dgo
လက်ရှိကာလမှာတော့ မျိုးရိုးဗီဇကြောင့်ပြောင်းလဲလာတဲ့ dgo တွေကို မြင်တွေ့
ကြရမှာဖြစ်ပါတယ်။ dog ကနေ မျိုးရိုး ဂျင်းန် ဖောက်ပြန်မှု တစ်နည်းအားဖြင့်
ဂျင်းန်ဗီဇတူတဲ့ အချင်းချင်းမျိုးစပ်မှုများကြောင့်ဖြစ်ပေါ်လာတဲ့ dgo
သတ္တဝါတွေဖြစ်ကြတယ်။ dgo တွေသည် သွားတစ်ချောင်းတည်းပါပြီး အမြှီးမှာ
လက်ဝါးပုံဖြစ်လာကြတယ်။ များသောအားဖြင့် တိမ်ထူတဲ့နေ့တွေမှာ
ကျောပိုးအိတ်အသွင်သဏ္ဍာန်ဆောင်ပြီး များသောအားဖြင့် ကွန်ပါဘူးအရွယ်
အကောင်လေးတွေအဖြစ် မည်သူမဆိုတွေ့ မြင်နေနိုင်မှာဖြစ်ပါတယ်။ dgo ရဲ့
အားနည်းချက်တွေမှာ အနှေးပြကွက်များမလုပ်နိုင်ခြင်း၊ ရေခဲသေတ္တာအတွင်း
ထည့်မရခြင်း၊ ဘယ်အချိန်၊ ဘယ်နေရာမဆို အိပ်မက်များမမှန်နိုင်ခြင်းတို့ဖြစ်တယ်။
dgo တွေသည် သက်ရှိလောက တစ်ခုလုံးကိုစိန်ခေါ်လာပြီးအထူးသဖြင့် god နဲ့
dog မျိုးနွယ်တွေအကြား ဝိရောဓိဖြစ်မှုနဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေအကြား
ဝေဝါးမှုတွေဖြစ်လာကြတယ်။ god တွေက တောင်အရပ်သွားရင်၊ dog တွေက
မြောက်အရပ်သွားရင်၊ dgo တွေရဲ့ အရှေ့ဖြစ်လာကြတယ်။ god နဲ့ dog
ကြားမှာ ကြီးမားတဲ့ ဆက်နွယ်မှုရှိနေပေမယ့် စာရင်းမဝင် dgo တွေသည်
အသံနှစ်ခုကြားပျော်ဝင်နေတဲ့ တိမ်တွေဖြစ်နေ ကြတယ်။ အဲဒီအတွက် dog
တွေကို စနစ်တကျမျိုးစပ်ကြဖို့ ဆော်မှုဩတွေလုပ်လာကြတာတွေ့မြင်ရမှာ
ပဲဖြစ်တယ်။ သတ်မှတ် ဂျင်းန်တွေ တွေအတွက်လာ ရောက်စစ်ဆေးခံကြဖို့နဲ့
ဂျင်းန်မတူသူအချင်းချင်းသာ စပ်ယှက်ကြဖို့ လှုပ်ရှားမှုတွေလုပ်လာကြတယ်။ dog
တွေအတွက် အံ့ဩစရာတွေဖြစ်တဲ့ ကာလဖြစ်သလို၊ god တွေ အတွက်လည်း
စိတ်မချမ်းမြေ့ဖွယ်ရာတွေပါပဲ။ ဒီမျိုးဆက်အတွက် စနစ်တကျပြုပြင်ထိန်းသိမ်းမှု
များမရှိပါက gdo, odg, ogd, odg, ogd မျိုးဆက်များဖြစ်ပေါ်လာဖွယ်ရှိပြီး
လက်ခံရန် သင့်၊ မသင့်ကိစ္စရပ်များဖြစ်ပေါ်လာနိုင်ပါတယ်။
၎င်း (8.12.2017)
No comments:
Post a Comment