ဘယ်လို
လိမ်နည်းမျိုးကို အပြစ်ကင်းတဲ့ မုသားလဲဟာ အသင့်မရှိဘဲ ဖြစ်ချင်မှ အိမ်ပြန်ပေတော့
မြန်မြန်သွက်သွက်
မလုပ်ရင် တို့ ပထမပိုင်းလွတ်သွားမယ်
ငွေတောင်းခံလွှာမကဲ့ရဲ့ပါနဲ့
မဆိုလောက်ပေမယ့် ဖြစ်ပျက်ပုံဟာ မနေ့ကဖြစ်ပျက်ပုံအတိုင်း
အဲဒါကိုဆောင်းကြည့်ပါရစေ
ထူးဆန်းသည်မှာ မမြဲသောအချက် ဆစ်ဂမာ
ဘယ်ဖြင့်ခြစ်ရန်
မီးခြစ်ဖြင့် အနေအထားကို ရောင်ပြန်ပြောင်းလဲလိုက်ခြင်းဖြင့် အပျော့အားဖြင့်
သံလိုက်ကွင်းစက်များ
ဝါယာကွင်းထဲမှာ ဆန်းကြယ်မှုဆွဲလှည့်ပေးလို့ အလုပ်ဖြစ်သလို
ချစ်သူစုံတွဲနဲ့
ဥပမာတူတဲ့ ယုကာဝါ၏ နယူကလီယားသီအိုရီအတိုင်း
က----> တိမ်တိုက်ဝန်းရံ နှင့်လျက်ရှိ ----> က
အရာရာတိုင်းဟာ ပြောင်းလဲနေတယ် မပြောင်းလဲခြင်းသဘောတရားတွေနဲ့
ပြောင်းလဲနေခြင်းသဘောတရား
တို့သာမပြောင်းလဲ ဒီနှစ်ခုကြားမှာ ဘာတွေကူးချည်သန်းချည်ရှိလဲ
ယခုသော်
အခြေခံတရားများ ဖောင်းပွလာ ပထမအနေနှင့်
ဒုတိယအနေနှင့်
၊
၊
၊
V
ရုပ်နှင့်စွမ်းအင်သည်
သီးခြားမဟုတ် အမြှပ်ထစေတဲ့ ပါတီပွဲကြီးထဲမှာ
ကမ္ဘာကြီးဟာ
အမြှပ်ပွဲတော်ကြီး စက္ကူအဖုံးပိတ်လိုက်ရင် အမှောင်ကျသွားမှာပဲ
ခဲလုံးကိုမိုးပေါ်မြှောက်လိုက်သောအခါ
ခဲလုံးတွင်စွမ်းအင်ရ၍ လက်တွင်စွမ်းအင်လျော့သွားသလိုမျိုး
ဘ၀ရဲ့စွမ်းအင်ကို
ဘယ်အရာနဲ့ဖလှယ်မလဲ ဘယ်အရာကို စွမ်းအင်ပေးမလဲ
၊
၊
V
က
ခ
ဂ
ဃ
င
စ
ဆ
ဇ
၎င်း(9.12.2013)
No comments:
Post a Comment