ရွေ့လျားသွားမှု
______________
ဒီဇင်ဘာ၊ ၁၅ရက်၊ ၂၀၁၀။ အဝေးမှ အနီးမှ လွင့်လာသော
အသံများ။ တရားခွေ၊ လုပ်သားပြည်သူ၊ သဘာဝ၊ ပွတ်တိုက်သံ၊
တိရိစ္ဆာန်။ ကောင်းတာလုပ်ရင်ကောင်းတာရမယ်။ ဆေးလိပ်ခိုးမသောက်
နဲ့။ သန်လျင်မြို့နယ်၊ ညောင်သုံးပင်ရပ်ကွက်/ကျေးရွာ၊ သစ္စာလေးပါး၊
ရေစိမ်ဘူပေါင်း တစ်ထုပ် ၅၀တဲ့။ မျက်နှာသစ်သံ။
အလန့်တကြား မော်တော်ဆိုင်ကယ်ဟွန်းတီး၊ တကျွီကျွီမြည်နေ
လာနေတဲ့ ငှက်ကလေးမိား။ သူများအသက်သတ်ရင် တိရိစ္ဆာန်ဘဝတွေ
အဖြစ်များမယ်၊ ခွေးဖြစ်နွားဖြစ်။ လောဘ၊ ဒေါသ၊ မောဟ။
အစ်ကိုရေ ဟိုဟာလေ ကို.... ရှိလား။ အထဲမှာလားမသိဘူး။
အဖွားတော့ရှိတယ်။ မရှိဘူးသား။ ဒါဆိုကျွန်တော်လာသွားတယ်ပြောပေး။
ဈေးထဲဝင်သွားလားမသိဘူး။ ဆိုင်ကယ်နဲ့လာတာတဲ့။ သစ်ရွက်ဝါဝါတစ်ရွက်
ကြွေကျလာတယ်။ ငရဲပြည် ဒံပေါက်၊ ငရဲပြည်ဖာလူဒါတွေ
အစဉ်အမြဲတိုက်တယ်တဲ့။ လိုက်မလား သွားကြမယ်။
ပုလွေမှုတ်သံနှင့်အတူ တစ်နာရီအချက်မြည်သံထွက်လာ။
ရှဲ.ရှဲ...ရှဲ....ရှဲ........ရှဲ(အိမ်နံဘေးချောင်းထဲက ငါးတွေကို လျှပ်စစ်ဖြင့် ငါးဖမ်းနေသံ)။
အဲဒါဘာလဲသိလား။ အဲလိုလူမျိုးဓာတ်လိုက်သေမှာ။ သူများအသတ်မသတ်
နဲ့။ ဟို ဗေဒင်မေးချင်လို့။ အော်.... ဒီခွေးမတော့ ဘာလို့ကလေးတွေကို
လိုက်ကိုက်နေတာလဲ။ ပညာမရှိတဲ့ ယောက်ျားနွားနဲ့တူ။ ပညာမတတ်
တော့ ကြီးရင်ရုန်းရမယ်။ အဲဒါကြောင့်တိုက်တွန်းလိုက်ရပါတယ်။
ရေစက်ဆုံလို့။ ဖိနပ်က ဒေါက်မြင့်ဆိုတော့ သွားရတာမကောင်းဘူး။
ကန်စွန်းရွက်တစ်စီး ၅၀။ ကုသိုလ်ကံကောင်းတယ်။ လောဘစိတ်
ထွက်။ အနိစ္စ။ မောဟစိတ်ထွက် အနိစ္စ။ ဒေါသစိတ်ထွက် အနိစ္စ။
ခွေးတွေ ခွေးခြင်း ခွေးကို ဝိုင်းကိုက်။ စလောင်းဖုံး
မြည်သံ။ တောက်....တောက်....တောက်.... (ခွေးမောင်းသံ)။
ကလေးတစ်ယောက်ပြေးလွှားသွား ထမင်းစားဂဏန်း
၁၉ ဟေ့။ ရတနာသုံးပါးနားလည်သွားတာ တန်ဖိုးရှိသွားတာ။
သူများထက် သုံးနိုင်ဖြုန်းနိုင်တာကို မနာလိုတာ။ သောတပန်ဖြစ်ရင်
အဲဒါတွေမရှိတော့ဘူး။ သားသမီးတို့။ ကင်ပွန်းကြီးဆယ်ပါး။
အပယ်လေးဘုံ။ ခဲတံကျရင်
ပြန်ကောက်လို့ရတယ်။ အဝတ်ဆွဲလိုက်သောကြောင့် ဝါးလုံးနှင့်အဝတ်ကြား
ပွတ်တိုက်ထွက်သံ။ ဒါကြောင့်မို့ရဟန္တာဖြစ်အောင် ကြိုးစား
ရမယ်။ ငရုတ်ဆုံထောင်းသံ။ ဟဲ့ခွေး နင်ဘယ်လိုဝင်လာတာ
တုန်း။ ဟဲ့.... မြှီးရှည် နင့်ကလေးတွေ ဘာကြောင့်ခေါ်လာရတာလဲ။
ဒါကြောင့်မို့ မိဘကို ညအိပ်ယာဝင်တိုင်း ရှိခိုးရမယ်နော် သားတို့သမီး
တို့။ နွားတွေကိုကြည့်စမ်း မင်းတို့စားတဲ့ ထမင်းတွေကိုရဖို့
လယ်တွေထွန်ရတာ။ ကျေးဇူးရှိလားမရှိဘူးလား။ ဒါကြောင့်
အမဲသားမစားရဘူး။ ကြက်တွေတွန်လိုက်သံ။
လယ်တီဆရာတော်ဘုရားကြီးက ကျေးဇူးရှင်သားတွေကိုစား
နေရသလိုပါပဲတဲ့။ ကြောင်တစ်ကောင်ကြွက်ကို အလျင်
အပြန်ခုန်အုပ်လိုက်သောကြောင်း ဝုန်းကနဲ အသံထွက်လာ။
အသံတွေ တဖြည်းဖြည်း တစ်ပြိုင်နက်လုံးထွေးထွက်ပေါ်လာခဲ့တယ်။
အလုပ်သဘောအရ လုပ်ခဲ့တာတွေက မကောင်းမှု
ဖြစ်သွားတာပါ။ ဒီလိုသွားပြောရင် သူတို့ကလည်း ဒီမှာလည်း အလုပ်သဘော
အရ ဆောင်ရွက်ရတာပါ။ မရဘူး၊ ငရဲမှာပြောပါတယ်။ ဒီအင်္ဂလိပ်ကြီးတွေ
အင်မတန်မှ အားကျဖို့ကောင်းတာ။ ဒီလို ဘန်ကောက်မှာတဲ့။
နည်းနည်းဝါးဝါးသွားတယ်။ မသဲမကွဲအသံ(တွေ)ဖြစ်လာတယ်။ အဲဒါပြီးတော့
အပေါ်ဆင်းလားအောက်ဆင်းလား။ သင်္ကြန်ဆိုကြည့် အရက်တွေ
မူးရူးပြီး။ အညာသွားပို့လိုက်သွား။ လာပြီဓားထိုးမှုနဲ့။
ခေါင်းကုတ်လိုက်သောကြောင့် အသံထွက်သွားသည်။ အဲဒါဟာ ကိုယ့်လမ်း
ကိုယ်ရေး ကိုယ့်သမိုင်းကိုယ်ရေး။ အခုလည်းပဲ မင်းလည်း ၈တန်း၊
၉တန်း မငယ်တော့ဘူး။ ကိုဖြိုး!!! ထမင်းမစားဘူးလား။
ဟား...ဟား....ဟား....
မှို့သီးခေါင်မိုးပေါ်ကြွေကျသွားတယ်။ လေတွေ
တဟူးဟူး မြူးကြွစွာတိုက်ခတ်။ တီ....တီ။ တရားဟောသံ
အဝေးမှပြတ်တောက်သွား။ ဆိုင်ကယ်(အင်ဂျင်)မြည်သံ ပီပီသသ။
စာရွက်ကို ဒရွတ်တိုက်ရွေ့သောကြောင့် အသံထွက်လာ။
ရေတွေတော်တော်ကျသွားပြီ။ ဝုတ်.....ဝုတ်.......ဝုတ်။
ဟေ့ကောင်.....သေသွားမယ်! ဘာမှတ်လဲ။ အိမ်တစ်လုံးမှ
သံရိုက်နေ။ ဟောက်သံ ခပ်ပြင်းပြင်း။ ပြင်းပြင်းပြင်းပြင်း
ပြင်းပြင်းပြင်း။ ဘယ်တရားပဲဖြစ်ဖြစ်မှားတယ်။ မှန်တယ်။
မရှိဘူး။
သမီးကျောင်းသွားမလို့လားမေးတော့။ ဟုတ်ကဲ့။ မုန့်ဖိုး
ဘယ်လောက်ရသလဲမေးတော့။ မရပါဘူး အန်တီရယ် ကားခပဲ။
အော်ကလေးတွေလည်း အဲသလိုမေးရင် သမီးမဖြေဘူးတဲ့။ ညီမအငယ်ဆုံးက။
ကင်းလိတ်ချော သစ်ရွက်ခြောက်တွေကြားထဲတိုးထွက်လာသော။
ရေချိုးမယ်။ ရေချိုးမယ်။ ဒယ်အိုး အသေးလေးထဲမှာ မြင်းခွာရွက်ဟင်း
ချိုရှိတယ်။
ဟေ့လာဟေ့ မုန့်ကြာစိဗျို့။ ရတယ် လမ်းထိပ်လိုက်သွား။
နင်အဲလိုမပြောနဲ့ နည်းနည်းပါးပါးဝိုင်းလုပ်ရမှာပေါ့။ ကံစမ်းမဲပါ ပါတယ်တဲ့။
ဆော်ဒီဘုရင်က ဥပုဒ်စောင့်တဲ့(အစ္စလာမ်)တွေကို တစ်ကမ္ဘာလုံးက
သံရုံးတွေကတစ်ဆင့်အလကားပေးတာ။
၎င်း(15.12.2010) 5:00PM - 6:00PM
No comments:
Post a Comment