စွန်တစ်ကောင်ဟာ ပျံသန်းနေတယ်။
သူ့အစာကိုတွေ့တယ်။ နောက်စွန်တစ်ကောင်က ၀င်ဖျက်ဖို့
ရစ်ဘီးကိုလှည့်တယ်။ သံကြိုးစာ
သူထိုးသတ်တယ်။ “အို…ဒါ ပျော်ရွှင်မှု အဲဒီအပေါ်တက်
ရောက် ကျဖို့အောက်ကို
အသက်ရှုနှုန်းဟာ စွန်းပေနေတဲ့စွန်တွေကိုလိုက်တယ်။ အဲသလို ညာဘက်
အခုပြန်လှည့်ပြီး မစားရတဲ့အမဲကို
သဲနဲ့ပက် အန်တီကင်ဆာ၊ အင်္ကျီနှင့်လုံချည်ကို အလွယ်တကူ
တွေ့၏။ ဒိုးပတ်ဝိုင်းအတွင်းမှာတော့
နှုတ်ခမ်းနီရဲရဲဆိုးထားသော မင်းသားက ချွေးလုံးသန်စွာ
နှင့်ပင် ကခုန်လာ၏။ တစ်ဇွန်းပြီးတစ်ဇွန်း။
အခုရာသီဥတုမှာပူ၏။ ခြေလှမ်းစ ထွက်၏
ဝဇီရာရုပ်ရှင်ရုံမှ ပြဇာတ်ပိုစတာများ၏
ညှို့ငင်မှုဆီ ရောင်စုံခဲတံဘူးကလေးဝယ်ပေါ့။
ရှမ်းကြိုက်တော့နွားချော။
ရင်ဘတ်တည့်တည့်မှာ သွေးစိုတဲ့လက်ကို ဖိကပ်လို့
ရင်ထိုးကလေး။
ပိုးဟတ်က အိပ်ယာထဲဝင်လာတယ်
မတ်လှိုင်းတစ်ခု၏ နုဒ်အရေအတွက်သည် ၃ဒသမငါးခြောက်
ခွန်ဖြစ်၏။ ဘဲဥပုံလမ်းကြောင်းမှ
ဗုဒ္ဓဟူးဂြိုလ်သည် ရွေ့လျားသွေဖယ်မှုရှိ၏။ ဤလောက
သည် ယူကလစ်လောက
မဟုတ်ပါ။ ယေရှုဆိုတာ ဘယ်သူလဲ။
တစ်ဆွေ့ခုန်၊ ကြက်ဆူသီး ထံ ကွမ်ရင်မယ်တော် နိယံမပြတ် နားပန်းဆံ
တည်ပုဒ် ခြောက်ပေါက်သီချင်း ပွတ်စေတီ ဖော့ဖြူဆေးလိပ် ဖိုးဝရုပ်
ယုဝတီ သာဓုကီဠနသဘင် အထက်ကျော်ကာရီ ယက်သဲ့ ဒိုရာမွန် ခုပ်
ကြောတံ - ရီ - ဘွင်း - ဂျိုက် - ကိုး - ဂိဇ်
- ခွေ့- ဈာ - ဇောက် - တုရင် - တိဟိတ်
ဘုရားဆိုတာ ဘယ်သူလဲ။
နမောတဿကိုရွတ်ဖတ်တာ ဘာကြောင့်လဲ။
ခင်ဗျားအခုဖတ်နေတဲ့ကဗျာကို ရေးတဲ့သူဟာ
အထီးလား/အမလား/သန္ဓေတားဆေးလား။
လူမှုကျင့်ဝတ်ကိုချိုးဖောက်ရင်ဘာဖြစ်နိုင်သလဲ။
ဗံဒါရွက်နဲ့ဗါဒံရွက်က ဘာကွာသလဲ။
ခေါင်းစဉ်ကိုဘယ်လိုပေးမလဲ
ကမ္ဘာကြီးကို
ကွန်ဆက်တွေနဲ့တည်ဆောက်ထားပါသလား
သောကြာနေ့ဆိုတာ ဘယ်မှာလဲ။
ဘာကြောင့်ခေါ်တာလဲ။ ရုပ်နဲ့နာမ်ဘာကွာလဲ
ဘာသာစကားမရှိခဲ့ရင်
နိဗ္ဗာန်ကိုဘယ်လိုရှင်းပြကြမလဲ
ဤအရာသည် ကဗျာလား။
တစ်ဟာဘာကြောင့်တစ်ဖြစ်ရတာလဲ။
စိတ်၏ဖြစ်စဉ်ကိုရှင်းပြဖူးလား။
ပရမတ်တရားဆိုတာ ဘာလဲ။
မာရ်နတ်က ဘာကြောင့်မာရ်နတ်ဖြစ်ရတာလဲ။
မာရ်နတ်ဆိုတာဘာလဲ။
ခြေဆေးနေတဲ့ကြားက
မတ်တာဖာကိုရွေးချယ်ထည့်တော့ ရာနှုန်းပြည့်ညီမျှခြင်းတွေ
၎င်း(26.3.2013)
No comments:
Post a Comment