Wednesday, September 30, 2015

သားပိုက်ကောင်အားရေခဲမုန့်ကျွေးခြငး=======်(၅)



သိမ်းငှက်ချီခံရတဲ့ ယုန်သူငယ်လေးတော့မဟုတ်ဘူး နှာစေးနေလို့ ဘာအနံ့မှမရတဲ့ ယုန်သူငယ်လေး အရပ်၁၀ပေအမြင့်လူတွေဝင်လာလို့
မီးပုံထဲကို ရှားတုတ်ချောင်းပစ်ထည့်ယုံနဲ့ ကုသိုလ်ရတယ်လို့ လူအဖွဲ့အစည်းကသတ်မှတ်ပြီး အိမ်ရှိပေမယ့် တည်းခိုခန်းကိုမဖြစ်မနေသုံးကြသလိုမျိုး
အရင်အပေါ်တက်နှင့်တယ် အရိပ်ရဲ့နှာခေါင်းပေါက်ထဲမှာ
ဂါဝန်ကနွေလေပြေလေးထဲမှာ ပျံလွင့်နေတယ် Obey ရဲ့ စာသားတွေနဲ့ရေစာလုပ်ထားတဲ့ Poster တစ်ခုလိုမျိုး အလောင်းကိုဓလေ့ထုံးစံအတိုင်း ငါးပတ်ပ တ်တယ် အိမ်သာခွက်ဒီဇိုင်းပန်းကန်ခွက်ယောက်ထဲ မစင်ပုံစံအတိုင်းလုပ်ထားတဲ့ စားသောက်ဖွယ်ရာတွေ အဲဗာတန်အသင်းနဲ့နယူတန်အသင်းထိပ်တိုက် တွေ့ပေမယ့် အိုရှိုးက “လူတွေဖန်တီးထားတဲ့ ဘုရားကျောင်းကိုသွားဖို့မလိုဘူး”လို့ အဲဒီကိစ္စဟာ မြန်မာ့လွတ်လပ်ရေးဖခင်ကြီးနှစ်တစ်ရာပြည့် အငြိမ့်ပွဲမှာ နှင်းဆီအငြိမ့်သားတစ်ဦးပြက်တဲ့တရုတ်တစ်ဦးရဲ့အမည်လို အမှုအခင်းဖြစ်ပွားရာမှာ ရဲက သေဆုံးပုံသဏ္ဍာန်အတိုင်းမှတ်တမ်းထားသလို ပင်လယ်သဲသောင်ပြင်မှာရေးဆွဲပြီး အနုပညာလက်ရာလို့သတ်မှတ်သလို မာဆယ်ဒူးရွန့်လက်ထက်မှာ မိုနာလီဇာက နှုတ်ခမ်းမွှေးပေါက်လာပေမယ့် လက်ရှိခေတ်ရောက်တော့ သူ့ဖင်မှာထိုးထားတဲ့ တက်တူးကို လှန်ပြနေတဲ့အခြေအနေဖြစ်လာသလိုမျိုး ငှက်ဟာသူ့ငှက်ဘ၀ကိုပြည့်စုံအောင်နေသွားတယ်
ကျည်ကာပီကာဆို Banksy ရဲ့ မိုးပျံပူဖောင်းတွေနဲ့အပေါ်မြောက်တက်သွားတဲ့ ကောင်မလေးလို ကမ္ဘာတစ်နေရာက ကြက်ပြာကြီးတစ်ကောင်အမြင့်ဆုံးမှာတက်နေတယ် နံရံပေါ်မှာ ရေပွက်တစ်ခုလိုတုန်ခါနေတဲ့လက်ရာလို Yellow Flicker Beat ထဲ က မင်းသမီး  မေရီအင်တွိုင်းနက်က ပေါင်မုန့်မရှိလို့ ကိတ်မုန့်စားတယ် သူ့ခမျာ နွားချေးထည့်နေတဲ့လူတွေထက် ပိုပင်ပန်းတယ် Tom က Jerry ကိုလိုက်ရတာရိုးလို့ Micky Mouse ကို လိုက်ဖမ်းသလို U Always In My Head မိခင်ဘာသာစကားမေ့နေတဲ့ ဖခင်တွေလို ကြက်တစ်ကောင်ကကြက်ဥကြော်ကိုယက်နေပြီး
ကြယ်တွေနဲ့အထီးကျ၃်နေသလို လက်တွေကိုမြှောက်လှိုင်းလုံးတွေ
မီးပူရဲ့အချက်ပြမီးသီးနေရာပေါက်ထဲမှာ ချောင်းပျောက်ဆေးပုလင်းကို အရက်ခွက်လိုမော့သောက်လိုက်ကပါကနေ ငါ့စကားနွားရအထိ
တိရိစ္ဆာန်ခေါင်းနဲ့ကပ်ထူဘူးစွပ်ခေါင်းနဲ့ အကသမားတွေ UBO ရုပ်သံမှာပြနေတဲ့ ဇာတ်ကားတွေလို
ဒါပေမယ့် ထပ်ကျော့ခြင်း
ဒါပေမယ့် ထပ်ကျော့ခြင်း
ကင်းထောက်လူငယ်ခေါင်းဆောင်းဝတ်ထားတဲ့ အာမေဍိတ်အသံတွေရဲ့ မဏ္ဍပ်ကိုမောင်းနှင်ပြခဲ့တာ
ထပ်ကျော့ခြင်း
ထပ်ကျော့ခြင်း
၎င်း(18.3.2015)
ခရစ်စမတ်ပင်မှာချိတ်ဆွဲထားတဲ့ အရာတွေ Playboy ကွင်းပြင်ကျယ်မှာ မော်တော်ဆိုင်ကယ်ဘီးတည်ဆောက်ပုံအတိုင်း
အတွင်းပိုင်းထိပေါ်အောင်ဝတ်ပြီးမှ မပေါ်အောင်အတင်းစေ့ထားသလိုမျိုး
စက်ရုပ်အကနဲ့ဧည့်ခံ၊ ရွှေပွဲလာဧည့်သည်နဲ့လမ်းပေါ်ကဖြတ်သွားတဲ့လူကြားကကွာခြားချက်အတိုင်း တူနဲ့သာစားသောက်ရတဲ့အစာတွေ
အသက်၁၈နှစ်အောက်အရက်မသောက်ရသလို မာလွန်ဘရန်ဒိုက ဂါဖီကိုချီနေတုန်း ဖိုမနှစ်မျိုးဆက်သွယ်ချက်သဘာဝ
အလင်းရောင်အောက်ထဲကို တဖြည်းဖြည်းချင်းနင်းဝင်ရောက်လာတဲ့ မှန်တွေ အဲဒါက ဖုန်းထည့်တဲ့ပါကင်ဘူးလို့ဆိုလိုတာမျိုး

No comments: