Friday, June 3, 2016
ထီးပါကြလား၊ ငယ်ငယ်တုန်းက၊ သူတို့နှစ်ကောင်၊ အမျိုးအစားအရေးပါမှုအိပ်တော့
၈။
သူမရဲ့ ဆံပင်မွေးတွေကို တစ်ချောင်းခြင်းစေတီတွေလိုရေတွက်ကြည့်တယ်။ အဲဒါက
ဒစ်ကိုအက ကခိုင်းပြီး အပြစ်ပေးခံရသလို သော့ခလောက်တွေပေါ့။ တန်းကိုကိုင်ထားခိုင်း
အခြားသော ပြဇာတ်ထဲကအိပ်မက်တွေကို ထောပတ်ဘူးထဲပြန်ရှာတွေ့သလို၊ ဘယ်လောက်
များ လှောင်အိမ်ထဲကစာရွက်တွေရဲ့ ကြွပ်ကြွပ်အိတ်တွေလို ပျော်ဝင်စရာကောင်းလိုက်မလဲ။
ကျွန်တော်စပြီး ကွန်ပြူတာကိုနှိပ်တာသေချာပြီ ခေါင်းလျှော်ရည်လိုမော့သောက်လိုက်တာပဲ။
ငြီးငွေ့ဖွယ်ရာ ထိုင်ခုံအောက်က မူလီတစ်လုံးရဲ့ ငှက်ပျောပွဲ၎န်းပွဲတွေလို စာသင်ဖတ်မရတဲ့
ဥာဏ်ရွှင်မှု၊ အစာမကြေရောဂါနဲ့ အုတ်ခဲလွတ်ကျရောဂါတွေခံစားနေရတဲ့ အဲဒီဗထက်ချိုက်တွေ
ထီးတစ်ချောင်းလို မြန်မြန်ပြီးသွားမယ်ဆိုရင် ဿဟာလိုအသက်ရှုကြပ်မှာမဟုတ်ဘူး။ အခုက
ယုန်ပြေးတဲ့ ငှက်ပျောပင်တောင်ဘက်မှာ ရေခဲသေတ္တာအနံ့ထိန်းခဲတစ်ခုကို ဆီနဲ့ကြော်တဲ့အနံ့
လိုမျိုး ခက်တော့လည်းခက်တယ်။ စာအုပ်တွေမျိုးမပွားနိုင်တာနဲ့ပဲ ဧဝရတ်တောင်ကို ဂျပိုးဖြစ်
အောင်လုပ်ရမလိုလို၊ ငကိုပဲ ငင်းဖြစ်အောင်လုပ်ရမလိုလိုနဲ့အရည်ပျော်နေတဲ့ရေတွေထဲက
နှစ်ချောင်းဝင်ချင်ကြတာပဲ။ တဖြည်းဖြည်းပျောက်ကွယ်လာတဲ့ အထစ်....အထစ်.....အထစ်
အပျံတွေလို ပန်းရောင်ဖြစ်ချင်တဲ့ချဉ်ခြင်း၊ မီးကို သိပ္ပံပညာနဲ့ရှာတွေ့ချိန် ဆီနှင်းတွေကျလာတဲ့
သိုးကျောင်းသားတွေရဲ့ လည်ဆွဲတွေလို တိတ်ဆိတ်စွာနဲ့အုပ်ဆောင်းထဲမှာ အငွေ့ပျံသွားတယ်။
၁။
စားပြီးသားငှက်ပျောသီး သက်ရှိစက်မဲ့တွေအပေါင်းဆန်တဲ့ ပေါင်းဆန်တွေအရှင်းပျောက်ဖို့
လူပုဂ္ဂိုလ်အနေဖြင့် မြန်မာ-အင်္ဂလိပ် ရွေးချယ်နှိပ်ပါ။
&
ပျော်ရွှင်စရာတွေဟာ အဖြေတွေမဟုတ်၊ သို့မဟုတ် အဖြေတွေတွေ့တဲ့ ငြင်းပယ်စရာ?
ဆောင်းစုဆောင်ရွက်ထားတဲ့ အကိုက်ခံရမှုကောင်းကောင်းတစ်ခုရယူလိုချိန်မှားအပြစရာ
လက်တွေ့စမ်းသပ်ထားတဲ့ ဆေးလိပ်ငွေ့သည်ဖလင်လိပ်လို စလင်ဆေးဖြစ်ပါတဲ့ ချဉ်တံ
အဝတ်ပုံတွေချထားတဲ့ ကိုယ့်အနုပညာဟာ၊ ကြိတ်ခွဲခံရတဲ့ လေတွေထဲက အမွှေးတိုင်တွေလို
စိတ်ရောကိုယ်ပါ ပျက်ဆီးစအဝတ်ပိုင်းအတ္တအလျော့တစ်ခုကို၊ မိနစ် ၄၀စာသရက်သီးအသား
ဝ။
တကုတ်ကြိုးစားသူများအပတ်နှံ့စပ်မထိတွေ့ဖူးတဲ့ လက်ပတ်၁၀၀၀တန်။ ကျယ်ပြန်တဲ့ ရေအိုင်ထဲ။
အမြန်ရှာထားပေတော့ အရာရာရေအမြင်အမျိုးမျိုးနဲ့နားကြပ်ကို ကိုယ်ဝန်ဆောင်ခိုင်းလိုက်။
အတင်းအနံ့နေထိုင်ပါ။ တြိဂံချက်ပန်းတိုင်ရဲ့။ ဖြူဖွေးသွားငယ်တစ်လက်။
၎။
အပင်ချင်းအကိုင်းချင်း ကြိတ်နေသော (သစ်ကြိတ်)
ကဏန်း၊ ပုတ်သင်၊ ဝါးပင်၊ လိပ်မျိုး၊ နွားသိုး၊ ခွေးအဤခြောက်ဝလူတွင်မပေါင်းအပ်။
ဆင်ခြင်ပေးတဲ့ပါးစပ်၊ အာခြောက်တတ်။
သစ်ကြား၊ ဝါးကြားမညှပ်ကောင်း။
ပေါင်သားလှုပ်မှုလာဘ်ရအံ့။
အိမ်ဆောက်မပြီးခင် ဝန်းမခတ်ရ။
ခရုသင်းမြင်မက်သော် ချမ်းသာအံ့။
အာခံတွင်းက ဝင်းဝင်းတောက်လျက်နဂါးစက်။
တန်ခူး၊ ဝါခေါင်၊ နတ်တော် (စနေ၊ ကြာသပတေး)
၁၆။
ဂေါ်ဖီတွေလှီးဖြတ်ပြီးပြီလို့ ဘယ်အချိန်ပြောရမလဲ။ ရေစတင်စီးဆင်းမှုနှင့်ကုန်းမြေတဖြည်းဖြည်း
ပေါ်လာပုံမတူကြချေ။ facebook တွင် like မလုပ်သောသူသည် မည်သို့သောလူမျိုးနည်း။
ထမင်းစားချိန် ဝါးပြီးမှမျိုချကြသည်။ ယင်ကောင်တွေ ညဖက်မထွက်ကြ။ သွားကြားထိုးတံမှာ
နာမ်ရှိသည်။ ဘာလဲ အသစ်ဆိုတာ။ ဒီစာကြောင်းထဲက ကလေးငယ်တွေ။ သင့်ရဲ့ အမြင်အာရုံ
ထဲက အဲဒါတွေ။ ဒေါသထွက်တတ်တဲ့ စက်တွေ။ ယောဂီရောင်ဝတ်သူခိုးနဲ့သူခိုးရောင်ဝတ်ယော
ဂီ။ ယင်းအစီရင်ခံစားများအပေါ်မှာမြင်ရတဲ့ အလုံးစုံသော နတ္ထိ။ ရေသန့်ဗူးအတွင်းနံရံထဲကရေ
အစက်သီးတွေနဲ့အပြင်ကရေအစက်သီးတွေကွာခြားသလို။ ဝိသေသတပ်ခံရတဲ့ မိတ်ဆွေ။
ချစ်ခြင်းတရားတွေကို မှုတ်ထုတ်လိုက်တယ်အဲဒီတော့ထပ်ပေးပါအုံး။ ခြအိုကြီးဆိုတာ ရွံရှာဖွယ်
ရာ မိန်းမကြီးဖြစ်တယ်။ စည်းမျဉ်းစည်းကမ်းအခြေပြုအဖွဲ့အစည်းတွေမှာ ငယ်ဘဝလာတာ။
အမြဲဖြစ်ပျက်လို့မရနိုင်တဲ့ ထာဝရတရားနည်းပညာ အချိန်ကာလနားထားခြင်း၊ အတွေးအခေါ်
ခုခံမႈဆိုင္ရာ ဟမ္ဘာဂါ။
၃။
လုပ်ပြီးပြီ။
မလုပ်တတ်ဘူး။
လုပ်တော့မှာ။
ဘယ်လိုလုပ်ရမလဲမသိဘူး။
လုပ်နိုင်မယ်ထင်တယ်။
လုပ်တတ်တယ်။
လုပ်နိုင်မှာပါ။
ဘယ်လိုလုပ်ရမလဲ။
မလုပ်ချင်ဘူး။
လုပ်နိုင်ချင်လိုက်တာ။
လုပ်နိုင်မယ်ထင်တယ်။
၎င်း(3.6.2015)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment