Wednesday, October 26, 2016
Kinetic Poetry Movement 3
ပူးတွဲကြေညာချက်
Kinetic Poetry Movement 3
------------------
အခုတစ်ကြိမ်မှာတော့ ကမ္ဘာ့နိုင်ငံအဝှန်းမှာရှိနေတဲ့
ဘဏ်များနဲ့ ငွေလဲဌာနများမှာ ထင်ထင်ရှားရှား
မြင်နိုင်သော အချိန်နဲ့တပြေးညီငွေလဲနှုန်းထားပြ LCD ဆိုင်းဘုတ်မျက်နှာပြင်ပေါ်မှ ငွေလဲနှုန်းထားများ
ကို ကျွန်တော်တို့ရဲ့ Kinetic Poetryကဗျာတစ်ပုဒ် အဖြစ် ရွေးချယ်သတ်မှတ်ဖော်ပြလိုက်ပါတယ်။
ကဗျာမူရင်းကို ဘဏ်များနဲ့ငွေလဲဌာနများမှာ မြင်တွေ့ဖတ်ရှုနိုင်ကြပါမယ်။
ဒီကဗျာဟာ ငွေကြေးနဲ့မကင်းနိုင်ကြတဲ့ ခင်ဗျားတို့
ကျွန်တော်တို့ရဲ့ နေ့စဉ်လူနေမှုဘဝများနဲ့ ဆက်စပ်ပတ်သက်မှုကြီးကြီးမားမားရှိနေပြီး အချိန်နဲ့အမျှပြောင်းနေတဲ့ ငွေကြေးယန္တယားကြီးနဲ့ကျွန်တော်တို့ရဲ့မတည်ငြိမ်တဲ့ဘဝအနေအထားတွေကို ဆင်ခြင်နိုင်စရာ မီးမောင်းထိုးပြနေလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံအကြား အသက်ရှုသူခြင်းတူကြသော်လည်း ငွေကြေး လှဲလှယ်မှုကွာဟချက်ကြောင့် ကွာခြားနေသော လူသားဖြစ်တည်မှုအခြေအနေနှင့် နိုင်ငံတစ်နိုင်ငံ၏ မတူကွဲပြားသောရပ်တည်နေမှုအခြေအနေအဆောက်အအုံကိုတွေ့မြင်နိုင်မှာပါ။
ကဗျာရဲ့ ခေါင်းစဉ်ကိုတော့ သင်နှစ်သက်သလို ပေးနိုင်ဖို့ ခွင့်ပြုလိုက်ပါရဲ့။
 Oct 10 2016
No comments: