ပူးတွဲကြေညာချက်
Kinetic Poetry Movement 4
----------------
ကျွနိုပ်တို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ နိုင်ငံတော်အကြံပေးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဘဝတစ်သက်တာ ဆောင်ရွက်မှု၊ ရေးသားမှုပြောကြားမှုစကားများ၊ တရားများကို ကျွနိုပ်တို့၏ Kinetic Poetry ကဗျာတစ်ပုဒ်အဖြစ်ရွေး ချယ်သတ်မှတ် ဖော်ပြအပ်ပါသည်။
(လူသားသည် Kinetic ဖြစ်၏။ ဘာသာစကားသည် Kinetic ဖြစ်၏။ ဘာသာစကားနှင့်လူသားသည်အချင်းချင်းအပြန်အလှန်ဖန်တီးတတ်သောသဘောရှိ၏။
လူသား၏အပြောစကား၊ အရေးစကားနှင့်လူသား၏ ကိစ္စဆောင်တာတို့ နွယ်ဆက်
ပတ်သက်မှုသည် လွန်စွာစိတ်ဝင်စားဖွယ်ပင်။ ထိုကိစ္စကို ဒေါ်အောင်ဆန်းစုကြည်၏
လုပ်ရပ်များနှင့် ပြောရပ်ရေးရပ်များကိုဖတ်ရှုသုံးသပ်ကြည့်ခြင်းဖြင့် ဆုံးဖြတ်ချက်
ရွေးချယ်မှုနှင့်ပတ်သက်သော ဘာသာစကားများ၊ လည်ပတ်နေသောဘာသာစကား
နှင့်အပြုအမူများ၊ လူမှုလိင်နှင့်ဓလေ့ထုံးစံ၊ ပါဝါတို့၏ အလုပ်လုပ်ပုံများကိုမြင်နိုင်
ကြပါလိမ့်မည်။
ပြည်သူ၏ အခန်းကဏ္ဍပိုင်းတွင် ပြည်သူကသိသည်ဖြစ်၊ မသိသည်ဖြစ်စေ ဦးဆောင်သူ၏
ဆုံးဖြတ်ချက်များ၊ သုံးသပ်ဆောင်ရွက်မှုများသည် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ
အပေါ်ကောင်းကျိုးဆိုးကျိုး တစ်စုံတရာသက်ရောက်နေသည်ကိုတွေ့မြင်နိုင်ပြီး၊
ပြည်တွင်း၌အကျိုးသက်ရောက်မှုရှိနေသည့် Text များ၏အလုပ်လုပ်နေပုံကို မြင်တွေ့နိုင်ပေမည်။)
ငုအိမ်ထက်မြက်၊ ၎င်း (31.10.2016)
No comments:
Post a Comment