မန်းမှာ နဖူးတည့်တည့်ကို သေနတ်ကျည်ဆန်ထိမှန်ခဲ့ခြင်းမှာ လုပ်ကြံပစ်ခတ်ခဲ့ခြင်းမဟုတ်ဘဲ တန်ပြန်ထိမှန်ခဲ့ခြင်းသာဖြစ်နိုင်ဟုဆို
-----------------------------------------------------------------
နေပြည်တော် မတ် ၂၃ ရက်။ ။ မန္တလေး
မြို့ပြည်ကြီး တံခွန်မြို့နယ်မှာ မတ်လ၂၂ ရက်နေ့က ဆိုင်ကယ်မောင်းနေတဲ့ အမျိုးသားတစ်ဦးရဲ့ နဖူးတည့်တည့်ကို သေနတ်ကျည်
ဆန်ထိမှန်ခဲ့ခြင်းမှာ လုပ်ကြံပစ်ခတ်ခဲ့ခြင်းမဟုတ်ဘဲ တန်ပြန်ထိမှန်ခဲ့ခြင်းသာဖြစ်နိုင်တလို့ ရဲချူပ်ဇော်ဝင်းက သုံးသပ်လိုက်ပါတယ်“အဲသည်အမှုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ကြည့်တဲ့ အနေအထားက အက်စီးဒန့်ပါ။ ကျည်ဆန်က တစ်နေရာရာကနေ့ Twist ဖြစ်ပြီး မတော်တဆ လာမှန်တာ ၊ ပစ်ခတ်လုပ်ကြံတာတော့ မဟုတ်ဘူး၊ အဲဒီလိုတော့ မတွေ့ဘူး၊ အဲ့နားမှာ လာပစ်ခတ်သံမှလည်း မကြားရဘူး၊ တနေရာရာကနေ Twist ဖြစ်ပြီး လာထိတဲ့ သဘောလို့ ထင်တယ်။ အဲ့တော့ ဘယ်လိုဆိုတဲ့ Case ကတော့ မသိရသေးဘူး။” လို့ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့မှ ရဲချူပ်ဇော်ဝင်းက ပြောပါတယ်။
ဆိုင်ကယ်မောင်းနေစဉ်မှာ လာရောက်ထိမှန်တဲ့ ကျည်ဆန်ဟာ တမင်ရည်ရွယ်ချက်ရှိရှိပစ်ခတ်မှုမဟုတ်ပဲမတော်တဆTwist ဖြစ်ပြီးထိမှန်သေဆုံးခဲ့တာဆိုတာဟာ အဝေးတစ်နေရာကနေပစ်ခတ်လိုက်တဲ့ကျည်ဆန်ကို ဓာတ်တိုင်(သို့မဟုတ်) သစ်ပင်ကဲ့သို့ မာကြောတဲ့ အရာကို ထိပြီးတော့မှ တစ်ဆင့် ပြန်လည် ထိမှန်ခြင်းလို့ အသုံးပြုခြင်းဖြစ်ပါတယ်။
“ကျည်ဆန်ကဘယ်ကကျည်ဆန်လည်းဆိုတာကိုကျွမ်းကျင်သူတွေနဲ့စစ်နေဆဲဖြစ်ပါတယ်လို့ရဲချူပ်ဇော်ဝင်းကပြောပါတယ်။
ကျည်ဆန်ထိမှန်သေဆုံးသူ ကိုရဲဝင်းဟာ ကျန်စစ်သားလမ်း အရှေကဘက်မှ ဆိုင်ကယ်မောင်းလာစဉ်
၇၁လမ်းနဲ့ ၇၂ လမ်းကြား၊
ကျန်စစ်သားလမ်းရှိ ဓမ္မာရုံလမ်းဘေး ဓာတ်တိုင်ဘေးမှာ လဲကျသေဆုံးနေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
၎င်း(23.3.2017)
Ref: မိုးမိုး(ကုမုဒြာဂျာနယ်)
http://www.kumudranews.com/news/crime-and-trial-news/%E1%80%99%E1%80%94%E1%80%B9%E1%80%B8%E1%80%99%E1%80%BD%E1%80%AC-%E1%80%94%E1%80%96%E1%80%B0%E1%80%B8%E1%80%90%E1%80%8A%E1%80%B9%E1%82%94%E1%80%90%E1%80%8A%E1%80%B9%E1%82%94%E1%80%80%E1%80%AD%E1%80%AF/
Thursday, March 23, 2017
Sunday, March 12, 2017
Kinetic Poetry Movement 8
ပူးတွဲကြေညာချက်
Kinetic Poetry Movement 8
-----------------
ယခုနှစ်မှစ၍ နှစ်စဉ် မြန်မာပြည်တွင်း တက္ကသိုလ်ဝင်တန်းပညာသင်ကြားရေးမှ ကျောင်းသားကျောင်းသူများ၏ ဖြေဆိုမှုနှင့် အောင်မြင်မှုဦးရေ ကိန်းဂဏန်းများကို ကျွန်ုပ်တို့၏ Kinetic Poem ကဗျာတစ်ပုဒ်အဖြစ် သတ်မှတ်တင်ပြအပ်ပါသည်။ အဆိုပါ ကိန်းဂဏန်းများဖြစ်ကြသည့် ကျောင်းသားကျောင်းသူများသည် နေရာဒေသနှင့်ကျောင်းတည်ရှိမှုအခြေအနေ၊ နိုင်ငံရေးအခြေအနေ၊ လူမှုရေးအခြေအနေ၊ ဘဝပေးအခြေအနေ၊ ကျန်းမာရေးအခြေအနေစသည်ဖြင့် အကြောင်းအမျိုးမျိုးကြောင့် ပျက်ကွက်မှုများလည်းရှိနိုင်ပြီး ဖြေဆိုသူ၊ ပျက်ကွက်သူ၊ အောင်မြင်သူ၊ ကျရှုံးသူ အသီးသီးသည် ၎င်းတို့၏ဘဝဘဝများနှင့်ဆက်နွယ်၍ ပြောင်းလဲနေမည်ဖြစ်သည်။
လူသားများ ကမ္ဘာတည်သရွေ့ တည်ရှိသွားမည်အရာမှာ ပညာရေးဖြစ်ပြီး ရှေးပဝေသဏီကတည်းကစ၍ သင်ကြားသင်ယူမှုအမျိုးမျိုးဖြင့် ပညာရေးစနစ်၊ စာမေးပွဲစနစ်မျိုးစုံတည်ရှိခဲ့သည်။ ပညာရေး၊ အသိပညာမှာ လူသားဘဝတိုင်းအတွက် များစွာအကျိုးသက်ရောက်မှုရှိနေပါသည်။ အထူးသဖြင့် တက္ကသိုလ်ဝင်တန်း ကျောင်းသားကျောင်းသူများမှာလည်း နောက်ထပ်ပိုမိုမြင့်မားသော ပညာရပ်များကို ဆက်လက်ဆည်းပူး၍ သက်ဆိုင်ရာ ဘာသာရပ်အလိုက်ပညာရှင်များအဖြစ် မွေးဖွားခွင့်အတွက် ဝင်ရောက်ခွင့် လက်မှတ်ဖြစ်သည်။ မြန်မာနိုင်ငံအတွင်း တက္ကသိုလ်ဝင်တန်းအတွက် ဖြေဆိုရန် စာရင်းပေးထားသည့်ဦးရေ၊ ဖြေဆိုရန်ကြိုတင်ပြင်ဆင်ထားသော်လည်း စာရင်းပေးသွင်းရန်ပျက်ကွက်ခဲ့ရသော ဦးရေ၊ ဖြေဆိုနေသည့်အချိန်အတွင်း၌ပင် ဘာသာရပ်အလိုက် တစ်ရက်နှင့်တစ်ရက်တူညီမှုမရှိပဲ အကြောင်းအမျိုးမျိုးကြောင့် ဆက်လက်ဖြေဆိုရန်ပျက်ကွက်ခဲ့သူများ၊ ဘာသာရပ်အားလုံးဖြေဆိုပြီးသူများ၏ အောင်မြင်မှု၊ ကျဆုံးမှု၊ ဂုဏ်ထူးရရှိမှု ရလဒ်အခြေအနေပြောင်းလဲများသည် နှစ်စဉ်နှစ်တိုင်းအစဉ်အမြဲပြောင်းလဲနေမည့် ကိန်းဂဏန်းများပင်ဖြစ်ပါသည်။
ဤကဗျာသည် ကျွန်ုပ်တို့နိုင်ငံ ကျွန်ုပ်တို့အားလုံး၏ဘဝများနှင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍လည်းကောင်း၊ ပတ်သက်ချိတ်ဆက်နေသော ကဗျာတစ်ပုဒ်ပင်ဖြစ်သည်ဟု ယူဆသဖြင့် လက်ရှိနိုင်ငံတော်၏ပညာရေးမူဝါဒအပြောင်းအလဲကို အာရုံစိုက်ရင်း Kinetic Poetry (8) ကြိမ်မြောက်အနေနှင့် ယခုဤကဗျာကို တင်ပြလိုက်ရပါကြောင်း။
ငုအိမ်ထက်မြက်၊ ၎င်း (12.3.2017)
Wednesday, March 8, 2017
dgo
dgo
လက်ရှိကာလမှာတော့ မျိုးရိုးဗီဇကြောင့်ပြောင်းလဲလာတဲ့ dgo တွေကို မြင်တွေ့
ကြရမှာဖြစ်ပါတယ်။ dog ကနေ မျိုးရိုး ဂျင်းန် ဖောက်ပြန်မှု တစ်နည်းအားဖြင့်
ဂျင်းန်ဗီဇတူတဲ့ အချင်းချင်းမျိုးစပ်မှုများကြောင့်ဖြစ်ပေါ်လာတဲ့ dgo
သတ္တဝါတွေဖြစ်ကြတယ်။ dgo တွေသည် သွားတစ်ချောင်းတည်းပါပြီး အမြှီးမှာ
လက်ဝါးပုံဖြစ်လာကြတယ်။ များသောအားဖြင့် တိမ်ထူတဲ့နေ့တွေမှာ
ကျောပိုးအိတ်အသွင်သဏ္ဍာန်ဆောင်ပြီး များသောအားဖြင့် ကွန်ပါဘူးအရွယ်
အကောင်လေးတွေအဖြစ် မည်သူမဆိုတွေ့ မြင်နေနိုင်မှာဖြစ်ပါတယ်။ dgo ရဲ့
အားနည်းချက်တွေမှာ အနှေးပြကွက်များမလုပ်နိုင်ခြင်း၊ ရေခဲသေတ္တာအတွင်း
ထည့်မရခြင်း၊ ဘယ်အချိန်၊ ဘယ်နေရာမဆို အိပ်မက်များမမှန်နိုင်ခြင်းတို့ဖြစ်တယ်။
dgo တွေသည် သက်ရှိလောက တစ်ခုလုံးကိုစိန်ခေါ်လာပြီးအထူးသဖြင့် god နဲ့
dog မျိုးနွယ်တွေအကြား ဝိရောဓိဖြစ်မှုနဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေအကြား
ဝေဝါးမှုတွေဖြစ်လာကြတယ်။ god တွေက တောင်အရပ်သွားရင်၊ dog တွေက
မြောက်အရပ်သွားရင်၊ dgo တွေရဲ့ အရှေ့ဖြစ်လာကြတယ်။ god နဲ့ dog
ကြားမှာ ကြီးမားတဲ့ ဆက်နွယ်မှုရှိနေပေမယ့် စာရင်းမဝင် dgo တွေသည်
အသံနှစ်ခုကြားပျော်ဝင်နေတဲ့ တိမ်တွေဖြစ်နေ ကြတယ်။ အဲဒီအတွက် dog
တွေကို စနစ်တကျမျိုးစပ်ကြဖို့ ဆော်မှုဩတွေလုပ်လာကြတာတွေ့မြင်ရမှာ
ပဲဖြစ်တယ်။ သတ်မှတ် ဂျင်းန်တွေ တွေအတွက်လာ ရောက်စစ်ဆေးခံကြဖို့နဲ့
ဂျင်းန်မတူသူအချင်းချင်းသာ စပ်ယှက်ကြဖို့ လှုပ်ရှားမှုတွေလုပ်လာကြတယ်။ dog
တွေအတွက် အံ့ဩစရာတွေဖြစ်တဲ့ ကာလဖြစ်သလို၊ god တွေ အတွက်လည်း
စိတ်မချမ်းမြေ့ဖွယ်ရာတွေပါပဲ။ ဒီမျိုးဆက်အတွက် စနစ်တကျပြုပြင်ထိန်းသိမ်းမှု
များမရှိပါက gdo, odg, ogd, odg, ogd မျိုးဆက်များဖြစ်ပေါ်လာဖွယ်ရှိပြီး
လက်ခံရန် သင့်၊ မသင့်ကိစ္စရပ်များဖြစ်ပေါ်လာနိုင်ပါတယ်။
၎င်း (8.12.2017)

Subscribe to:
Posts (Atom)