Monday, January 25, 2016

အတွင်းအပြင်အဖြစ်အပျက်



လူစည်ကားတဲ့ နေရာတစ်ခုရဲ့
အဆောက်အဦးအခန်းလွတ်တစ်ခုမှာ
အဆောက်အဦးရဲ့အပြင်ကိုမြင်ရစေဖို့
အရပ်လေးမျက်နှာမှာ ကင်မရာတစ်ခုစီ
၎လုံး တပ်လိုက်မယ်
ပြီးတော့ အခန်းထဲမှာ တိုက်ရိုက်ကြည့်လို့ရအောင်
တီဗွီတွေချိတ်ဆက်ပြသမယ်
အပြင်မှာ
နေရာအမျိုးမျိုးကလာတဲ့
အရောင်အမျိုးမျိုး၊
လူအမျိုးမျိုး၊ အရွယ်အမျိုးမျိုး၊
အကြောင်းအရာအမျိုးမျိုး၊
ပြုမူပုံအမျိုးမျိုး လှုပ်ရှားနေကြတဲ့
လူတွေ၊ အရာဝတ္ထုတွေ၊ သတ္တဝါတွေ
သက်ရှိ၊ သက်မဲ့တွေရဲ့ အဖြစ်အပျက်တွေကို
အခန်းထဲကနေ
ကြည့်ခွင့်ရမယ်
အပြင်က အချိန်နဲ့တပြေးညီဖြစ်ပျက်နေတာတွေကို
စောင့်ကြည့်နေတဲ့ အခန်းတွင်းက လူတွေကိုလည်း
ကင်မရာနဲ့ အမြင့်က လွှမ်းခြုံရိုက်ကူးပြီး
အပြင်က လူတွေတိုက်ရိုက်ကြည့်ခွင့်ရအောင်
အဆောက်အဦးအပြင် အရပ် ၄မျက်နှာမှာ
တီဗွီကြီးတွေနဲ့ ပြထားမယ်
အကုန်လုံးကြည့်နိုင်သလောက်အထိ

၎င်း (25.1.2016)

No comments: