Kinetic
Poetry Movement 10
---------------------------------------------
စိတ်ကို
Kinetic Poetry ကဗျာတစ်ပုဒ်အဖြစ် သတ်မှတ်သည်။
စိတ်မှာ ကာယဝစီလှိုင်းများကြောင့်ဘောင်ဘင်ခတ်မှု၊ အရောင်များတစ်ခုနှင့်တစ်ခုကူးပြောင်းသွားမှု၊ ချောက်နက်ထဲမှ ကောင်းကင်ပြာများ၊ ကောင်းကင်ပြာပြာကြီးထဲမှချောက်နက်နက်များ၊ ဝင်္ကဘာဆန်ဆန်ခြေလှမ်းများကို ကိုယ်စိတ်နှစ်ပါး ပြေလျော့စွာဖြင့်၊ အနည်းဆုံး timing ဖြင့် လိုက်ပါဖို့နိုင်ဖို့ရည်ရွယ်ပါသည်။
စိတ်သည် ဘယ်လောက်ပဲကြီးကျယ်သည်ဖြစ်စေ၊ သေးကွေးသည်ဖြစ်စေ၊ စိတ်သဘောသဘာဝဖြစ်စဉ်၏ system အတွင်းမှာပင် လည်ပတ်သွားလာနေကြရသည်။ ယင်း system ၏ထိန်းချုပ်မှုထဲသာ ကန့်သတ်လှုပ်ရှားနေကြရသည်။ ထို့ကြောင့် system အတွင်းကပင် အချိန်နှင့် အမျှဖြစ်ပေါ် ပြောင်းလဲနေသည့် စိတ်အခြေအနေများကို Kinetic Poetryကဗျာတစ်ပုဒ်အဖြစ်ဖတ်ရှုစေလိုပါသည်။

ဖတ်ရှုရင်း
ပျော်ရွှင်စွာဖြင့်ပင်
ဒီsystemကြီးအတွင်းက
ထွက်ပေါက်တွေ့လွတ်မြောက်ကြပါစို့
ဒီsystemကြီးအတွင်းက
ထွက်ပေါက်တွေ့လွတ်မြောက်ကြပါစို့
မင်းမျု
ိးအောင်စံ
No comments:
Post a Comment