ဝတ္ထု၏
၅ပုံ ၄ပုံလောက်တွင် လောကအိပ်မက်ဆိုးများကဲ့သို့
လူအဖြစ်မှ
ပိုးမွှား မည်သို့သက်သေပြ ခ၀ါသည်အမျိုးသမီး
ညွှန်ပြချက်အရ
ဝင်ရောက်ရန်ကြိုးပမ်းခဲ့ရာ လူတစ်ယောက်က
ကမ္ဘာကြီးကို
နှုတ်ဆက်ခဲ့ပါတယ်။ တကယ်တမ်းလူ့အဖွဲ့အစည်းဟာ
ထောင်တစ်မျိုးပါပဲ
တစ်နေ့တာလုံးနေလှမ်းခံရသောသစ်ရွက်များမှီ၍
ဇာတ်ဝင်ခန်း
တခြားတစ်နေရာမှ သွားကျပြီး ဆွဲကြိုးပေးတာ
တိုင်းမခနိုင်
မိုးစက်များကျဆင်းလာ တဖြောက်ဖြောက်သံကြား
သွပ်ပြားနဲ့လေဟာနယ်ကြား
သွားတဲ့ခရီးမှာ ဖောင်းတဲ့ဖားကဖောင်း
ရင်ထဲမှာ
တော့ဘဲ တောဘဲ ကံအားလျော်စွာ ခွဲအချိန်စပိုင်
ပျို့မောင်ရေ
ဆုသည် တရုတ်စာလုံးတွင် မီးတုတ်/မီးခတ်ကျောက်
မှတ်စု။ ။ပန်းထိုးပညာရဲ့လျှို့ဝှက်ချက်အရ အဲဒီအိတ်ကလေး
သူ့လက်ချောင်းတွေနဲ့ပေပေါ့
အက်စပါတိုရင် နှင်းဆီပန်းသည်မွှေး၏
ညဈေးတန်းသည်
နေ့ခင်းဘက်တွင် မဖွင့် ဖတ်(နားလည်) နားလည်(ဖတ်)
စီရင်ချက်တို့၏
အနေအထားကို ရုန်းကန်သော အသွင်ပြောင်းခြင်း
ဘာတစ်လုံးကောင်းလဲ
ကိုယ်နေဟန်ထားကအစ အရေခွံဆုတ်ပြီး
မြင်ရပေါင်း
ပျက်သုန်းသွားတာ မေးခွန်းတစ်ခုဟာ လမ်းသွားလမ်းလာ
စာရိတ္တ
နောက်တစ်ကြိမ်များ တစ်ချက်ကောင်းဖို့ အိမ်တိုင်ပါချွတ် ရာချီတဲ့
ဗိန်းဗောင်းသံ
မာတိကာမှာ ပါ တ က န၀ဒေး သဘာဝကို သဘာဝအတိုင်းပြင်
ပရိသတ်ရဲ့တွေးခေါ်မှုနှုန်းမြင့်တက်လာတာ
အားရစရာပဲ ဒီညမှာ
ခွေးမအူ
လေမတိုက် မသေ မလာ မမှိတ် ယခုခဏ ပြီးတော့ရေ ရေ
အဆုံးသတ်မရှိတဲ့
ဒိုင်ယာရီကို ဖော်နက်တင်ဝန် မှီထိုင်ရင်း ငိုကုန်စင်
ရမန်စေစေ့ပါ
ဒီဘက်က မဖီ နေကြ မရှိကြ စိုင်ကော်ပြီးချုံပေါ်
မြင်းလှည်းလိုက်ရင်း
မြင်းချင်းလဲ အကျအန ချည်နှောင်အကြောင်းမရှိ
ထီပေါက်ကိန်းရှိပါက
ထီနံပါတ်များရွေးချယ်ပေးခြင်း ရည်ရွယ်
ချက်
မကောင်းသောအသီးသည်ချဉ်၏ ဒီဥစ္စာကို ဒီလိုစလိုက်တယ်
အင်္ဂလိပ်တစ်လှည့်
မြန်မာတစ်လှည့် ကဗျာသုံးစကား ဘာသွား အမှန်တရား
အဆန်းတကြယ်
ဂမ္ဘီရ သူရိဇ္ဇ အိပ်မက် ဆောင်ဦးရာသီမှကြယ်
အလှတရား
လုပ်နေကျမဟုတ် နိုင်နင်းမှုမရှိ အလုပ်ကမ်းလှမ်းအား
ရေနှင့်ပတ်သက်၍
အန္တရာယ်များသတိရှိပါ ဘယ်ဇာတိကလဲ ရှိ/မရှိ
စနေနေ့တွင်
သက်သက်လွတ် အုန်းနို့ခေါက်ဆွဲ ဒါနပြု၍ လိုရာဆုတောင်း
ကိုယ်ပိုင်စီးပွားရေးလုပ်နိုင်မလား
အောင်လံထူစစ်သူကြီးပွဲ ဆေးချထား
အဓိပတိသည်
အဓိကမဟုတ် ပင်ပန်း ပန်းပင် ပင်ပင်ပန်းပန်း
အသံထွက်အနုပညာအရ
လေကို ရှုသွင်း မှုတ်ထုတ် လက်ခေါက်ထည့်
အဖုံးကို
ဘယ်ရစ်ဖြင့်ကျပ် သာမည လဂွန်းအိမ် ဘာတွေလာပေး
၎င်း(-.-.2014)
No comments:
Post a Comment