Saturday, May 25, 2019
အလုံပိတ် ငှက်သေတ္တာ၏ အချိန်
==============
ကျနော့မှာ ကလေးရှိကြောင်း သိခဲ့တာ အခုကနေ ပြန်ရေတွက်ရရင် လွန်ခဲ့တဲ့ ဆယ်စုနှစ်နှစ်စုစာကပါပဲ။ အဲဒီကလေးက ရှိခဲ့တာလား၊ ရှိနေတာလား၊ ရှိလာမှာလား သိပ်တော့မသဲကွဲခဲ့ဘူး။ ဒီလိုပဲ အခုထက်ထိ နားမလည်သေးတဲ့ အဖိုအမကြားက ဆက်နွယ်မှုကို လွန်ခဲ့တဲ့ ဆယ်နှစ်ဝန်းကျင်က ကျနော်သိတဲ့သူက သူကိုယ်တိုင်မသိတဲ့၊ ကျနော်လည်း သေချာမသိတဲ့ အကြောင်းကို သေချာပေါက် အတိအကျလာပြောတယ်။ အကန့်အသတ်ရှိတဲ့ မသိခြင်းက ကျနော့်ကို သေချာပေါက်သိပေါက်သိနေတာမျိုးပေါ့။ ရာစုနှစ် ၂ စုကြာပြီးတော့ ကျနော့အသက် ၁၀ နှစ်ပြည့်
ခဲ့တယ်။ အဲဒီအချိန် အမေ့ကို ကျနော် ထိန်းကျောင်းနေရတုန်းပါပဲ။ ဘာလို့လဲဆိုေ
တာ့ ကျနော့်ထက် နှစ် ၂၀ လောက်ငယ်နေသေးတယ်လေ။ အုတ်စီသလို ခင်း
ထားတဲ့ နုပျိုလတ်ဆတ်နေသော အိုမင်းမစွမ်းမှုကို ၃ နှစ်သားမှာ ရှာဖွေတွေ့ရှိခဲ့တ
ယ်။ အဲဒါက လွဲရင် ကျန်တဲ့ အချိန်တွေက မိန်းမရဲ့ ကလေးကို ပြုစုခဲ့ပါတယ်။ သူ
ကတော့ ကျနော်ဟာ သီးခြားကျနော်ရှိတဲ့ အကြောင်းကို တစ်စုံတစ်ရာအမှီပြုပြီး
အသိပေးပြောကြားပေမယ့် အခုအချိန်အထိ သူ့ကို ကျနော် မမြင်ဖူးသေးဘူး။
ကျနော့ ကလေးကို နို့ဗူး ကုန်သွားကြောင်း အချက်ပေးလိုက်တော့ ကျနော့ အတွ
က် နို့ဗူးအသစ်လဲရင်း အနှီးကို အသစ်ပြန်လဲပေးမယ်။ ပထမအကြိမ် ကျနော်သေ
ခဲ့တုန်းက လေလုံးဝမတိုက်တာ သတိထားမိတယ်။ အဲဒီအချိန်က သေဆုံးနေတဲ့
အခါလည်းဖြစ်နိုင်တယ်လေ။ အချိန်တစ်ခုရဲ့ လုံးဝန်းတဲ့ လည်ပတ်မှုအတွင်းမှာ
အဖက်ဖက်က ထိုးထိမိသမျှ အရာတွေဟာ ဖွင့်ထားတဲ့ ပြတင်းပေါက်ရဲ့ကျီးဘောင်
ကနေ ကျော်လွန်နေသော အမှတ်အသားတွေပါပဲ။ တစ်ခါတရံ ပျံ့လွင့်နေတဲ့ လှိုင်း
တွေလိုမျိုး၊ ရပ်တန့်နေတဲ့ မြက်ပင်ရဲ့ အလျားလိုမျိုးရှိသတဲ့။ ပျော်ဝင်နေတဲ့ ဟောဒီ
အသံထဲမှာ ဒုတိယအကြိမ်ထပ်မံသေဆုံးခဲ့တယ်။
၎င်း (5/4, 25/5.2019)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment