Monday, January 12, 2015

ဝက်ဝံရုပ်ရဲ့နားထဲကိုဘယ်တော့မှလေမှုတ်မသွင်းနဲ့




ဖုတ်ပြီးသား ကိတ်မုန့်တွေကို ရေတွက်တယ် ၁လုံး ၂လုံး ၃လုံး ၄လုံး ၅လုံး ၆လုံး ၇လုံး ၈လုံး ၉လုံး
သွားလာနေတဲ့ ကားတွေကို ရေတွက်တယ် ၁စီး ၂စီး ၃စီး ၄စီး ၅စီး ၆စီး ၇စီး ၈စီး ၉စီး
ဖြတ်သွားနေတဲ့ မိန်းမတွေကို ရေတွက်တယ် ၁ယောက် ၂ယောက် ၃ယောက် ၄ယောက် ၅ယောက် ၆ယောက် ၇ယောက် ၈ယောက် ၉ယောက်
ရေပိုက်ခေါင်းကကျနေတဲ့ ရေတွေကို ရေတွက်တယ် ၁စက် ၂စက် ၃စက် ၄စက် ၅စက် ၆စက် ၇စက် ၈စက် ၉စက်
ခြေဦးတည့်ရာလျှောက်သွားနေတဲ့ ပုရွက်ဆိတ်တွေကို ရေတွက်တယ် ၁ကောင် ၂ကောင် ၃ကောင် ၄ကောင် ၅ကောင် ၆ကောင် ၇ကောင် ၈ကောင် ၉ကောင်
လေဆာနဲ့ထိုးထားတဲ့ မီးစက်လေးတွေကို ရေတွက်တယ် ၁ခု ၂ခု ၃ခု ၄ခု ၅ခု ၆ခု ၇ခု ၈ခု ၉ခု
လက်နှိပ်စက်ရိုက်တဲ့ ဆီကအသံတွေကိုရေတွက်တယ် ၁ချက် ၂ချက် ၃ချက် ၄ချက် ၅ချက် ၆ချက် ၇ချက် ၈ချက် ၉ချက်
တီဗီချန်နယ်ပြောင်းနေတဲ့ လိုင်းတွေကိုရေတွက်တယ် ၁လိုင်း ၂လိုင်း ၃လိုင်း ၄လိုင်း ၅လိုင်း ၆လိုင်း ၇လိုင်း ၈လိုင်း ၉လိုင်း
ပြန်ကျဲနေတဲ့ စာရွက်လွတ်တွေကို ရေတွက်တယ် ၁ရွက် ၂ရွက် ၃ရွက် ၄ရွက် ၅ရွက် ၆ရွက် ၇ရွက် ၈ရွက် ၉ရွက်
စကားပြောနေတဲ့အသံတွေကို ရေတွက်တယ် ၁သံ ၂သံ ၃သံ ၄သံ ၅သံ ၆သံ ၇သံ ၈သံ ၉သံ
လှုပ်ရှားနေတဲ့ ခြေလှမ်းတွေကို ရေတွက်တယ် ၁လှမ်း ၂လှမ်း ၃လှမ်း ၄လှမ်း ၅လှမ်း ၆လှမ်း ၇လှမ်း ၈လှမ်း ၉လှမ်း
လှေကားထစ်တွေ နင်းဖြတ်တာကို ရေတွက်တယ် ၁ထစ် ၂ထစ် ၃ထစ် ၄ထစ် ၅ထစ် ၆ထစ် ၇ထစ် ၈ထစ် ၉ထစ်
ပန်းချီကားက အရောင်တွေကို ရေတွက်တယ် ၁ရောင် ၂ရောင် ၃ရောင် ၄ရောင် ၅ရောင် ၆ရောင် ၇ရောင် ၈ရောင် ၉ရောင်
သယ်ဆောင်လာတဲ့ ထင်းစည်းတွေကို ရေတွက်တယ် ၁စည်း ၂စည်း ၃စည်း ၄စည်း ၅စည်း ၆စည်း ၇စည်း ၈စည်း ၉စည်း
ထင်းစည်းထဲက ထင်းချောင်းတွေကို ရေတွက်တယ် ၁ချောင်း ၂ချောင်း ၃ချောင်း ၄ချောင်း ၅ချောင်း ၆ချောင်း ၇ချောင်း ၈ချောင်း ၉ချောင်း
ဝဲလွင့်လာတဲ့ သစ်ရွက်တွေကို ရေတွက်တယ် ၁ရွက် ၂ရွက် ၃ရွက် ၄ရွက် ၅ရွက် ၆ရွက် ၇ရွက် ၈ရွက် ၉ရွက်
ချိတ်ထားတဲ့ အင်္ကျီတွေကို  ရေတွက်တယ် ၁ထည် ၂ထည် ၃ထည် ၄ထည် ၅ထည် ၆ထည် ၇ထည် ၈ထည် ၉ထည်
ဆောက်ထားတဲ့ အခန်းတွေကို ရေတွက်တယ် ၁ခန်း ၂ခန်း ၃ခန်း ၄ခန်း ၅ခန်း ၆ခန်း ၇ခန်း ၈ခန်း ၉ခန်း
ဖတ်ပြီးသား စာအုပ်တွေကို ရေတွက်တယ် ၁အုပ် ၂အုပ် ၃အုပ် ၄အုပ် ၅အုပ် ၆အုပ် ၇အုပ် ၈အုပ် ၉အုပ်
သေပြီးသား အလောင်းတွေကို ရေတွက်တယ် ၁လောင်း ၂လောင်း ၃လောင်း ၄လောင်း ၅လောင်း ၆လောင်း ၇လောင်း ၈လောင်း ၉လောင်း
မျက်စိရှေ့တွေ့သမျှ ထင်ရာမြင်ရာတွေကို ရေတွက်တယ် ၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉
ဘာမှမရှိခြင်းတွေကို ဆက်လက်ရေတွက်တယ်

၎င်း(12.1.2015)

No comments: