ပူးတွဲကြေညာချက်
Kinetic Poetry Movement 4
----------------
ကျွနိုပ်တို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ နိုင်ငံတော်အကြံပေးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဘဝတစ်သက်တာ ဆောင်ရွက်မှု၊ ရေးသားမှုပြောကြားမှုစကားများ၊ တရားများကို ကျွနိုပ်တို့၏ Kinetic Poetry ကဗျာတစ်ပုဒ်အဖြစ်ရွေး ချယ်သတ်မှတ် ဖော်ပြအပ်ပါသည်။
(လူသားသည် Kinetic ဖြစ်၏။ ဘာသာစကားသည် Kinetic ဖြစ်၏။ ဘာသာစကားနှင့်လူသားသည်အချင်းချင်းအပြန်အလှန်ဖန်တီးတတ်သောသဘောရှိ၏။
လူသား၏အပြောစကား၊ အရေးစကားနှင့်လူသား၏ ကိစ္စဆောင်တာတို့ နွယ်ဆက်
ပတ်သက်မှုသည် လွန်စွာစိတ်ဝင်စားဖွယ်ပင်။ ထိုကိစ္စကို ဒေါ်အောင်ဆန်းစုကြည်၏
လုပ်ရပ်များနှင့် ပြောရပ်ရေးရပ်များကိုဖတ်ရှုသုံးသပ်ကြည့်ခြင်းဖြင့် ဆုံးဖြတ်ချက်
ရွေးချယ်မှုနှင့်ပတ်သက်သော ဘာသာစကားများ၊ လည်ပတ်နေသောဘာသာစကား
နှင့်အပြုအမူများ၊ လူမှုလိင်နှင့်ဓလေ့ထုံးစံ၊ ပါဝါတို့၏ အလုပ်လုပ်ပုံများကိုမြင်နိုင်
ကြပါလိမ့်မည်။
ပြည်သူ၏ အခန်းကဏ္ဍပိုင်းတွင် ပြည်သူကသိသည်ဖြစ်၊ မသိသည်ဖြစ်စေ ဦးဆောင်သူ၏
ဆုံးဖြတ်ချက်များ၊ သုံးသပ်ဆောင်ရွက်မှုများသည် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ
အပေါ်ကောင်းကျိုးဆိုးကျိုး တစ်စုံတရာသက်ရောက်နေသည်ကိုတွေ့မြင်နိုင်ပြီး၊
ပြည်တွင်း၌အကျိုးသက်ရောက်မှုရှိနေသည့် Text များ၏အလုပ်လုပ်နေပုံကို မြင်တွေ့နိုင်ပေမည်။)
ငုအိမ်ထက်မြက်၊ ၎င်း (31.10.2016)
Monday, October 31, 2016
Wednesday, October 26, 2016
Kinetic Poetry Movement 3
ပူးတွဲကြေညာချက်
Kinetic Poetry Movement 3
------------------
အခုတစ်ကြိမ်မှာတော့ ကမ္ဘာ့နိုင်ငံအဝှန်းမှာရှိနေတဲ့
ဘဏ်များနဲ့ ငွေလဲဌာနများမှာ ထင်ထင်ရှားရှား
မြင်နိုင်သော အချိန်နဲ့တပြေးညီငွေလဲနှုန်းထားပြ LCD ဆိုင်းဘုတ်မျက်နှာပြင်ပေါ်မှ ငွေလဲနှုန်းထားများ
ကို ကျွန်တော်တို့ရဲ့ Kinetic Poetryကဗျာတစ်ပုဒ် အဖြစ် ရွေးချယ်သတ်မှတ်ဖော်ပြလိုက်ပါတယ်။
ကဗျာမူရင်းကို ဘဏ်များနဲ့ငွေလဲဌာနများမှာ မြင်တွေ့ဖတ်ရှုနိုင်ကြပါမယ်။
ဒီကဗျာဟာ ငွေကြေးနဲ့မကင်းနိုင်ကြတဲ့ ခင်ဗျားတို့
ကျွန်တော်တို့ရဲ့ နေ့စဉ်လူနေမှုဘဝများနဲ့ ဆက်စပ်ပတ်သက်မှုကြီးကြီးမားမားရှိနေပြီး အချိန်နဲ့အမျှပြောင်းနေတဲ့ ငွေကြေးယန္တယားကြီးနဲ့ကျွန်တော်တို့ရဲ့မတည်ငြိမ်တဲ့ဘဝအနေအထားတွေကို ဆင်ခြင်နိုင်စရာ မီးမောင်းထိုးပြနေလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံအကြား အသက်ရှုသူခြင်းတူကြသော်လည်း ငွေကြေး လှဲလှယ်မှုကွာဟချက်ကြောင့် ကွာခြားနေသော လူသားဖြစ်တည်မှုအခြေအနေနှင့် နိုင်ငံတစ်နိုင်ငံ၏ မတူကွဲပြားသောရပ်တည်နေမှုအခြေအနေအဆောက်အအုံကိုတွေ့မြင်နိုင်မှာပါ။
ကဗျာရဲ့ ခေါင်းစဉ်ကိုတော့ သင်နှစ်သက်သလို ပေးနိုင်ဖို့ ခွင့်ပြုလိုက်ပါရဲ့။
Oct 10 2016
Tuesday, October 4, 2016
Kinetic Poetry Movement 2
ယနေ့ယခု မြန်မာနိုင်ငံ အချို့ဒေသများတွင် ဖြစ်ပွားလျက်ရှိသော
ပြည်တွင်းစစ်ပွဲငယ်များအတွင်း ကျဆုံးသေဆုံးသွားသော ကျဆုံးသေဆုံးလတ္တံ့သော
၂ဖက်စစ်သည်အသီးသီးနှင့် အရပ်သားများ၏ အရေအတွက်နှင့် အမည်နာမများကို
ကျွန်ုပ်တို့၏ Kinetic Poetry ကဗျာတစ်ပုဒ်အဖြစ် ရွေးချယ်သတ်မှတ် ဖော်ပြအပ်ပါသည်။
ငုအိမ်ထက်မြက်၊ ၎င်း (4.10.2016)
Kinetic Poetry Movement 1
မနက်ဖြန် 1st Oct ,2016 နေ့တွင်နိုင်ငံတော်အခွန်ဦးစီးဌာနမှဦးစီးဖွင့်လှစ်သည့်
(၃၃၃) ကြိမ်မြောက် အောင်ဘာလေသိန်းထီပေါက်စဉ်နံပါတ်များ
ရွေးချယ်ကြေညာသည့်ဖြစ်စဉ်ကို ကျွန်ပ်တို့၏ ကဗျာလက်ရာအဖြစ်
ရွေးချယ်သတ်မှတ်ဖော်ပြအပ်ပါသည်။ ကျွန်ပ်တို့၏ ကဗျာလက်ရာကိုလစဉ်
အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင်မြင်တွေ့အသိအမှတ်ပြုနိုင်ကြပါပြီ။
ငုအိမ်ထက်မြက်၊ ၎င်း(30.9.2016)
Subscribe to:
Posts (Atom)