Sunday, March 12, 2017
Kinetic Poetry Movement 8
ပူးတွဲကြေညာချက်
Kinetic Poetry Movement 8
-----------------
ယခုနှစ်မှစ၍ နှစ်စဉ် မြန်မာပြည်တွင်း တက္ကသိုလ်ဝင်တန်းပညာသင်ကြားရေးမှ ကျောင်းသားကျောင်းသူများ၏ ဖြေဆိုမှုနှင့် အောင်မြင်မှုဦးရေ ကိန်းဂဏန်းများကို ကျွန်ုပ်တို့၏ Kinetic Poem ကဗျာတစ်ပုဒ်အဖြစ် သတ်မှတ်တင်ပြအပ်ပါသည်။ အဆိုပါ ကိန်းဂဏန်းများဖြစ်ကြသည့် ကျောင်းသားကျောင်းသူများသည် နေရာဒေသနှင့်ကျောင်းတည်ရှိမှုအခြေအနေ၊ နိုင်ငံရေးအခြေအနေ၊ လူမှုရေးအခြေအနေ၊ ဘဝပေးအခြေအနေ၊ ကျန်းမာရေးအခြေအနေစသည်ဖြင့် အကြောင်းအမျိုးမျိုးကြောင့် ပျက်ကွက်မှုများလည်းရှိနိုင်ပြီး ဖြေဆိုသူ၊ ပျက်ကွက်သူ၊ အောင်မြင်သူ၊ ကျရှုံးသူ အသီးသီးသည် ၎င်းတို့၏ဘဝဘဝများနှင့်ဆက်နွယ်၍ ပြောင်းလဲနေမည်ဖြစ်သည်။
လူသားများ ကမ္ဘာတည်သရွေ့ တည်ရှိသွားမည်အရာမှာ ပညာရေးဖြစ်ပြီး ရှေးပဝေသဏီကတည်းကစ၍ သင်ကြားသင်ယူမှုအမျိုးမျိုးဖြင့် ပညာရေးစနစ်၊ စာမေးပွဲစနစ်မျိုးစုံတည်ရှိခဲ့သည်။ ပညာရေး၊ အသိပညာမှာ လူသားဘဝတိုင်းအတွက် များစွာအကျိုးသက်ရောက်မှုရှိနေပါသည်။ အထူးသဖြင့် တက္ကသိုလ်ဝင်တန်း ကျောင်းသားကျောင်းသူများမှာလည်း နောက်ထပ်ပိုမိုမြင့်မားသော ပညာရပ်များကို ဆက်လက်ဆည်းပူး၍ သက်ဆိုင်ရာ ဘာသာရပ်အလိုက်ပညာရှင်များအဖြစ် မွေးဖွားခွင့်အတွက် ဝင်ရောက်ခွင့် လက်မှတ်ဖြစ်သည်။ မြန်မာနိုင်ငံအတွင်း တက္ကသိုလ်ဝင်တန်းအတွက် ဖြေဆိုရန် စာရင်းပေးထားသည့်ဦးရေ၊ ဖြေဆိုရန်ကြိုတင်ပြင်ဆင်ထားသော်လည်း စာရင်းပေးသွင်းရန်ပျက်ကွက်ခဲ့ရသော ဦးရေ၊ ဖြေဆိုနေသည့်အချိန်အတွင်း၌ပင် ဘာသာရပ်အလိုက် တစ်ရက်နှင့်တစ်ရက်တူညီမှုမရှိပဲ အကြောင်းအမျိုးမျိုးကြောင့် ဆက်လက်ဖြေဆိုရန်ပျက်ကွက်ခဲ့သူများ၊ ဘာသာရပ်အားလုံးဖြေဆိုပြီးသူများ၏ အောင်မြင်မှု၊ ကျဆုံးမှု၊ ဂုဏ်ထူးရရှိမှု ရလဒ်အခြေအနေပြောင်းလဲများသည် နှစ်စဉ်နှစ်တိုင်းအစဉ်အမြဲပြောင်းလဲနေမည့် ကိန်းဂဏန်းများပင်ဖြစ်ပါသည်။
ဤကဗျာသည် ကျွန်ုပ်တို့နိုင်ငံ ကျွန်ုပ်တို့အားလုံး၏ဘဝများနှင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍လည်းကောင်း၊ ပတ်သက်ချိတ်ဆက်နေသော ကဗျာတစ်ပုဒ်ပင်ဖြစ်သည်ဟု ယူဆသဖြင့် လက်ရှိနိုင်ငံတော်၏ပညာရေးမူဝါဒအပြောင်းအလဲကို အာရုံစိုက်ရင်း Kinetic Poetry (8) ကြိမ်မြောက်အနေနှင့် ယခုဤကဗျာကို တင်ပြလိုက်ရပါကြောင်း။
ငုအိမ်ထက်မြက်၊ ၎င်း (12.3.2017)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment