Friday, May 3, 2019

ထရန်စဖော်မာပေါ်က လုပ်ငန်းသုံးဦးထုပ်ရဲ့ အရိပ်ထဲ


==========================
စက္ကူတစ်ရွက်နှင့် သင့်အတွက် ကြောက်ရွံမှုတစ်ခုကို ဖန်တီးလိုက်သည်၊ ကြောက်
ရွံကို အခုစတင်ဖြစ်နိုင်ပါပြီ၊ ဒါမှမဟုတ် သင့်ကြောက်ရွံမှု စစ်စစ်တစ်ခုဖြစ်စေဖို့ ကိုယ်
ကိုကိုယ် အကူအညီပေးနိုင်ပါသည်။ အတည်ပြုပြီးသား ဇစ်တစ်ခုရဲ့ ရှာဖွေမှုထဲက
မှုတ်ထုတ်လိုက်သော ခွင့်ပြုမှုဆန်ဆန် လက်ကိုင်ကွင်း ဆံပင်ထဲ ပျံ့လွင့်နေသော
အိပ်မက်အလွန်အရှိတရားတွေသည် အမှန်တရားမတိုင်မီ အမှန်တရားတစ်ခု၏ တ
ည်ရှိနေသော ကွယ်ပျောက်မှုဆိုင်ရာ အတတ်ပညာနှင့်အတူ ခေါင်းအုံးထဲ ရွာချနေေ
သာ သန်းမိုးတွေကို သိမှု၏ ရှစ်ဆင့်မြောက် အသိတရားထဲမှာ မရှာဖွေဘဲ တည်ေ
ဆာက်ခြင်း ခံထားရသည်၊ သို့တည်းမဟုတ် စစ်မှန်သောအတုအယောင်ထဲက အတု
တွေလို ပျော်ရွှင်စွာဝတ်ဆင်ခဲ့ကြ၏၊ အခုသော ကြောက်ရွံ့မှုရဲ့ မိတ္တူအတုကို ချိတ်ဆ
က်ထားမှုကနေ တစ်ဆင့် အာထဲက မြောက်များစွာခဲ့သော  ပြောင်းလဲမှု မင်ရည်ထဲမှ
လူသားဖြစ်မှု ပေါက်လာသော အနီရောင်လေးထောင့် ရရှိမှု လွင့်ပြယ်သော အ,အရှိ
တရား၊ ၏

၎င်း (1/3.5.2019)

No comments: