောင်​လက်​မှုမရှိ၊ ထိ​တွေ့မှုသိပ်​ခံနိုင်​ရည်​မရှိ
ရံဖန်​ရံခါ အ​ငွေ့၊ ရံဖန်​ရံခါ အမှုန်​၊ ဖြစ်​တည်​တယ်​ဆိုရုံသာ ခေါ်ရမယ့်​အ​ခြေအ​နေမှာလည်းရှိတယ်
ဒါ​ပေမယ့်​ အမြှီးရှိတဲ့လက်​ကိုင်​ကွင်းရှိတယ်​ လက်​​တွေ့မမြင်​နိုင်​တာလည်းဖြစ်​နိုင်​တယ်
စိတ်​ကူးကြည့်​ရင်​မြင်​တယ်​လို့လဲဆိုပြန်​တယ်
ဘယ်​ဟာက အမြီးလဲ ​ခေါင်းလဲ​ဆိုတာ ​သေချာသိတဲ့သူ ရှာမ​တွေ့သေးဘူး

အများစုက တက်​လာကြတယ်​ ပြီး​တော့ ပြန်​ဆင်းကြတယ်
ပြီး​တော့ ထိုင်​ကြတယ်​ ပြီး​တော့မတ်​တပ်​ရပ်​ကြတယ်
ပြီး​တော့ မှားတက်​တယ်​ ပြီး​တော့မှားဆင်းတယ်
အများစုက ရှိတယ်​ဆိုရုံ  သိတယ်

အမြှီးပါတဲ့လက်​ကိုင်​ကွင်းက မမြင်​ရ​ပေမယ့်​ ပြုံး​နေတယ်
ဒါ​ပေမယ့် လက်​ကိုင်​ကွင်းလို့မ​ခေါ်ကြဘူး

lagaung (27.7.2015)

No comments: