Thursday, October 2, 2014

(၁၀)ကားအ၀င်အထွက်ရောင်းရန်ရှိသည်မှာရေရှည်ဖွံ့ဖြိုးတိုးတက်မှု စာရွက်များ ဒီညမှာ သိပ်ငယ်တာ




ချစ်သူရဲ့ရင်သားတွေကို တို့ထိတုန်းက နိစ္စဓူဝ ပုံပြင်တွေစည်းဝါးလိုက်တုန်းက အနန္တစကြာဝဠာ
ကို ထိကရုန်းပင်ကနေ မည်ရွေ့မည်မျှ ဆက်နွယ်မှု လမ်းတုန်းက ဆန့်ကျင်ကန့်ကွက်နှစ်ပင်တိုင်
အဘိဓာန်ကို အဘိဓာန်ထဲရှာကြည့်တုန်းက ခန္ဓာငါးပါးက ပြောတာတွေနားထောင်      စွပ်ပြုတ်
မနက်စာ ဂျူးလိယက်နဲ့အတူပန်းခြံထဲ စကိတ်စီးနေတဲ့ စကတ်တိုတိုလေးလေ  လာဒါ
ညာစာ အာကာ အာပလာ  ဗန်ဒါ ပေါ်ထွက်လာပြီး  အနှစ်ချုပ်နိဂုံးဟာ
ဒါဟာ မစင်အသစ်
ပြီးတော့
ပြန်လာပြီ  ဒုတိယရှာဖွေမှု ပင်အပ်နဲ့တွဲ အိုက်စခရင်နဲ့အောက်လိုင်းတား ကြည်နူးသာယာ
ဒါပေမယ့် ဒီစာသားကို သူမ မမြင်ဖူးဘူး သူမ မရေးဖူးဘူး သူမ မဖတ်ဖူးဘူး
သူမ မစဉ်းစားဖူးဘူး သူမ မကြားဖူးဘူး သူမ မသင်ဖူးဘူး သူမ မစားဖူးဘူး
သူမ မအန်ဖူးဘူး သူမ မပြောဖူးဘူး သူမ မနမ်းဖူးဘူး သူမ မအိပ်ဖူးဘူး သူမ မသောက်
ဖူးဘူး သူမ မထောင်ဖူးဘူး သူမ မဖူးဖူးဘူး သူမ မမှုတ်ဖူးဘူး သူမ မရယ်ဖူးဘူး
သူမ မဆံဖူးဘူး သူမ မသွားဖူးဘူး သူမ မရောက်ဖူးဘူး သူမ မရဖူးဘူး
သူမ မသိဖူးဘူး သူမ မပြေးဖူးဘူး သူမ မဆိုဖူးဘူး သူမ မငိုဖူးဘူး
သူမ မကျူးလွန်ဖူးဘူး သူမ မအော်ဖူးဘူး သူမမချေဖျက်ဖူးဘူး သူမမလှဖူးဘူး
သူမမကုတ်ဖူးဘူး သူမမကျေဖူးဘူး သူမမရပ်ဖူးဘူး သူမမလျက်ဖူးဘူး
သူမမတည်ငြိမ်ဖူးဘူးသူမမလှုပ်ဖူးဘူးသူမဆိုတာမရှိခဲ့ဘူး












၎င်း(26.3.2013)

No comments: