Sunday, January 3, 2021

အစစ်အမှန်၏ ၇၈၂၇၈ မြောက် မျက်နှာဆန်သောအိပ်မက်၏ မှန်ထဲမှ ပုံရိပ်

====================================

တွေးဖို့ ကျန်နေတဲ့ အိမ်သားတစ်ခုဟာ သားအိမ်အဖြစ်နဲ့ အသွင်ဆောင်ပြီး၊ လက်စွပ်အတွင်းမှာ ခိုအောင်း နေတယ်။ အဲဒါကတော့ တီဗွီရီမုတ်တစ်ခုရဲ့ အလျားနဲ့ တိုက်ရိုက်သက်ဆိုင်နေတယ်။ ဘာလို့လဲဆိုတော့ အဲဒီ မြစ်ဝကျွန်းပေါ်ဟာ ၁၅ နှစ်ကျော်သက်တမ်းရှိနေပြီဖြစ်တဲ့အတွက်ကြောင့်၊ ငှက်ပျောသီးတွေရဲ့ ရုံးပေါက်မှာ ယုံကြည်မှု၏ နေ့စွဲများကို၊ လျှို့ဝှက်ခပ်ရေးရေးအသိတရား၏ စာမျက်နှာ ၆၂ အရ ပတ်ဝန်းကျင် တစ်ခုလုံး မယုံကြည်နိုင်စရာကောင်းလောက်အောင် မျက်လုံးတစ်လုံးနဲ့ ပြည့်နှက်နေလေရဲ့။ ဖမ်းဆီးထိန်းသိမ်းခံထားရ တဲ့ လေတွေဟာ ကြော်ငြာတစ်ခုရဲ့ မနက်စာကို မျဉ်းဖြတ်အတိုင်း ဖြတ်သွားနေစဉ်မှာပဲ နာရီလက်စွပ်ကနေ ဘဝကို ရှုထုတ်မှုအဖြစ် ငုံ့ကြည့်ခဲ့တယ်၊ ဒီလိုမှမဟုတ်ရင် ဇောက်ထိုးရကို ဖမ်းခေါ်သွားကြပြီး ပုရွက်ဆိတ်ရဲ့ ၄/၈ နှုန်းရှိတဲ့ အရှိန်နဲ့ပြေးနေကြသော ကက်ဆတ်တွေ၏ ပျော်ရွှင်မှုလို ငိုကြွေးနေကြလေရဲ့။ အဲဒီအချိန်တုန်း က ပြစ်မှုရဲ့ သတင်းတွေအားလုံးဟာ စုစည်းထားပြီးသားဖြစ်နေတယ်။ အဲဒီရောက်သွားတဲ့ ဖိစီးမှုရဲ့ မေ့လျော့ မှုဆိုင်ရာ ခေါင်းလောင်းကြိုးကို ငန်းဖမ်းလိုက်ကြတယ်။ ဒီလိုမှမလုပ်ရင် အဲဒီအဖျားက တက်လာမှာ မဟုတ် ဘူး၊ ဘယ်သူတွေက တည်ငြိမ်အောင်ကြိုးစားနေတယ်လို့ နားလည်နိုင်မှာပဲ။ ပြောသမျှ အကြောင်းအရာ တွေဟာ မဆိုစလောက် ပန်းပွင့်တွေအဖြစ် ထင်မှတ်နေကြတယ်။ ဖြောင့်ချက်တွေဟာ မနေ့ကအထိ ဝါးမျို ကိုက်သတ်ဒဏ်ရာတွေနဲ့ ကြည်နူးမှုကို ခံစားနေတယ်။ တစ်မျိုးပြီးတစ်မျိုးပြောင်းလဲနေတဲ့ အခန်းဟာ အခု အချိန်မှာတော့ ဘာအဓိပ္ပာယ်လဲလို့ ပြန်ပြီး မေးခွန်းထုတ်ရလောက်အောင်ကိုပဲ ငွေစက္ကူအဖြစ် ပြောင်းလဲ လာတယ်။ ဆိုတော့ အသုံးဝင်မှုကို ဘယ်လို ဝေဖန်စစ်ကြောမလဲဆိုတာက ဒီညစ်ညမ်းခြင်းရဲ့ အဖြေဖြစ်လာ တယ်။ စော်ကားမှုဆိုတဲ့ အသုံးဟာ လုံးဝအသုံးမဝင်တော့သည့် အခြေအနေမှာ အနာဂတ်ဟာ စွန့်လွှတ်ဖို့အ တွက် အဆင်သင့်ဖြစ်နေလေပြီ၊ သူတို့ရဲ့ ဂုဏ်ပြုခြင်းဆိုင်ရာတွေ၊ အလကားဖြစ်သော အဓိက အကြောင်းအ ရာတွေနဲ့ အတူ၊ ထိခိုက်ဖွယ်ရာမရှိတဲ့ ခြေသံတွေကို လုံခြုံစွာ သိမ်းထုပ်ထားတဲ့ သုဿာန်ထဲကနေ၊  ဘယ်တံ ခါးကို အနှစ် ၃၀ ကျော်ကြာအောင်ပိတ်ထားတတ်သလဲ။ အမှန်တကယ်ကတော့ ရယ်သံတွေနဲ့ ရောထွေးလာ တဲ့ ရယ်သံစစ်စစ်ကို သေအောင် ရယ်ပစ်လိုက်ဖို့ပဲ။ စောနက ကောင်းကျိုးနဲ့ ရှင်းလင်းဖို့ ကြိုးစားနေခြင်းက တူးမြောင်းတစ်ခုထဲ ကျသွားတဲ့ လုပ်နိုင်သော်လည်းဆိုတဲ့ ပြဿနာကို တစ်နည်းနည်းနဲ့ ရှုပ်ထွေးအောင် ရှင်း လင်းဖို့က အဲဒီနှုတ်ဆက်ခြင်းက အနည်းနဲ့အများသက်ဆိုင်နေတယ်။ ဆိုကြပါစို့ ပိတောက်အပြာရောင်ကို ရေ နွေးထဲထည့်ထားတဲ့ အချိန်မှာတော့ လမ်းဆုံဟာ မြင်သမျှမျက်လုံးများကို လှမ်းအော်ပြောဖို့ ငုံ့နမ်းနေတတ်သ လို၊ အောင့်သက်သက်ဖြစ်နေတဲ့ ဧည့်သည်အုတ်နံရံဟာ သတ်နည်းကို ကုသိုလ်အဖြစ် သွတ်သွင်းနေထိုင်ခြင်း အဖြစ် ပြဌာန်းလိုက်တယ်။ ဘာဆက်လုပ်မလဲဆိုတဲ့ အကြောင်းအရာဟာ အိပ်ပျော်နေတဲ့ လက်တစ်ချောင်း ရဲ့ အသိတရားကို ပြန်အဖြေပေးနေခဲ့တယ်။ အဲလိုမျိုး အခွင့်အရေးဟာ ပခုံးနှစ်ခုကြားကနေ ကျော်လွန်မြင် နေရတဲ့ တဟွတ်ဟွတ်ချောင်းဆိုးမှုရဲ့ အဖုံးတစ်ခုသာ၊ ကြက်ဥခွံတစ်ခုရဲ့ အောက်အတွင်းမှ အဲဒီကိစ္စအားလုံး ဟာ ဖြစ်ပြီးသမျှအဖြစ်အပျက်တွေအဖြစ်၊ ဒီအတိုင်းပစ်ထားလိုက်ရင် အခဲဖြစ်နေတဲ့ အခမဲ့ဝန်ဆောင်မှုမှန် သမျှကို အသက်ထပ်သွင်းဖို့ အရာရာတိုင်းရဲ့ မြေကြီးဆီမှ တစ်ဆင့်။ ဘာနဲ့ ဘယ်လိုဆိုတာက ဘာကြောင့်ဆို တဲ့ 


၎င်း (၃.၁.၂၀၂၁)


No comments: