Tuesday, August 7, 2018

Kinetic Poetry Movement 11



Kinetic Poetry Movement 11 


အချိန်​ကာလကို တိုင်းတာသတ်​မှတ်​သော နာရီလက်​တံနှင့်​ဒီဂျစ်​တယ်​ဆိုင်​ရာ ကိန်းဂဏန်းအ​ပြောင်းအလဲများ အပါအဝင်​ ယင်းနှင့်​ဆက်​စပ်​ဖြစ်​​ပေါ်လာမည့်​ Text ကဏ္ဍအသီးသီးကို Kinetic Poetry ကဗျာများ အဖြစ်​သတ်​မှတ်​ပါသည်​။ 

အချိန်​ကာလသည်​ သက်​ရှိများအ​ပေါ် တတိတိတိုက်​စားမှုရှိပြီး၊ ယင်း၏ အကျိုးသက်​​ရောက်​မှုမှာ အဆုံးအစမရှိ​တည်​​ရှိ​နေနိုင်​သော ယန္တယားတစ်​ခုပင်​ဖြစ်​သည်​။ လူသားဘဝရှင်​သန်​မှု​တွေ အချိန်​၏ သဘာဝအရ အကျိုးသက်​​ရောက်​မှုအ​ပေါ်အ​ခြေခံပြီး နိုင်​ငံ​ရေး၊ စီးပွား​ရေး၊ လူမှု​ရေး၊ ယဉ်​​ကျေးမှု စသဖြင့်​ context အသီးသီးတွင်​သီးခြားအကျိုးဆက်​များ၊ ဖြစ်​စဉ်​ဖြစ်​ရပ်​များထပ်​မံ​ပေါ်​ပေါက်​​ကာ သက်​ဝင်​လှုပ်​ရှားမှုဖြစ်​​ပေါ်ရန်​အတွက်​ အ​ကြောင်းရင်းခံတစ်​ရပ်​လည်းဖြစ်​သည်​။ 

စိတ်​ပိုင်းဆိုင်​ရာအရ၊ ရုပ်​ပိုင်းဆိုင်​ရာအရ ကျင်​လည်​လှုပ်​ရှားနိုင်​ရာကွင်းဆက်​တွင်​ ကြီးမား​သော လွှမ်းမိုးမှုရှိနေသော အချိန်​ပြနာရီလက်​တံနှင့်​ကိန်းဂဏန်း​ပြောင်းလဲမှု Text များ၊ ယင်းပြောင်းလဲနေသော ခွင်အတွင်း လူ၏ ကံသုံးပါးအမှုများမှ Text များ၊ ​ပြောင်းလဲမှုအချိန်တာနှင့် ကံအမှုများ၏ ဆက်စပ်ပြောင်းလဲမှုဖြစ်စဉ်၏ Text များ အားလုံးကို Kinetic Poetry များအဖြစ် သတ်မှတ်လိုက်ပါသည်။ 

ငုအိမ်​ထက်​မြက်​၊ ၎င်း (7.8.2018)

No comments: