အရောင်းသမားကောင်လေးက သူ့ရဲ့
ပစ္စည်းတွေ တင်ရောင်းရာလှေကားထစ်
ပုံ စင်ကို တစ်ထစ်ချင်းဆီ ပြောင်စင်
အောင် အဝတ်တစ်ခုနဲ့ ပွတ်တိုက်နေတယ်
ပထမ အထစ်ကစလို့
အောက်ဆုံး အထစ်အထိ
အောက်ဆုံးအထစ်ကစလို့
ပထမဆုံး အထစ်အထိ
အပြန်ပြန်အလှန်လှန် သုတ်နေတယ်
သူ ဘာလုပ်နေလဲ သွားမေးရင်
ဖုန်သုတ်နေတယ်ပဲ ပြန်ဖြေမှာပေါ့
၎င်း (11.1.2016)
No comments:
Post a Comment