==================
ရုံးခန်းပုံစံငှက်ပျောသီးထဲမှာ ပုန်းကွယ်နေသော ငှက်အသံများ၏ ရနံ့လို
အလန့်တကြားပြေးလာသည့် ခြံစည်းရိုးအသေများ၏ ကူညီမှုမှတစ်ဆင့်
စူးစမ်းစပ်စုတတ်သော ရောင်ပြန်ဟပ် ခွေးခေါ်သံများအကြောင်းကို အဝတ်မဲ့
ခန္ဓာအဖြစ်ဖန်တီးတည်ဆောက်လိုက်သည် ခန္ဓာမဲ့အပြည့်အဝပိုင်ဆိုင်ခြင်းမှု
နည်းမျိုးစုံနှင့် ပျောက်ရွှင်နေတတ်အမြှုပ်များကို မေ့လျော့သွားသော နာမည်ထဲမှ
တိတ်ဆိတ်နေသည့် အရိများမှာ လှံစွပ်ထိပ်အတွင်း သော့ခတ်ခံထားရသည့် ရိပ်သာ
စာရင်းအတွင်းပါဝင်နိုင်ခြင်းမရှိသည့် စကားပြောသောထုံးစံအသံကို တိုးချဲ့ပျံသန်း
အဟေဣဠယံ၏ အပြောင်းအလဲများအတွင်း ကျရောက်လာသော ပေါ်ပေါက်မြိုခံသည့်
သိရှိသော လျှာ၏ အလျားအလိုက် တစ်ဖက်ပိတ်အပွင့်မှာ မျဉ်းကြောင်းအတိုင်းသာ
ရပ်နားနေသော ᐊᑖᑕᑦᑎᐊᕐᒪᑦ အမြင့်မှ ရွေ့လျားမှုအတွက်
၎င်း (25.1.2021)
No comments:
Post a Comment