===================
ရယ်မောပျော်ရွှင်ဖွယ်ရာသည် သင်တို့၏ ပေါ်လစီဆိုလျှင် စိမ်းမြမြကျောက်တိုင်တွေ
သည် လေထုထဲ မျောလွင့်နေသော အဆင့်တစ်ခုပါပဲ။ မှတ်တမ်းမှတ်ရာတွေအရေ
တာ့ မောင်းနှင်နေချိန် ရွေ့လျားမှုရဲ့ အကန့်အသတ်အချိန်တွေသည် ပြန်လည်ပြင်ဆင်
ခဲ့ရသော အမှန်တရားတစ်အခုသာဖြစ်၏။ နောက်ပြန်လှည့်ကြည့်သင့်ပါသည်။ သင်
တို့၏ ယောင်ရမ်းနေသော သွားအတွင်းသားထဲမှာပေါ့။ ပွတ်ချေဖြစ်ခဲ့လိမ့်မည့် ကမ္ဘာ
သည် အောက်ကမြစ်ဆန်သော ညပ်ပြီးသား သွားကြားထဲမှ ဓအောက်ခြိုက်အလွန်
က အိပ်မက်ဖမ်းဆန် လမ်းခွဲတွေ၊ သိပြီးသား မသိခြင်းတွေကို သိရှိဖို့ အဲဒီ ဒဏ္ဍာရီ
၏ ဘလက်ဟိုးထဲမှပင် ဖြစ်သည်။ ဂြိုလ်သားတွေ သင့်ကို ထိန်းချုပ်ထားပြီဆိုတာ သိနိုင်မည့် နီတန်းဒိုးဂိမ်းနှင့် ဝါရှင်တန်ကျောက်တိုင်ကြားက အဆက်အစပ်ထဲမှနေ
တူညီသော နံပါတ်များကို မကြာခဏတွေ့တတ်တဲ့ စကြဝဠာထဲသို့ ဦးတည်ခုတ်မော
င်းနေနိုင်မည့် သို့မဟုတ်တွေသာပင်တည်း။ အဲလို ကတိပေးထားသည့် ပျောက်ကွယ်
မှုတွေသည် Rupa Nui လူမျိုးများ၏ အသွေးထဲကနေ ခန့်မှန်းတွက်ဆချက် တစ်ခုသာ
သာဖြစ်၏။ လေ့လာတင်ပြချက်များအရတော့ နောက်ဆုံးသော ကမ္ဘာသည် လွန်ခဲ့
သော ၃ မိနစ်က ဘေးနားမှဖြတ်သွားသည်ဟုလည်း ကောက်ချက်ချထားသည်။ မြို့
တော်ဟာ သင့်ကို လွယ်ပိုးရင်း သူ့ရဲ့အမြစ်တွေထဲ သူကိုယ်တိုင် သင်ဖြစ်စေဖို့ သူ့ကို ရုန်းကန်ခဲ့ရသော ဖြစ်စဉ်ကွဲပေါ့၊ အစစ်အမှန်ကတော့ သယ်ဆောင်ထားပြီးသား ရတ
နာသည် မည်သည့်အခါမျှ သက်သေမရှိဖြစ်နိုင်ချေပါပဲ။ သုံးစွဲခဲ့မှုမှာတော့ ဖြစ်တန်စွမ်း
နှင့် ဖြစ်နိုင်စွမ်း ရွေ့လျားနာကျင်မှုတွေသည် တကယ်ထိရောက်နိုင်သော အကြောင်း
အရင်း၏ အလွန်ပြောင်းပြန် အနေအထားမှ ဘေးထွက်ဆိုးကျိုးလုံးဝမရှိသော ပျောက်
ကွယ်မှု တစ်ရပ်ကို တရစပ်ပုံသွင်းထားသလို အာမခံထားသည်။
၎င်း (4.5.2019)
No comments:
Post a Comment