Thursday, October 30, 2014

သားပိုက်ကောင်အားရေခဲမုန့်ကျွေးခြငး=======်(၄)




ပိုက်ဆံဘယ်လောက်သုံးသုံး ပြဿနာမရှိပါဘူးလို့ပြောတဲ့အရာအစီအစဉ်ကို လှမ်းခုန်လိုက်လက်ဖြင့်ပြတဲ့ငြိမ်းချမ်းရေးသင်္ကေတအပျိုပေါက်
လို့ခေါ်ဆိုတဲ့ ကားမျိုးထိုင်းကစတင်တဲ့ လက်သုံးချောင်းထောင်မှုရဲ့ ကောင်းပါပြီပီဇာ ဆီဇာရီယန်ဖြစ်တဲ့ကိစ္စ ဗီယက်နမ်နိုင်ငံကငုယင်နာမည်ပါတဲ့
လူဦးရေ ရာခိုင်နှုန်းမှာ ဘီကီနီတွေစတင်ပေါ်ပေါက်လာတဲ့နှစ်မှာ ဘီကီနီရဲ့မူရင်းဘာသာစကားနဲ့ အခေါ်တူဝတ်စုံကွဲတဲ့ ဘီကီနီတွေရဲ့သမိုင်းကြောင်း
လိမ္မော်ပင်ကို ပန်းသီးပင်လို့မှားပြောတဲ့သူကိုခေါ်တဲ့ဘာသာဗေဒ သိပြီး သား လာခဲ့ မယ် လမ်းလျှောက်လို့
ရှင်သန်မှုနဲ့သေဆုံးမှုကြားမှာ ရှိနေတဲ့ဘယ်လိုမျိုးတွေ က မျက်တောင်တုတွေတပ်ပြီး  ကုတ်မှုဗေဒသစ်ကိုစောင့်မျှော်နေတယ် ဒီတော့ ဂျိုကာက Batman
ကိုပြောတဲ့ အလွယ်ကူဆုံးကြက်ဥအခွံနွာနည်းစနစ်တစ်ခု မိုဟီကန်ဆံပင်ပုံစံထားတဲ့ရှေးဟောင်းပန်းချီကားတစ်ချပ်မှာ
ပြောခဲ့တယ် ပြည့်စုံတဲ့ဖန်ခွက်တစ်ခုရဲ့အလယ်ပိုင်းကျရောက်တတ်တဲ့ မေးခွန်းတွေမနှိပ်စက်ခင် ဥရောပရုပ်သံတွေမှာမြင်ရတတ်တဲ့ လေပြင်းမုန်တိုင်း
တိုက်ခတ်မှုအတိုင်း Mark Rothko 196 လက်ခုပ်သံတွေက အိပ်မပျော်ရောဂါဖြစ်လို့ အဲဒီဂျာနယ်ကို လင်းပိုင်ထိပ်ကနေ မျက်မမြင်ဘောလုံးကစားနည်း
အခုကြည့်နေတဲ့ ဓါတ်ပုံကနေ မင်းကြီးမင်းလေးတို့ရဲ့ပွဲတော်ကနေ အဓိပ္ပါယ်တွေထွက်ကျလာတယ် မကြောက်ဘူး ဖဲချပ်တွေကို စားပွဲပေါ်မှောက်ထား
(20.10.2014)
လိုက်တယ် လိုက်သော လိုက်ကာ လိုက်မယ် လိုက်ခဲ့ လိုက်တွေ လိုက်မလို့ လိုက်ပါလား လိုက်လေ လိုက်ချင် လိုက်
ရေသန့်ဘူးအဖုံးက အပြာရောင် သူ့မှာ ရေ၅ပုံ ၂ပုံပဲရှိတယ် အိပ်နေတယ် အခုလာနေတဲ့မီတာနှုန်းက ၂၂၀ဗို့အားရှိတယ်  အများရှေ့တွင်
ဥပုပ်နေ့က ဘုရားမှာ တံမြက်စည်းလှဲပေးနေတဲ့အမျိုးသမီးတွေ ဖျော်ရည်ဖျော်စက်ထဲက အရည်တွေကိုခေါက်ချလိုက်တယ် အချိန်တွေရောက်လာပြီ
30 Seconds to Mars ရဲ့ ဟာရီကိန်းက HANS ULRICH OBRITST & RIRKRIT TIRAVANIJA တို့ရဲ့ ဟာရီကိန်းထဲဝင်ပြီး မြေထဲပင်လယ်မှာရှိနေတဲ့ ဟာရီကိန်းကိုတိုက်ခတ်သည်
လဒ်တွီကျူ ၈၉၉၉၇ လောင်တွီကျူ ၆၈၇၆၅၇၆၅မှာရှိနေတဲ့ ဒီကဗျာက စာသားတွေကို မုဒိမ်းကျင့်လိုက်တယ် ဖန်ဆင်းရှင်က
အာလူးစားတဲ့သူတွေလက်ထဲက အာလူးတွေကိုလုစားပြီး ဒါလီရဲ့နာရီကို ကြည့် အသံတွေမပါဘူး ဘာမှမပါဘဲ ဒင်္ဂါးပြားဒေါင်လိုက်ကျရင်စာကျက်မယ်
စန္ဒယားတစ်လုံးရွှေ့တော့မယ်ဆိုရင် အများက ထိုင်ခုံကိုသယ်ဖို့ပဲ စိတ်ကူးကြ၏ ပင်လယ်ကိုအမြှပ်တွေထွက်အောင် ထည့်ထားတဲ့ ဆပ်ပြာတုံးက
ဘယ်လောက်ကြီးလဲ
ငါတို့ဟာမနေ့က ကလေးတွေဖြစ်ကြတယ်
သန့်ရှင်းသောဝိညာဉ်တော်ကိုကြောင်ဝါကြီးစားလိုက်တယ် မိဘတွေအတွက်သာ သမက်ကောင်းကောင်းရဖို့ဆုတောင်းသလို မရည်ရွယ်ဘဲစော်ကဲမင်း
ဖြစ်

ရှင် ကျွန်မကို တကယ်ချစ်ရဲ့လား
အင်း
ကျွန်မဟာ ဒီကမ္ဘာပေါ်မှာ အလှဆုံးမိန်းကလေးတစ်ယောက်လို့ ရှင်ထင်လား
အင်း
ကျွန်မနှုတ်ခမ်းလေးတွေကရော၊ နှင်းဆီဖူးလေးတွေလို နူးညံတာပဲလား
အင်း
ရှင်ကလေ၊ သိပ်ချစ်ဖို့ကောင်းတဲ့ စကားလေးတွေကို တော်တော်ပြောတတ်တာပဲနော်

သူက ဘုရားသခင်၊ အမှန်တရားထက် တီဗွီရီမုတ်ကို အမြဲရှာတယ်


(၁) အင်္ဂလန် နိုင်ငံ ရဲ့ ပထမမြောက် ဂျော့ရှ် ဘုရင်မင်းမြတ်ဟာ အင်္ဂလိပ်စကား တစ်လုံးမှ မပြောတတ် ပါဘူး (၂၀) ပါရှားပြည်ကို BC 558 – 529 ထိ စိုးစံခဲ့တဲ့ မဟာဆိုင်းရပ်စ် ဘုရင်ကြီးဟာတစ်နေ့မှာ နေ့ (၁၂) နာရီ ည (၁၂) နာရီ ရှိတယ်လို. ပထမဦးဆုံး ပိုင်းခြားသတ်မှတ်ပေးခဲ့သူပါ ။
... ပစ္စည်းရေတွက်တဲ့ခါမှာလည်း (၁၂) ခု ဒါဇင် ဆိုတာကို စတင်အသုံးပြုစေခဲ့သူပါ (၁၃) ပြင်သစ်ခေါင်းဆောင် တစ်ယောက်ရဲ့ဖြစ်တဲ့ ကာဒီနယ် ရစ်ချယ်လီယူ( ၁၅၈၅ – ၁၆၄၂ ) ဟာ စားပွဲတင်သားလှီးဓါးအ၀ိုင်းကို စတင်အသုံးပြုစေခဲ့တာပါဘာလို.လဲဆိုတော့ ညစာစားသူတွေဟာ သားလှီးဓါး ဦးချွန်တွေနဲ့ သွားကြားထိုး ကြလို.ပါတဲ့ ခင်ဗျာ…။ (၀၄) တတိယမြောက် ကွန်ရက် ဘုရင်ကြီး ဟာ ၀ိုင်းစဘတ်မြို.ကို ၁၁၄၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှာသိမ်းပိုက်နိုင်ခဲ့ပါတယ် ။ အဲလို သိမ်းပိုက်ပြီးနောက်မှာ ဘုရင်ကြီးက မြို့တွင်းရှိ အမျိုးသမီးများ ဘေးကင်းစွာဖြင့်မြို့တွင်းမှထွက်ခွာနိုင်တယ် ။ ထိုသို့ထွက်ခွာရာတွင် မိမိသယ်ဆောင်နိုင်သော မည်သည့်အရာကိုမဆိုသယ်ဆောင်သွားနိုင်သည် … လို့တရားဝင် အမိန့်ကြေငြာခဲ့တယ် ။
အဲဒီ အမျိုးသမီးတွေ ဘာကို သယ်ဆောင်သွားခဲ့တယ်လို့ မိတ်ဆွေတို့ ထင်ပါသလဲ …
သူတို့ရဲ့ လင်ယောက်ျားတွေ ကို ချီပိုးပြီး ခေါ်ထုတ်သွားခဲ့တာပါတဲ့ ခင်ဗျာ …… (၅၆) ဖဲချပ်မှာပါတဲ့ King တွေဟာ သမိုင်းမှာ တကယ်ရှိခဲ့တဲ့ ဘုရင်တွေကို ကိုယ်စားပြုပါတယ် …။ (၆၉) ပါရှားပြည် (အီရန်) ကို ၁၂၉၁ မှ ၁၂၉၅ ထိ စိုးစံခဲ့တဲ့ ကန်ဂျာတူး ဘုရင်ကို သူ.ရဲ့ တိုင်းသူပြည်သားတွေကနန်းချပြီး လည်မျို ညစ်သတ်တာခံခဲ့ရပါတယ်။ ဘာကြောင့်လည်းဆိုတော့ သူက ငွေစက္ကူကို စတင်အသုံးပြုဖို. စီစဉ်ခဲ့တဲ့အတွက်ပဲ ဖြစ်ပါတယ် ။ (၇) ပရပ်ရှား ပြည်က မြို့စားကြီးအဲလ်ဘတ်နဲ့ မြို့စားကတော် အန်နာမာရီယာ တို့ကိုတစ်နှစ်ထဲ တစ်လထဲ တစ်ချိန်ထဲ ၁၅၀၁ ခုနှစ် မေလ (၂၀) ရက်နေ့မှာ မွေးဖွားခဲ့ပါတယ် ။မွေးဖွားတဲ့ အချိန်နာရီကလည်း အတူတူပါပဲတဲ့ ။ သေဆုံးတဲ့အခါမှာလည်း တစ်နှစ်ထဲ တစ်လ ထဲ တစ်နေ့ထဲပါပဲ … ၁၅၆၈ ခုနှစ် မတ်လ (၂၀) ရက်နေ့မှာ သေဆုံးခဲ့ပါတယ်။ သေဆုံးချိန်ကလည်း အတူတူပါတဲ့ (၈) ပြင်သစ်ပြည်ရဲ့ အဌမမြောက် ချားလ်စ် ဘုရင်(၁၄၇၀ – ၁၄၉၈) ဟာ အဆိပ်ခတ်ခံရမှာ အလွန်ကြောက်တဲ့အတွက် အစားသောက်ကို နည်းနည်းလေးပဲ စားခဲ့တဲ့အတွက် အာဟာရချို့တဲ့ပြီး
သေဆုံးခဲ့ရပါတယ်တဲ့ … (၈၉) ရုရှားပြည်ရဲ့ ဧကရီဘုရင်မ ပထမမြောက် အယ်လစ်ဇဘတ် (၁၇၀၉ – ၁၇၆၁) ဟာ အမှောင်ကို
အလွန်ကြောက်တဲ့အတွက် နေ့ခင်းဘက်မှာသာ အိပ်စက်ခြင်းပြုပါတယ်တဲ့ …

(၁၀၁) ကမ္ဘာ့အဆိုးယုတ်ဆုံးအမျိုးသမီးအကြောင်း မိတ်ဆွေတို့ကြားဖူးလား မသိဘူး …
အာရှမိုင်းနား ရှိ ကတ်စပါဒိုစီးယား ရဲ့ မိဘုရား လာအိုဒိုက်စ် ဟာ သူမရဲ့ ခင်ပွန်းကို
စတုတ္ထမြောက် အရိယရသီ ဘုရင်အဖြစ် နန်းတင်ဖို့အတွက် သူမရဲ့ သားအရင်းခေါက်ခေါက်
ငါးယောက်ကို သုတ်သင်သတ်ဖြတ်ခဲ့ပါတယ် ။ သူမ ရဲ့ ဆဌမမြောက် သားကတော့
ထွက်ပြေးလွတ်မြောက်ခဲ့ပြီး အဲဒီသားတော် ဘုရင်ဖြစ်လာတဲ့ အခါမှာ နန်းတက်ဘိသိတ်ခံပွဲလုပ်တဲ့နေ့မှာပဲ ….
သူ့မယ်တော်ကို သေဒဏ်ပေးခဲ့ပါတယ် ။
ဒါဟာ သမိုင်းမှာ အဆိုးယုတ်ဆုံးအမျိုးသမီးတစ်ယောက်ရဲ့ မှတ်တမ်းပါ …

မည်သူမဆို ညစ်ညမ်းသောစာအုပ်၊ စာအုပ်ငယ်၊ စာရွက်စာတမ်း၊ ရေးဆွဲသောပုံ၊ ပန်းချီကား၊ ပုံသဏ္ဌာန်ရုပ်ပုံတစ်မျိုးမျိုးကို သို့တည်းမဟုတ် ညစ်ညမ်းသောအရာဝတ္ထုကို ရောင်းခြင်း၊ ထုတ်ငှားခြင်း၊ ဝေငှခြင်း၊ အများပြည်သူတို့ မြင်သာအောင်ပြခြင်း၊ တစ်ခုခုကိုပြုလျှင် သို့တည်းမဟုတ် နည်းတစ်မျိုးမျိုးဖြင့် ဖြန့်ချိခြင်းပြုလျှင်သို့တည်း မဟုတ်ရောင်းခြင်း၊ ထုတ်ငှားခြင်း၊ ဝေငှခြင်း၊ အများပြည်သူတို့မြင်သာအောင်ပြခြင်း၊ ဖြန့်ချိခြင်းကိစ္စတစ်ခုခုအလို့ငှာ ပြု လျှင် သို့တည်းမဟုတ် ထုတ်လုပ်လျှင် သို့ တည်းမဟုတ် လက်ရှိထားလျှင် ဤပုဒ်မအရ ပြစ်မှုမြောက်သော ပြုလုပ်မှုတစ်ခုခုကိုပြုရန် ကမ်းလှမ်းလျှင် သို့တည်းမဟုတ် အားထုတ်လျှင် ထိုသူကို သုံးလအထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဖြစ်ကြောင်း ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၉၂ အရ သိရသည်။
ထို့အတူ မည်သူမဆို တစ်ဆက်တည်းဖြစ်သော အထက်ပုဒ်မတွင် ဖော်ပြထားသည့် ညစ်ညမ်းသောအရာဝတ္ထုတစ်ခုခုကို အသက် ၂ဝ မပြည့်သေးသောသူ တစ်ဦးတစ်ယောက်သို့ ရောင်းခြင်း၊ ထုတ်ငှားခြင်း၊ ဝေငှခြင်း၊ ပြခြင်း၊ ဖြန့်ချိခြင်းတစ်ခုခုပြုလျှင် သို့တည်းမဟုတ် ထိုသို့ပြုရန် ကမ်းလှမ်းခြင်း၊ အားထုတ်ခြင်း တစ်ခုခုပြုလျှင် ထိုသူကို ခြောက်လအထိ ထိုသို့ အဖွဲ့အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦး ထိခိုက်နစ်နာစေရန်၊ ဂုဏ်သိက္ခာကျဆင်းစေရန် ကာယကံရှင်များမသိဘဲ ခိုးယူရိုက်ကူးကာ အင်တာနက်နှင့် လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်များပေါ်၌ ဖော်ပြခြင်းများသည် အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေအရ အရေးယူခံရနိုင်ကြောင်း သိရသည်။
မည်သူမဆို အဖွဲ့အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးကို ထိခိုက်နစ်နာစေရန်ဖြစ်စေ၊ ဂုဏ်သိက္ခာကျဆင်းစေရန်ဖြစ်၊ သတင်းအချက်အလက်ကို အီလက်ထရွန်နစ်နည်းပညာဖြင့် ပြုလုပ်ခြင်း၊ ပြုပြင်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း၊ ထိုသို့ပြုလုပ်ခြင်း၊ ပြုပြင်ခြင်း သို့မဟုတ် ပြောင်းလဲခြင်းပြုလုပ်ထားသည့် အချက်အလက်ကို ဖြန့်ချိခြင်း စသည့်ပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ထောင်ဒဏ်ငါးနှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် ဖြစ်ကြောင်း အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၄(ဃ)တွင် ပြဌာန်းထားချက်အရ သိရသည်။
ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဖြစ်ကြောင်း ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၃ အရ သိရသည်။



၎င်း(28.10.2014)

No comments: