Tuesday, August 7, 2018

Kinetic Poetry Movement 11



Kinetic Poetry Movement 11 


အချိန်ကာလကို တိုင်းတာသတ်မှတ်သော နာရီလက်တံနှင့်ဒီဂျစ်တယ်ဆိုင်ရာ ကိန်းဂဏန်းအပြောင်းအလဲများ အပါအဝင် ယင်းနှင့်ဆက်စပ်ဖြစ်​​ပေါ်လာမည့် Text ကဏ္ဍအသီးသီးကို Kinetic Poetry ကဗျာများ အဖြစ်သတ်မှတ်ပါသည်။ 

အချိန်ကာလသည် သက်ရှိများအပေါ် တတိတိတိုက်စားမှုရှိပြီး၊ ယင်း၏ အကျိုးသက်​​ရောက်မှုမှာ အဆုံးအစမရှိတည်​​ရှိနေနိုင်သော ယန္တယားတစ်ခုပင်ဖြစ်သည်။ လူသားဘဝရှင်သန်မှုတွေ အချိန်၏ သဘာဝအရ အကျိုးသက်​​ရောက်မှုအပေါ်အခြေခံပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်​​ကျေးမှု စသဖြင့် context အသီးသီးတွင်သီးခြားအကျိုးဆက်များ၊ ဖြစ်စဉ်ဖြစ်ရပ်များထပ်မံပေါ်ပေါက်​​ကာ သက်ဝင်လှုပ်ရှားမှုဖြစ်​​ပေါ်ရန်အတွက်ကြောင်းရင်းခံတစ်ရပ်လည်းဖြစ်သည်။ 

စိတ်ပိုင်းဆိုင်ရာအရ၊ ရုပ်ပိုင်းဆိုင်ရာအရ ကျင်လည်လှုပ်ရှားနိုင်ရာကွင်းဆက်တွင် ကြီးမားသော လွှမ်းမိုးမှုရှိနေသော အချိန်ပြနာရီလက်တံနှင့်ကိန်းဂဏန်ပြောင်းလဲမှု Text များ၊ ယင်းပြောင်းလဲနေသော ခွင်အတွင်း လူ၏ ကံသုံးပါးအမှုများမှ Text များ၊ ပြောင်းလဲမှုအချိန်တာနှင့် ကံအမှုများ၏ ဆက်စပ်ပြောင်းလဲမှုဖြစ်စဉ်၏ Text များ အားလုံးကို Kinetic Poetry များအဖြစ် သတ်မှတ်လိုက်ပါသည်။ 

ငုအိမ်ထက်မြက်၊ ၎င်း (7.8.2018)

Friday, August 3, 2018

Kinetic Poetry Movement 10



Kinetic Poetry Movement 10
---------------------------------------------
စိတ်ကို Kinetic Poetry ကဗျာတစ်ပုဒ်အဖြစ် သတ်မှတ်သည်။

စိတ်မှာ ကာယဝစီလှိုင်းများကြောင့်ဘောင်ဘင်ခတ်မှု၊ အရောင်များတစ်ခုနှင့်တစ်ခုကူးပြောင်းသွားမှု၊ ချောက်နက်ထဲမှ ကောင်းကင်ပြာများကောင်းကင်ပြာပြာကြီးထဲမှချောက်နက်နက်များ၊ ဝင်္ကဘာဆန်ဆန်ခြေလှမ်းများကို  ကိုယ်စိတ်နှစ်ပါး ပြေလျော့စွာဖြင့်၊ အနည်းဆုံး timing ဖြင့် လိုက်ပါဖို့နိုင်ဖို့ရည်ရွယ်ပါသည်။

စိတ်သည် ဘယ်လောက်ပဲကြီးကျယ်သည်ဖြစ်စေ၊ သေးကွေးသည်ဖြစ်စေ၊ စိတ်သဘောသဘာဝဖြစ်စဉ်၏ system အတွင်းမှာပင် လည်ပတ်သွားလာနေကြရသည်။ ယင်း system ၏ထိန်းချုပ်မှုထဲသာ ကန့်သတ်လှုပ်ရှားနေကြရသည်။ ထို့ကြောင့် system အတွင်းကပင် အချိန်နှင့် အမျှဖြစ်ပေါ် ပြောင်းလဲနေသည့် စိတ်အခြေအနေများကို Kinetic Poetryကဗျာတစ်ပုဒ်အဖြစ်ဖတ်ရှုစေလိုပါသည်။


ဖတ်ရှုရင်း ပျော်ရွှင်စွာဖြင့်ပင်
ဒီsystemကြီးအတွင်းက
ထွက်ပေါက်တွေ့လွတ်မြောက်ကြပါစို့

မင်းမျိုးအောင်စံ