Thursday, October 30, 2014

we,l,co,me



စကားမစပ် လုံခြုံသွားပြီ စကြာဝဠာထက် အခြားတစ်ဖက်မှာ ငါ အခုအရက်သောက်တော့မယ်
တစ်ကြောင်းတစ်ခုအတွက်အမြင်အာရုံတွေ လမ်းပြမြေပုံနဲ့သဲလွန်စတွေ သွေးလွန်တုန်း ဒီမှာ ကြယ်တွေ ကိုကြည့်
ငါတို့က အစကတည်းက ပျက်စီးနေပြီးသားရပ်တန့်မှုတွေ၊ ရောက်နေတာကိုငါကြည့်ပါ၊ ဘာကိုမှမထိန်းချုပ်ထား
ဘူး နောက်ကြောင်းပြန်လှည့်စရာမလိုတဲ့ နှစ်ပတ်လည်တွေ ပစ္စုပ္ပန်ထဲရောက်လိုက် အတိတ်ရောက်လိုက်
အနာဂတ်ရောက်လိုက် တခြားဝေးကွာမှုရောက်လိုက်နဲ့ ချခင်းထားတဲ့ သစ်ရွက်တွေ ပုံတူပွားနောက်ဆုံးတစ်ခုက
ရယ်ပြီးသား အသံတွေထဲရောသွားလို့ ပူပန်မှုကို ကတိပြုလိုက် အဲဒီပိတ်လှောင်မှုထဲလမ်းလျှောက်ထွက်မလား
မီးဆိုင်းကတွဲကျနေတယ် အာမခံရဖို့ အသိုင်းအ၀န်းတစ်ခု ကော်ဖီခွက်ကိုပုံစံတကျကိုင်ပြီးတစ်နေ့တာထက်ပိုတဲ့
လိုက်ကာ အနီရောင်ကွက်တွေကြားက အရောင်တွေထွက်လာ ပိုမိုအံ့သြဖွယ်ရရာကောင်းတဲ့ အစစ်အမှန်တစ်ခု
စိတ်ကူးယဉ်ဖွယ်ရာ ဖြေဖျောက်မှု ခန္ဓာကိုယ်ကရွေ့လျားသွားတယ် ဘယ်တော့မှမလှုပ်မယှက် ကျောထောက်
အဲဒါကို ဘယ်လောက်အတိုင်းအတာအထိယုံကြည်ရမှာလဲ ကျန်ရှိနေတာတွေဖြစ်အောင်လုပ်တယ် နောက်တစ်ခု
နုတ်တစ်ခုရဲ့ခေါင်းကကိုင်ပြီး အဲဒီကြမ်းပြင်ပေါ်ကို ပွတ်သီပွတ်ကာအကျိုးနဲ့အပြစ်ကို ဘက်ထရီအားသွင်းဖို့
ခဏတဖြုတ်


၎င်း(20.10.2014)

No comments: